တစ်နေ့တာ....

တင်စရာ ဆိုလို့..
အစားရယ်..

သီချင်းရယ်..
မြို့အကြောင်းရယ်..
ဝတ္ထုအကြောင်းရယ်..(ဒါကလဲ တကယ့်ကို တခါတရံမှပါ..)
ပေးစရာ အသိပညာ ။အတတ်ပညာ တွေ မရှိတော့ ကိုယ့်ကိုယ်ကိုတောင်အားငယ်မိတယ် ။။
ရိုက်လိုက်တဲ့ ပုံတွေ ဆိုတာကလဲ တလွှဲနဲ့ တစောင်း ။ တွေးလိုက်
တဲ့ အကြောင်းအရာတွေကလဲ
သူများရယ်စရာ ။။

ဘာပဲပြောပြော လူသတ္တ၀ါမှန်ရင် အစားနဲ့ မကင်းကြဘူးမို့လား ။။
ဒါကြောင့် အစားအသောက်လေးပဲ တင်ပါဦးမယ် ။။
ဒီနေ့ သူငယ်ချင်းအိမ်က ထမင်းစားဖိတ်ပါတယ် ။။ အားနာနာနဲ့ပဲ သွားစလိုက်ရပါတယ်။။



ပုဇွန် ။ ပြည်ကြီးငါး ချဉ်စပ်
(နွေရာသီလေ..ပူတယ်မို့လား)


ဟင်းရည်မချခင်။တခြားသူတွေ မလာခင်
ဓါတ်ပုံခပ်မြန်မြန်ပဲရိုက်လိုက်ရပါတယ်။။



အမဲသားပြားကြော်



ဒီရာသီစာ မျှစ်ပြုပ်ပြီး salad လုပ်ထားတာ။။
စိမ့်စိမ့်လေး ။ စားကောင်းတယ်။။
သူငယ်ချင်းကတော့ အာလူးပြုပ်ပြီးရောထားတယ်။။



လန့်မသွားနဲ့ဦး ။။
shopping center အရှေ့မှာ ခနထိုင်နေကြတာ။။
ချန်းက အထုပ်လေး ခြေထောက်ကြားညှပ်လို့။။
သူ့အမေကတော့ ဖိနပ်လေးပေလို့။။
စုတ်စုတ်ပျက်ပျက်လေးတွေပေါ့။။


သူငယ်ချင်းအိမ်က ပြန်လာပြီး ချန်းအတွက် လိုအပ်တာလိုက်ဝယ်ပေးဖို့.....။။

27 comments:

စားချင်စရာတွေပဲ..
ဘာတွေဝယ်ခဲ့သေးလဲ..?

မစူးရေ..
မတွေ့တာအတော်ကြာ...
ချန်းအတွက် အ၀တ်အစားလေးတွေပါ..
ဈေးချလို့...

ရှလွတ် ရှလွတ်

အမဲသားပြား စားချင်တယ်..

ဖိနပ်ကြီး... ရိုက်ပြစရာလား
(ပုဆိုးမ၍ လက်ညှိုးငေါက်ငေါက်ထိုး ပြောသည်)

တို့လဲ သားရေ လာကျတယ်

နေမကောင်းဘူးကွယ်၊ အစားတွေ ကြည့်ပြီး သားရေကျသွားတယ်၊

အလုံးက ငါးစိမ်းသည်ဝင်စားတာ ထင်တယ်

squidကို ကင်းမွန်
actopusကို ရေဘ၀ဲလို့ခေါ်ပေမယ့်
အစားအသောက်နဲ့ပတ်သတ်လို့သုံးရင်
ရေဘ၀ဲလို့ ရန်ကုန်ဘက်မှာ မခေါ်ပဲ
ပြည်ကြီးငါးလို့ပဲ ခေါ်သလားလို့။
း)
mm

octopusရေးတာ .ဘယ်လိုဖြစ်သွားတာလဲမသိ။
mm

စားကောင်းမဲ့ပုံဘဲ လောလောဆယ်တော့ဘိုက်အောင့်နေတယ။်

အစားတွေကြည့်ပြီး ထိုင်ဝမ်တောင် ပြောင်းလာချင်ပြီ

အမ်အမ်
ညကဘယ်လိုဖြစ်လဲ မသိ..
ရေမျှော့ရေလိုရေးနဲ့
(ပင်လယ်ရေမျှော့ကဖြင့်မဲမဲကြီး..စိတ်ထဲစားချင်တာ
ရေမိတာနေမှာ)
နောက်ရေဘ၀ဲတဲံ့..ဟိ
ပြင်လိုက်ပြီနော်
ကျေးဇူး

ပူတာလည်း ချဉ်စပ်စားရတယ်ကိုး။ :D

၁ရက်ခေတ်နောက်ကျသွားတယ်..
အခုအမှီပြန်လိုက်လာပြီ။
ဓါတ်ပုံထဲက ဟာတွေ စားချင်တယ်.. (ဖိနပ်မပါဘူးနော် အစားအသောက်တွေကိုပြောတာ)
ချန်းကချစ်ဖို့ကောင်းတယ်။

ဒီလောက် အ၇သာရှိတဲ့စာတွေ
ေ၇းပေးနေတာများ အားငယ်စ၇ာလား ပေါက်၇ာ....
ဟင်းမကောင်းတဲ့နေ့တွေ/ဘာချက်၇မှန်းမသိတဲ့နေ့တွေဆို သူ့blog ဖွင့်ပြီး ဒီကအလုပ်ကိုဖြစ်လို့....

LYSS:

စားကောင်းတာတွေစားလိုက်ရလို့ ကျေနပ်သွားပါတယ်။
း)

တွန့်တိုတာအေ... ဖိနပ်တောင်ပေနေတာပြတယ်...

အပေါ်က အစားအသောက်တွေ (ချဉ်စပ်) စားချင်တယ်အေ၊ အမဲသားပြားကြော်ရော၊

အစားတွေကစားချင်စရာလေးတွေ...

အောင်မြတ်လေးလေး.. စားတော်ဆက်ရှုံးပေ့.. စားကြပေါ့ စားကြပေါ့.. စားနိုင်ကြသကိုး.. :P

စိတ်ချမ်းသာစရာ သားအမိလေးပါ..

ဟင်းတွေကများလိုက်တာ။ နေပူလို့ စားမကောင်းတာနဲ့ အတော်ပဲ။။

ပင်လယ်စာတွေ ကြိုက်ပေမယ့် ပေါက်လို မလုပ်စားတတ်ဘူး။ သားအမိနှစ်ယောက် ဈေးဝယ်ပြီး မောလို့ ထိုင်နားနေတာလား...

ချဉ်စပ်ဆို ကြိုက်ပြီးသားပဲ
ရှလွတ်
အ၀စားသွားတယ်

ပေါက်ရဲ့ပိုစ့်တွေက အရသာရှိသော ပိုစ့်တွေပါ... (အရသာရှိမရှိ... ကြည့်ရုံနဲ့တင် သွားရည်ကျစေတာသာ ကြည့်ပါတော့...)
ကြိုက်တာသာတင်... အားပေးနေမှာ...
(အမျိုးအရင်းကြီးတွေ မဟုတ်လား...) ဟီဟိ

တို့က ဒါမျိုးငတ်နေတာ နှစ်ချီပြီ။
ပုံချည်းသက်သက် သူတို့သိပ်ရက်စက်ပါလား

တို့က ဒါမျိုးငတ်နေတာ နှစ်ချီပြီ။
ပုံချည်းသက်သက် သူတို့သိပ်ရက်စက်ပါလား

အစားငမ်းသူအပေါင်းကလည်း သွားရည်တမျှားမျှားနဲ့ လာရောက်ကြည့်ရှုသွားပါတယ်။

ကျနော် ချက်တာမဟုတ်ပါဘူး...
သူငယ်ချင်းချက်တာ ရိုက်လာတာပါ..

စားစရာတွေ သွားရည်ကျပြီး ချီးကျူးမလို့ဟာ ကျနော် ချက်တာ မဟုတ်ပါဘူးဆိုတော့ မမြင်ဖူးတဲ့ သူ့သူငယ်ချင်းပဲ ချီးကျူးရမလိုလို၊
မြင်သာမြင်ရ မစားရတဲ့ ဟင်းတွေပဲ ငေးရမလိုလို၊
အကုန် လိုလို တွေချည်း ဖြစ်ကုန်ဘီ။