7/03/2009

အလွမ်း..

ဘာရယ်မဟုတ်..
ပုံတွေ လျှာက်ကြည့်ရင်း...
မြို့ကို လွမ်းနေလို့..

တောင်ကျောင်းကြီးအရှေ့ပေါ့..
ဈေးကို လှမ်းမြင်ရပါတယ်..


အိမ်ပေါ်တက်ပြီး ဟိုရိုက် ဒီရိုက်..



ကန်တော်ကြီး လမ်းဆုံ က
ဂန္ဒမာမြိုင်ဟိုတယ်ဘေးက ကုန်းတက်လမ်းလေး..



ဟိုးးးမှာ...
တွေ့လား...
ကျွန်တော်တို့ အိမ်ကို...
အဲ့...
မြှုပ်နေပြီ...(ဒိပြင်အိမ်တွေကြား)
မမြင်နိုင်ပါဘူးလေ..




ဒါက ဘူတာလမ်းဆုံ ထင်တယ်..
လေငွန်ရှေ့ပေါ့..


ဒါလဲ ဘူတာလမ်းဆုံမှာပဲ..
ဘယ်ဖက်က လေငွန်..
ညာဖက်က လျှပ်စစ်ပစ္စည်းရောင်းတဲ့ဆိုင်..



ဂေါ့ဖ်ကွင်းနား..လမ်းဘေးတစ်နေရာ..
မနက် စက်ဘီးစီး သွားရင်းရိုက်လာတာ..
မြက်ပင်မှာ နှင်းပွင့်လေးတွေ တွဲလို့ ခို လို့..

18 comments:

  1. တခါလောက် ပေါက်ရှိနေတဲ့ အချိန်လာလည်မယ်၊ စားစရာတွေ ပါတ်ကျွေး၊

    ReplyDelete
  2. လူမုန်းJuly 3, 2009 at 3:13 AM

    ဟင်းးးးး

    လွတ်လပ်စွာ လွမ်းပါလေ

    ReplyDelete
  3. ပြင်ဦးလွင်မှာ လွမ်းစရာတော့ မခမ်း ပဲ ရှိပါတယ်လေ။ :D

    ReplyDelete
  4. မေမြို့ကတော့ အချိန်မရွေး လွမ်းတယ်ဗျ.. တို့ဟူးနွေးနဲ့ စတြော်ဘယ်ရီလက်ဖျော်... ပြီးတော့ ဟော်လန်ပန်းတွေ.. ချယ်ရီတွေ..

    ReplyDelete
  5. မေမြို့ကို တခါမှမရောက်ဖူးသေးဘူး..
    အရမ်းလာချင်တဲ့မြို့ထဲမှာ ပါတယ်.. ပန်းမြို့တော်ဆိုပြီး နံမည်ကြီးလွန်းလို့..
    လှလည်းလှတယ်နော်
    ဒီတခါပြန်လို့ ခွင့်များများရရင် သွားလည်မယ်
    ပေါက်လိပ်စာပေးလိုက်ပါ.. :)

    ReplyDelete
  6. မေမြို့တော့ ငယ်ငယ်က ခဏခဏ ရောက်ဖူးတယ်
    ခုကြီးမှ လူမှန်းသူမှန်းသိမှ တကယ်သွားချင်တော့
    သွားဖို့က အဆင်မပြေ...။

    ReplyDelete
  7. မန္တလေးလာတိုင်း သွားမိတဲ့ မြိုလေးပေါ့

    ReplyDelete
  8. အော်....လွမ်းကြပါ...
    (ဒီတခါပြန်ရင် ပေါက်လိပ်စာယူပြီးသွားလည်မယ်...၇တယ်ဟုတ်...)

    LYSS:

    ReplyDelete
  9. လွမ်းစရာကောင်းတဲ့ မြို့လေးပဲ။ လေငွန်နားတော့ ကို မှတ်မိတယ်။ စက်ဘီးစီးလို့ကောင်းမယ်နော်...။ မေမြို့ကနေ မန္တလေးကို ပြန်ဆင်းရင် နေလို့ မကောင်းတော့ဘူး..။

    ReplyDelete
  10. တို့လဲ ကိုယ့်မြို့ မဟုတ်ပေမဲ့ မေမြို့တော့ အတော် ကြိုက်တယ်။ အေးချမ်း လှပလို့။

    ReplyDelete
  11. မကြီးပေါက် အိမ်အပေါ်ထပ်ကလွဲရင် ကျန်တဲ့နေရာ အကုန်နီးပါးရောက်ဖူး၏.. လွမ်းလိုက်တာ.. မေမြို့ဆိုတဲ့ နာမည်တောင်ကြားလို့မဖြစ်ဘူး.. လွမ်းစရာ အတိတ်တွေက ပြက်ခနဲပေါ်ပေါ်လာလို့..

    'အလွမ်း'

    မေမြို့ဖွားစတော်ဘယ်ရီိကို
    ငွေ့ရည်ဖွဲ့နှင်းစိုစိုတွေထွေးပွေ့ထား
    မနှစ်မသက်အဆောက်အဦးတွေကြားတောင်
    သူတို့အလှကထင်းခနဲ
    ဆံရှည်ရှည်ဒီထင်းရှူးတွေ
    ဘယ်တော့များပြုံးပြတော့မှာလဲ
    မှန်အိမ်ငယ်အလင်းရောင်တွေနဲ့
    ရိုးသားဝင့်ထည်ဆဲ မေမြို့..
    ငါလှမ်းလျှောက်ဖူးတဲ့လမ်းတွေ..
    ငါဦးတိုက်ဖူးတဲ့ ဘုရားတွေ..
    တခမ်းတနားနာရီစင်ကြီးရော..
    ငါ့အလွမ်းရင့်ရင့်တွေကို
    ရေတံခွန်ဆီတဆင့်ခံလို့
်ဟိုးတောနက်ထဲအော်ကြီးဟစ်ကျယ်ပြောပြနေသလား..

    အပြောကျယ်စပါးခင်းလေးရယ်...
    မင်းအထက်မှာကွေ့ဝိုက်ထားတဲ့
    ဟိုတောင်စွယ်တွေလို
    မင်းကိုမခွဲမခွါထွေးပွေ့ထားချင်သား
    ကန်တော်ကြီးကငါ့ခြေရာတွေ
    ဘဲငန်းနက်နက်ကြီးတွေအကြားမြုပ်ကွယ်ပြီလားရယ်
    ချစ်ရသောအသင်ပန်းမြို့တော်..
    တနယ်တကျေးက ကျွန်ုပ်အလွမ်းတွေကိုမြင်လှည့်က
    သင့်အထက်မိုးထားတဲ့ ခပ်ဆိုင်းဆိုင်းကောင်းကင်ကြီးမှာ
    ကျွန်ုပ်အတွက်နှင်းတစ်ပွင့်လောက်ကျပေးပါ..။ ။


    Craton

    ဘာရယ်မဟုတ်.. မကြီးပေါက်လိုပဲ မေမြို့ကိုတအားလွမ်းလာလို့ အလွမ်းကဗျာလေး ချရေးလိုက်တာ။

    ReplyDelete
  12. မေမြို့ဆိုဒို့လဲလွမ်းတာပေါ့...

    ReplyDelete
  13. ရောက်ဖူးတယ်ဆိုရုံ ရောက်ဖူးတာမို့ လွမ်းလောက်အောင် ဖန်ဖို့က...
    ...ထင်တယ်
    ပေါက်ရှိချိန် ရောက်ဖြစ်မှ...
    (မှတ်ချက်။ ။ ပေါက်တို့ အိမ်မှပဲ တည်းမယ်နော်..နော်။)

    ReplyDelete
  14. ပေါက်ရေ..မေမြို့အလွမ်းပြေလေး...
    အလွမ်းမပြေ အလွမ်းထပ်ဆင့်လာသလိုဘဲ..

    ReplyDelete
  15. တို့လဲ မေမြို့ကို ဝင်လွမ်းသွားတယ်။ စင်ကာပူမလာခင်ကတောင် မိသားစုနဲ့လျှောက်လည်ကြတော့ ရောက်ခဲ့သေးတယ်။ နေချင်တယ် မေမြို့မှာ။

    ReplyDelete
  16. ဂျပန်သခွါးတွေ ခေတ်ကောင်းတုန်းက အနီးစခန်းမှာ မြေတွေဝယ်၊ငှါးလဲငှါးပြီး စိုက်ခဲ့ဘူးပေးမဲ့ မေမြို့ကတော့ ခပ်ရေးရေးပဲ။ ပြင်ဦးလွင်ဖြစ်သွားတော့ ပိုတောင်ခြေမချချင်သေးတယ်။ လှမှန်းတော့သိတာပေါ့

    ReplyDelete
  17. ဟိုးမှာ...ေ ပါက်တို့ အစ်မအိမ်.. တွေ့ပြီ :DD

    ReplyDelete
  18. နွေးနေခြည်July 7, 2009 at 5:41 PM

    သွားလည်ချင်လိုက်တာ...

    ReplyDelete