8/03/2009

အလွမ်းကလေး


ချန်းချန်း မနှစ်ကပြန်တုန်းက
ကန်တော်ကြီးထဲက ခွေးသေးပန်းတွေခူးပြီး
ပန်းလက်ဆောင်ပေးနေတာလေ..။။



ချန်းကို တစ်ယောက်တည်း သူ့အဖွားအိမ် လွှတ်လိုက်တာဟာ
ကောင်းတာလား ဆိုးတာလားတော့ မဝေခွဲတတ်ဘူး။။
သူကလဲ ပျော်တယ်..။။ ကိုယ်ကလဲ သွားဖို့ အားပေးတော့ သွားဖြစ်တာပေါ့။။
ဒီက ငှက်လှောင်အိမ်လို ကျူရှင်မှာ တစ်နေကုန် စာအုပ်ဖတ်လိုက် ။
နောင်နှစ်အတွက် လေ့ကျင့်ခန်းလုပ်လိုက် ။ကလေး အချင်းချင်း ဖဲကစားလိုက် ။
ဂိမ်းကစားလိုက်။ အိပ်ဖို့ အချိန်သတ်မှတ်ထားချိန်မှာ မအိပ်ချင်ပဲ မျက်စိမှိတ် အိပ်လိုက်ရနဲ့
သူ တော်တော် စိတ်ညစ်ရပါတယ်။။

အခုတော့ ဖုန်းဆက်တိုင်းကြားရတဲ့ သူ့အသံ လွင်လွင်လေးက သူ့ရဲ့ ပျော်ရွှင်မှုကို
ဖေါ်ပြနေပါတယ်။ ``မားရေ...ဒီနေ့ ဘာသာရေးကျောင်းစတက်ရတယ်...
တခြားကလေးတွေက သူ့ကို ၀ိုင်းကြည့်ကြတယ် ..ကလေးမလေးတစ်ယောက်က
သူ့ကို အရူးမ လို့ စတယ်( ချန်းက အရူးမဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်ပါတယ်)
သူ မြန်မာစကားမတတ်ဘူးထင်လို့..တဲ့ တချို့ကလေးတွေက သူ့ကို မုန့်ကျွေးတယ်..``
ဘာညာပေါ့..။။


မနေ့ကတော့ သူ မိတ္ထီလာ သွားလည်ကြောင်းပြောပြပါတယ်။။ မိတ္ထီလာကို ကောင်းကောင်းပြောတတ်နေပါတယ်။။
သူ အခုချိန်ထိ ကန်တော်ကြီး မရောက်သေးကြောင်းကို ကျနော့်ကိုပြောနေပါသေးတယ်။။ ကျနော်နဲ့ ဆို
မနက်တိုင်း ကန်တော်လေး ကန်တော်ကြီးဖက် စက်ဘီးစီး လိုက်နေကျမို့လေ။


ဒီနေ့ ဘယ်လိုဖြစ်တယ်မသိ ချန်းကို တော်တော် လွမ်းနေတယ်။။ ( သွားတာဖြင့် ကြာလှပြီ အခုမှ လွမ်းတာ
ဘယ်လို အမေလဲ လို့ မမေးလိုက်ပါနဲ့ ။ ဒီလို အမေပါပဲလေ..အဟိ)
နေ့လည်စာ အိမ်မှာစားပြီး အိမ်အလုပ်တွေ စုပြုံလုပ်ပြီး ညနေပိုင်းတစ်ယောက်တည်း
အပြင်ကို ထွက်လာရတော့ ရင်မှာ တော်တော် ဟာတာတာနိင်ပါတယ်။။
ရင်မှာ ဟာနေတယ်...။။




20 comments:

  1. ကိုယ်ရှိတယ် ယောင်းမ၊ လွမ်းရင် ဖုန်းဆက်လိုက်၊ ချန်းထက် နှစ်ဆလောက် ချွဲပေးမယ်၊ အဟတ်

    ဓာတ်ပုံလေး သဘောကျလိုက်တာကွယ်.... ချစ်ဖို့ကောင်းတယ်

    ReplyDelete
  2. ပေါက်လွမ်းနေတာ ကြာပါပြီလေ...........

    ReplyDelete
  3. ချန်းချန်းက အဖွားအိမ်ပြန်လည်နေတာကိုး.. ချန်းတော့ ပျော်နေမှာပဲ.. မားပေါက် တော့ သနားပါတယ်.. :)

    ReplyDelete
  4. နုစံကိုဝင်တိုက်မိသွားလို့ဘယ်များနာသွားလဲပြန်လာကြည့်တာ ဥံဖွ

    ReplyDelete
  5. ပေါက် သနားပါတယ်။ တောင့်ထား..ပြန်လာတော့မှာမဟုတ်လား။
    mm

    ReplyDelete
  6. မိခင်တယောက်ရံ့ခံစားချက်ကိုနားလည်ပါတယ်... လွမ်းရှာမှာပေါ့.... သူ့ကိုလွမ်းတဲ့အခါ... အဖွားကိုချွဲနွဲ့ပျော်ရွှင်နေမဲ့ချန်းရဲ့မျက်နှာလေးကို မြင်ယောင်ကြည့်ပြီး အလွမ်းဖြေကြည့်ပါလား...

    ReplyDelete
  7. ခွေးသေးပန်းအရွက်ကို အရည်ညှစ်သောက်ရင် ချောင်းဆိုးပျောက်တယ် လို့ကြားဖူးတယ်..

    လွမ်းရင် တို့ဆီလည်း ဖုန်းဆက်ပါ..
    သူဟိုမှာပျော်နေတယ်ဆိုတော့ ကောင်းတယ်လို့တွေးလိုက်ပါ..
    ပေါက်ဆီကပြန်လာမှာပဲဟာ..

    ReplyDelete
  8. ပေါက် လွမ်းနေလောက်တယ်လို့တောင်တွေးနေတာ...။
    ချန်းသွားတုံးက လာကြိုတဲ့လူနဲ့လွဲပြီး အဖော်အန်တီနဲ့လိုက်သွားလို့ ဖုန်းဆက်မေးရတာ .. အဲဒီတုံးက မဟုတ်လား...။မမတို့ စီပုံးမှာ မှာ ပြောနေတာလေ လုံးမူတို့ စထရတို့နဲ့..။
    မနေ့ကလည်း မီးပူတိုက်၊ အိမ်အလုပ်တွေရှုပ်အောင်လုပ်ပြီး စိတ်ဖြေနေရရှာတယ်. ပေါက် သနားပါတယ်..။
    ချန်းကိုလွှတ်လိုက်တာ မှန်ပါတယ်.. ပေါက်လွမ်းနေပေမယ့် သူ့စိတ် အပြောင်းအလဲဖြစ်တာပေါ့၊ သူပျော်နေတာပဲဟာ...။
    ပြန်လာတော့မယ် တောင့်ထားပေါက်.....၊

    ReplyDelete
  9. ပေါက်...
    ချန်းချန်းကို လွမ်းတာဘဲ...လွမ်းရတာ တန်ပါတယ်...။
    အလွမ်းဆိုတဲ့ ဝေဒနာက စာလုံးပေါင်းရင်တောင် ရင်ထဲကနာ ပေမယ့်..
    လွမ်းလောက်သူကို လွမ်းရတာ တန်ပါတယ်..။
    လွမ်းနေတာ ကိုယ်ချင်းစာပေမယ့်...
    လွမ်းခွင့်ရတုန်း လွမ်းပလိုက်...။
    အလွမ်းဆိုတဲ့ ဝေဒနာကို မခံစားတတ်ရင်
    ဘ၀ဆိုတာ ပေါ့ရွှတ်ရွှတ်ကြီး..။
    ကျနော်ဆို တခါတခါ ငယ်ငယ်က ကြိုးပြတ်ပြီး ဝေးသွားတဲ့  လေတံခွန်လေးကို လွမ်းမိရင်
    ထမင်းတောင် မစားနိုင်တော့ဘူး...။
    ( အိပ်ကာနီးမှ ခေါက်ဆွဲကြော် ၂ပွဲလောက်ဘဲ စားတာ)

    ချန်းချန်းပြန်လာရင် ပို့ စ်တခုရေးဦးနော်..။

    ReplyDelete
  10. မနက်က လမ်းလျှောက်ရင်း ပန်းလေးတွေတွေ့လို့ ချန်းလက်ထဲက ပန်းလေးတွေလို့ သတိရသေး။

    ReplyDelete
  11. မြူးတဲ့သီချင်းတွေ ရွေးနားထောင်ပြီး အော်ဆိုပစ်လိုက် ပေါက်... အလွမ်းသက်သာအောင်...

    ချန်းလေးက အရမ်းချစ်ဖို့ကောင်းတယ်ကွယ်... ဟိုမှာ လွတ်လွတ်လပ်လပ် သူပျော်နေရှာတာ..

    LYSS:

    ReplyDelete
  12. ကိုယ်ချင်းစာတယ်… အမ ခုနေမကောင်းလို့  သားကို သူ့ အဖေနဲ့ ကျောင်းသွားခိုင်း.. ပြီးတော့ ကိုယ့်ဆီက ကူးမှာကြောက်လို့  အနေခပ်ဝေးဝေးနေတာ တအိမ်ထဲနေပြီး သားကို လွမ်းလိုက်တာ… သား ချန်းအရွယ်ရောက်ရင် အဲလိုပဲ သူ့ ဖိုးဖိုးဖွားဖွားတွေဆီ တယောက်ထဲ ပြန်လွှတ်မယ်လို့  စိတ်ကူးထားတယ်… ပေါက်လို လွမ်းနေဦးတော့မှာ… ချန်းဘယ်တော့ ပြန်လာမှာလဲ… လွမ်းရင် အမဆီ အီးမေးလ်ပို့ လိုက်နော်…

    ReplyDelete
  13. မေ..
    မေ..
    မေ...ရှိနေလို့တော်သေးတယ်..

    မမ သိပ်နားလည်တယ်..ကျနော့်အလွမ်းတွေကို။။

    မနုစံ ပို့အသစ်မရေးတော့ဘူးလား..
    အလုပ်တွေ ရှုပ်နေလို့လားး.

    မမ မနုစံက တော်တော် အထိနာသွားတယ်တဲ့..
    ဟိ..

    အမ်အမ်..
    သူ..နောက် ၃ပတ်နေရင် ပြန်လာတော့မှာပါ။။

    မsharon လောက် ကျနော် မချစ်တတ်သေးပါဘူး။။
    မsharon က တော်တော်ချစ်တတ်တာပဲ။။

    မြိုးး...ခွေးသေးပန်းရွက် သောက်ရတယ်လို့တော့ မကြားဖူးသေးဘူး
    နောက်အရွက်တစ်မျိုး၇ှိတယ်..
    နာမည်မေ့နေတယ်။။ ပြန်မေးပေးမယ်။။

    မယ်ဆင်ရေ..
    ကိုဘနဲ့ ပြောနေတာပါ...လေဆိပ်ကြိုတဲ့သူနဲ့ လွှဲနေတယ်ဆိုတာ..
    မမစထရိုက်ကို မတွေ့တာ ကြာပေါ့..

    ကိုသစ်နက်ဆူးရေ..
    မလွမ်းချင်ပါဘူးး..
    ဒီက လွမ်းနိုင်လွန်းလို့ ခက်နေတာ...
    အဟီးး..
    ပြန်လာရင် ပို့စ်တင်ပြောပါ့မယ်..

    မသီတာ..သားကြီး အိမ်စာတွေ လုပ်ပြီးပြီလား..တဲ့..


    LYSS..ကျေးဇူးး
    ဒီမှာ..၁၃...၁၄ကျရင် linkin park
    show ရှိတယ်.. သွားချင်နေတာ..လာမဆွနဲ့နော်..ဟင်းး


    မတန်ခူးရေ..
    သားလေးကိုလဲ မမချန်းချန်းလိုဘဲ..ကျောင်းပိတ်တိုင်း
    အဖိုး အဖွားတွေဆီ ပို့ရက်လို့လားး..
    သေချာစဉ်းစားနော်..
    ဟားဟ
    အားရင် မေးလ်ပို့လိုက်ပါ့မယ်..
    ကျေးဇူး..

    ReplyDelete
  14. သားသမီးရှိတဲ့ သူချင်းမို့ ခံစားနားလည်ပါတယ်။ အိမ်ရဲ့ ဆည်းလည်းလေးတွေပေါ့။ တယောက်တည်း ရှိရင် ပိုဆိုးတယ်။

    ဒါ့ထက် Linkin Park ဆိုလား။ အဟိ စိတ်ဝင်စားစရာ ကောင်းလိုက်ထှာ။

    ReplyDelete
  15. ချန်းကို အဖွားဆီ လွှတ်လိုက်တာကိုး... ဒီကို ဘယ်တော့ လွှတ်မှာလဲ ပေါက်ရေ
    ပေါက်လည်း တခါတလေ တယောက်တည်း holiday ရှိသင့်ပါတယ် ကိုယ်လုပ်ချင်တာလေးတွေ လုပ်ပေါ့ (အပျော် ဈေးဝယ်ထွက်တာမျိုးပေါ့)

    ReplyDelete
  16. ပေါက်ရေ..အလွမ်းကလေး..တဲ့လား..ကလေးအလွမ်းမဟုတ်ဘူးလား..အဲ...အလွမ်း နဲနဲလေးလို့ ပြောချင်တာလား.. ကလေးကို လွမ်းတယ်လို့ ပြောချင်တာလား..လားလားလားလား.. အလွမ်းပြေအောင် လာနောက်သွားတယ်.. တို့လည်း ခုတလော အလုပ်တွေရှုပ်နေလို့ မတွေ့တာကြာလို့..ပေါက်စ်ကိုလည်း လွမ်းစ်စ်စ်..ဘလော့ဂ်က သူငယ်ချင်းတွေကိုလည်း လွမ်းးးးး

    ReplyDelete
  17. တို့လဲ ကူလွမ်းပါရစေ ပေါက်ရယ်။ အမေကို ခွေးသေးပန်း ပေးနေတဲ့ ကလေးလေးကို ချစ်လို့ပါ။

    ReplyDelete
  18. အဲဒီလို လွမ်းစရာတောင် မရှိနိုင်သေးတဲ့ ဘဝပါ အစ်မရယ်။ လွမ်းရတာပဲ ကံကောင်းတယ် မှတ်ပါ။ :)

    ReplyDelete
  19. အော် လွမ်းရတာ ကံကောင်းလိုက်တာ။

    ပြီးတော့ တယောက်တည်း အဘိုး အဘွားတွေဆီ ပြန်ရတဲ့ ကလေးလည်း ကံကောင်းလိုက်တာ။ ကိုယ်ဆို ခုထိ တယောက်တည်း ခရီးမသွားဖူးသေးလို့။

    ReplyDelete
  20. တယောက်ထဲ တောက်လျှောက်လွှတ်လိုက်တာလားပေါက်။ ထရန်စစ်က ဘယ်မှာလဲ။ ကျောင်းက ဘယ်လောက်ပိတ်လို့လဲ။အင်း ကောင်းတော့ ကောင်းသားနော်။ ခခက ပြန်ချင်သားပဲ။ ဟိုတခါ သူ့အဒေါ်ဆီလဲ တယောက်တည်း သူသွားဖူးတယ်မဟုတ်လား။ သတ္တိကောင်းလိုက်တာနော်။

    အမ ခင်မင်းဇော်

    ReplyDelete