ဒီနေ့



မနက် အိပ်ယာထတော့ ဈေးခဏပြေးပြီး ခေါက်ဆွဲဖတ် ၀ယ်လာပါတယ်။။
နေ့လည်စာ ခေါက်ဆွဲသုတ်စားပြီး ညစာကို ထပ်မစားလိုတော့ပါဘူး။။
သူငယ်ချင်းအိမ်က အပြန် ဖုန်းဆိုင်ဝင်ပြီး ဖုန်းဝယ်တယ်။။
သွားတုန်းကတော့ ဒေါင်းတိ မောင်းတိနဲ့ HTC ၀ယ်မယ်ကွ ..လို့
စိတ်ထဲကြွေးကြော် သွားတာပါ ။။ ဆိုင်လဲ ရောက်ရော ဈေးကြည့်ပြီး စိတ်အားငယ်
သွားတယ်။။ အရောင်းစာရေးမလေးက ထပ်ပြီး မိတ်ဆက်ပါသေးတယ်။။
ပို ပိုပြီး ဈေးကြီးတဲ့ ဖုန်းတွေကိုလေ ။။

နောက်တော့ သူ ဖုန်းတစ်လုံးကို အကြံပြုပါတယ်။။ Sony Ericsson
အမျိုးအစားကို ။။ အဲ့ဒီ ဖုန်းပဲ ၀ယ်ဖြစ်ပါတယ် ။။(သည်ကြားထဲ ဟိုHTCလေးကိုပဲ
တကိုင်ကိုင်နဲ့ လက်က မလွတ်ချင်သေးဘူး) ။။

အပြန်လမ်းမှာ ဗိုက်ဖြည့်ဖို့ စဉ်းစားပါတယ်။။
ဆူရှီဆိုင်ရှေ့ တ၀ဲလည်လည် လုပ်နေပြီးမှ မစားဖြစ်ပါဘူး။။
နောက် subway ဖက် လှည့်လိုက်သေးတယ်။။
ဒါလည်း မစားချင်ပါဘူး။။ အိမ်ပြန်ပြီး ချက်စားဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။။ဟိ
ဒါနဲ့ ဆိုင်ကယ်ပြန်ယူပြီး ချန်းနဲ့ သွားနေကျ hot pot ဆိုင်လေးဆီပဲ ဦးတည်ပါတယ်။။
ဆိုင်ရှင်က တစ်ယောက်တည်းလား တဲ့..။။
ဟုတ်.....
တစ်ယောက်တည်း ပါပဲ......။။

13 comments:

ကိုယ်လိုက်မယ်

ခေါက်ဆွဲသုပ်စားချင်တယ်၊ ညစာ သုပ်စားလိုက်ကောင်းမလားမသိ

ကိုးရီးယား လာလည်မလား နောက်လကုန်း)

ရေးတာတွေ ဖတ်သွား၏

ရေးတာတွေ ဖတ်သွား၏။ အတုခိုးတာ အမ kom ကို

ချန်းနဲ့ စားနေကျ ဆိုင်မှာ ဘာစားခဲ့လဲဟင်

ဒါဆိုအခါတိုင်းနှစ်ယောက်စားနေကျအတိုင်းမှာပြီး တယောက်ထဲကုန်အောင် စားခဲ့လိုက်တယ်ထင်တယ်နော်....

ချစ်ပေါက်...
ချန်းလေးကို လွမ်းနေတာလား...
ခဏနေရင် ပြန်လာမှာပေါ့...
နေကောင်းအောင်နေပါ...
စားစရာရှိတာလဲ စား...
ပျင်းမနေနဲ့...

အဖော်လိုရင်ခေါ်ပါလားလို့။ ဆိုင်ရှင်က တစ်ယောက်တည်းလားလို့ မမေးတော့ဘူးပေါ့။ :D

ပေါက် ဝယ်တဲ့ ဖုန်းကတော့ တွေ့ပြီးသွားပြီ..
အဖြူလေး လှတယ်..။

ပေါက်........
ဖုန်းအသစ်ကြီးနဲ့ပေါ့....
အသစ်တွေနောက်မလိုက်ချင်နဲ့ သမီးရယ်... လွန်ခဲ့တဲ့ ၆ လက စထွက်တဲ့ဖုန်းက အခုဝယ်ရင် 300 လောက် သက်သာနေလို့ ရင်နာနေရသူတွေရှိတယ်..( အိုင် မဟုတ်ပါ) ။

တစ်ကောင်ထဲပဲ ဒါပေမယ့် ဒရယ် လို့ ပြန်ပြောပလိုက်၊ ဒရယ်လည်း တစ်ကောင်ထဲမွေးတာလို့ တွတ်ပီကာတွန်းမှာ ဖတ်ဖူးတယ်...။

တစ်ယောက်တည်းမသွားချင်..ခေါ်ရောပေါ့ ဒေါ်ပေါက်ရယ်
mm

ကျွန်တော်က Sony Ericsson ပရိတ်သတ်ပါ။ HTC တို့၊ iPhone တို့များ အလကားပေးတောင် မယူချင်ဘူး။ (ပေးမယ့် လူလည်း မရှိပါ။)

ဆိုင်တွေ သွားရင်တော့ တယောက်တည်းလားလို့ အမေးမခံရဘူး။ အစတည်းက တယောက်တည်းလို့ ထင်အောင် အယောင်ဆောင်ပြီးသားပါ။