7/23/2009

ကြာဇံသုတ်



အရင်က ကြာဇံသုတ်ဆိုတာ တင်ဖူးပါတယ်..
က်ြသားခရမ်းချဉ်
သီးချက်နဲ့..နှမ်းထောင်းဆီနဲ့ မြေပဲဆံထောင်း
ငြုပ်သီးဆီချက် စတာတွေနဲ့ပါ..
အခု..သုတ်တာက..
ဆီလုံးဝမပါပဲ သုတ်နည်းလေးပါ။။
အခုတလော ရာသီဥတု အရမ်းပူတော့
ချဉ်ချဉ်စပ်စပ်လေးတွေပဲ လုပ်စားချင်ပါတယ်.။..



လိုအပ်သော အစာများ..
သံပုရာသီး ။ရှာလကာရည်အနည်းငယ်.။
ကြာညို့အငန်( ပဲငန်ပြာရည်အကြည်)
ကြက်သွန်ဖြူ နုတ်နုတ်စင်း ။ငြုပ်သီးတစ်တောင့်
သကြားအနည်းငယ် နဲ့ နံနံပင်
စတဲ့ အစာတွေကို ပန်းကန်လုံးတစ်ခုထဲ ရောသမမွှေထားပါ
(ကျနော်ကတော့ ခရမ်းချဉ်သီး တစ်ခြမ်းကို နုတ်နုတ်စင်း
ထည့်ဖျော်ထားပါတယ်)
ပြုပ်ပြီးသား ကြာဇံကို ရေအေးနဲ့ ဆေးပြီးရေစစ်ပါ..
ခါဂျက်ဥကို ခြစ်နဲ့ ခြစ်ပြီးရေဆေး။ရေညှစ်ထားပါ။။
ပန်းကန်ပြားအောက်ဆုံးမှာ ဆလပ်ရွက် ခင်းပါ။
ကြာဇံထည့်ပါ...ခါဂျက်ဥအမျှင်ထည့်ပါ..
အပေါ်မှာ..စပ်ထားတဲ့ အချဉ်ရည် လောင်းချပါ..။။
သုံးဆောင်နိုင်ပါပြီ။။

12 comments:

  1. ကြာဇံသုတ် မြင်လို့ လာသုံးဆောင်သွားတယ်ပေါက်ရေ။ မတွေ့ တာတောင်ကြာပေါ့။

    ReplyDelete
  2. သူကလည်း သီချင်းဘယ်လောက်ကြိုက်လဲဆို ကြာဆံသုတ်တာကို သားစိုးနဲ့... ရောသမမွှေတဲ့....။ :P

    ReplyDelete
  3. တယ်ကောင်းပါလားဝေ့

    ReplyDelete
  4. ဟယ်လွယ်လွယ်လေးဘဲ... ဆီမ ပါတော့ကျန်းမာရေးနဲ့လဲညီညွတ်တယ်.... စားမယ်

    ReplyDelete
  5. ချဉ်စပ်တွေ စားချင်နေပါတယ်ဆို။ ကြာဇံသုပ်စားချင်တယ် ပေါက်။

    ReplyDelete
  6. ကြာဇံသုတ် စားချင်တယ်.. ပေါက်.. :)

    ReplyDelete
  7. ယိုးဒယား ပဲကြာဇံသုပ်နဲ့တူတယ်..
    ကြိုက်တယ်..။

    ReplyDelete
  8. အသားပါဘူးလား ပေါက်..:P
    စားတော့စားချင်တယ်

    ReplyDelete
  9. TZA: စက်ဘီးတော့ ပျောက်သွားပြီးကတည်းက ထပ်မဝယ်ဖြစ်တော့ဘူး၊ အခု အိမ်ပြောင်းသွားတော့ စက်ဘီးလည်း မလိုတော့ဘူးလေ၊ အမ်အာတီနဲ့ပဲ စခန်းသွားနေတာ။ ဆံပင်ညှပ်ပြီး သီလရှင်ဝတ်မယ် ထင်ပါတယ်။ သာဓု..

    26 Jul 09, 01:54
ုkom: အတော်ဘဲ။ ဆံပင်လည်းညှပ်ထားတယ်ဆိုဘဲ ။ မိန်းကလေးများဘာလုပ်ရမှန်းမသိ ဂယောက်ဂယက်ဖြစ်လာပြီဆို ရင် ဆံသ ဆိုင်ရောက်သွားတာဘဲ လေးနာရီကြာခဲ့တယ်ပြောတယ်။ ဆံပင်ကဖြင့်တိုတိုလေးရယ်။ ပိုကြည့်ခဲ့ပါ။ စကားမစပ် စက်ဘီး ?

    26 Jul 09, 01:41
    TZA: ဟုတ်ပါ့.. မစားတော့ဘူး.. လူပဲသွားကြည့်မယ်.. အဲ.. သွားတွေ့မယ်ပြောတာ..

    26 Jul 09, 01:37
ုkom: အဲဒါဆိုရင် TZA ဘဲလမ်ေးလျာက်ပြီးသွားတွေ့လိုက်ပါ။ နီးနီးလေးဘဲဟာ။

    26 Jul 09, 01:37
    TZA: ဟမ်.. အရီးက လင်းနို့လူသားနဲ့ ဇီးကွက်ကြီးပေါင်းပြီးဝင်စားတာဖြစ်ရမယ်.. ညညမအိပ်ဘူး..

    26 Jul 09, 01:36
ုkom: ဖတ်ပြီးပြုံးနေသည်။

    26 Jul 09, 01:35
    TZA: ဟာ.. ဒါတမင်အကွက်ချကြံစည်ထားတာဖြစ်ရမယ်.. ကျနော်ဆန်းဒေးနေ့လည်ပြန်မှာ.. 宵夜 ဘယ်မှီပါ့မလဲဗျာ.. ဟင်း.. (စိတ်အိုက်သွားဟန်)

    26 Jul 09, 00:52
    ပေါက်: 中正路 နဲ့ နီးနီးလေး..လမ်းလျှောက်လာလို့ ရတယ်..၁၀ရက်နေ့ဆိုတော့ ဆန်းဒေးထိနေမှာလားးဆန်းဒေးပဲအားတာပါဆိုနေမှ....宵夜 လိုက်ကျွေးမယ်..ဒါပဲ

    ReplyDelete
  10. အလုပ်မရှိ ကြောင်ရေချိုးပဲကြားဘူးတယ်။ ပေါက်နဲ့တွေ့မှပဲ ကြာဇံသုတ်တဲ့

    ReplyDelete
  11. စားချင်စရာလေး...အမသုတ်တာနဲ့ မတူဘူးတော့...လုပ်စားကြည့်ဦးမယ်

    ReplyDelete
  12. မေဓာဝီJuly 26, 2009 at 6:52 PM

    ကြာဆံသုတ် လုပ်ကြည့်အုံးမယ်။
    ကိုရီးယားကောက်ညှင်းတော့ လုပ်တတ်မယ် မထင်ဘူး။
    ပေါက်ရဲ့ အစားအသောက်တွေ ဖတ်ရတာ ဗိုက်တောင် တကယ်ဆာဆာ လာတယ်။ :)

    ReplyDelete