6/25/2009

ပုဇွန် ခရုဆီကြော်..


ငပျင်းလုပ်နေတာ ရက်တော်တော်ကြာပါပြီ..
ဒီနေ့ ချက်စားတဲ့ ဟင်းလေး တင်လိုက်ပါတယ်..




လတ်ဆတ်တဲ့ ပုဇွန်( အရှင်ဆိုပိုကောင်းပါတယ်)ကို နှုတ်ခမ်းမွှေးဖြတ်..ခြေထောက်တွေဖြတ်ထားပေးပါ..


ကြက်သွန်နီ..ငြုပ်သီးစိမ်း နဲ့ ကြက်သွန်မြိတ် လှီးပြီး အသင့်ပြင်ထားပါ..


ဆီအနည်းငယ်နဲ့ ကြော်ပေးပါ..


ကြက်သွန်နီ နဲနဲ နွမ်းလာရင် ပုဇွန်ထည့်ပါ..
ခရုဆီ...ကြာညို့အငန်(ပဲငံပြာရည်အကြည်) နဲ့ ငရုတ်ကောင်းအကြမ်းမှုန့် ထည့်ပေးပါ..
(အဆင်ပြေရင်)ဆန်အရက် နဲနဲ ထည့်ပေးပါ..


၃ မိနစ်လောက်မွှေပြီးရင် သုံးဆောင်နိုင်ပါပြီ..

21 comments:

  1. ပေါက်.. ချစ်ယောင်းမ.. ဟင်းပို့ပေးပါလားး)

    စားချင်တယ်၊ ဗိုက်ဆာတယ်

    ReplyDelete
  2. မမပေါက်
    ရောက်တယ်
    ပုစွန် ငေးသွားတယ်
း)

    ReplyDelete
  3. ဒီက ၀ိတ်လျော့ ဒိုင်းယက် နေပါတယ်ဆို...သူ လုပ်ပြီ

    ReplyDelete
  4. ထိုင်ဝမ် အလည်လာရင် ချက်ကြွေးမှာလားဟင်

    ချက်ကြွေးမယ်ဆို တကယ်အလယ်လာမည်

    ဟဲဟဲ

    ReplyDelete
  5. လာရောက်ရှလွတ်သွားပါတယ်..

    ReplyDelete
  6. ပင်လယ်စာတွေ ပေါလား ပေါက်ရေ။ ပုဇွန်ရော ခရုဆီရော ဆိုတော့ အဆီတွေ ရစ်ပြီး အိပ်ရောလား

    ReplyDelete
  7. လာစားသွားတယ်ပေါက်။ ခရုဆီလေးနဲ့ဆိုတော့ မွှေးနေတာပဲ။ ဂွတ်တယ်ဗျို့။

    ReplyDelete
  8. မနက်စာဘာမှ မစားရသေးခင် လာကြည့်မိတော့ ကွန်ပြူတာကြီးပါ မြိုချချင်စိတ်ပေါက်သွားတယ်..။

    ReplyDelete
  9. ပေါက်..စားချင်တယ်..လွယ်မယ့်ပုံပဲ..ချက်စားမယ်.။

    ReplyDelete
  10. ပေါက်ရေ...ပုစွန်ဟင်းလေးကြည့်ပြီး ဂလု...ဂလု...

    ReplyDelete
  11. ပေါက်ရေ... ပုဇွန်တွေကြည့်ရတာ လတ်ဆတ်နေတာပဲ.. ချက်ထားတာ စားကောင်းမယ့်ပုံ.. ဒီမှာက ပုဇွန်တွေဆိုခေါင်းတွေဖြတ်ထားတယ်.. :(

    ReplyDelete
  12. ဟေ့... အမျိုးရေ...
    အစကထဲက တကယ် အမျိုးတော်ချင်နေတာနော်...
    အခု တလော ချက်ပြနေတဲ့ဟင်းတွေက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို ပိုပိုခိုင်မာလာစေတယ်... သိလား...
    ဟီးဟီး.. (နောက်တာမဟုတ် အတည်ပြောနေတာနော်)

    ReplyDelete
  13. ပုဇွန်ကြော်လေး မြည်းသွားပါတယ်။

    ကျေးဇူးတင်စွာဖြင့်
    yu ya

    ReplyDelete
  14. သူငယ်ချင်းလေး
    ထိုင်ဝမ်ကဆိုတော့ ဘယ်မှာနေတာလဲ ဟင်?
    ဂျစ်လဲ ထိုင်ဝမ်ကပါ.....
    ပုဇွန်တွေမြင်ပြီး သားရည်ကျသွားတယ်...

    ခင်မင်စွာဖြင့်
    ဂျစ်လေး

    ReplyDelete
  15. ပညာလာယူသွားတယ။် အဲသလိုမျိုးမချက်ဘူးဘူး မြန်မာချက်ဘဲချက်ဘူးတယ်။ ခရုဆီကိုဘယ်လိုပြောပြီးဝယ်ရသလဲ။တစ်သက်တာမှာ တစ်ခါမှ မဝယ်ဘူးလို့ပါ။

    ReplyDelete
  16. ဒီလောက်တော့ အေးဆေးပဲ.. လွယ်တယ်။
    ပေါက် ဘလော့ဖွင်ပြီး ချက်မယ်။

    ReplyDelete
  17. ပေါက်အ်းးး.... ပိုမွှေးသွားအောင် နံနံပင်လေး အပေါ်က ထပ်အုပ်လိုက်တယ်ဆိုတာလေးလည်း ထည့်ဦးလေဗျာ... =P
    ဘားမှဟုတ်ဘူး.. မတွေ့တာကြာလို့ လာရှုတ်တာ... တခြားဟင်းတွေလည်း ချက်ကျွေးပါဦးဗျို့.... ;;)

    ma khin oo may: ခရုဆီကို Oyster Sauceလို့ ပြောဝယ်လို့ရတယ် မမ.

    ReplyDelete
  18. မခင်ဦးမေ ရူးချင်ယောင်ဆောင်တာ သိပ်မပြီပြင်ဘူး။ Oyster sauce ကတော့ စိတ်မနှံ့တဲ့လူတောင်သိမယ်ထင်တယ်

    ReplyDelete
  19. လူမုန်းJuly 2, 2009 at 8:20 AM


    ပုဇွန် မကြိုက်တဲ့ လူမိုက် စာရင်းထဲမှာ

    လူမုန်း ထိပ်ဆုံးကပါဗျာ....

    ReplyDelete
  20. ကိုယ်လဲ အဲလိုပဲ။ ဒါပေမဲ့ ကင်စားရတာတော့ တော်တော်ကောင်းတယ်။

    england မှာလဲ lobster, king prawn, shrimps သိတ်ဈေးမကြီး...တထုတ်ဆို အလွန်ဆုံး မှ £5/6/7... စားပါလေ့။ ဝယ်ရတာလဲ လွယ်တယ်။ အိမ်ကကြောင်တွေကနဲနဲ မှတောင်မတို့ဘူး။ အတင်းကြွေးရင် ထွက်ပြေးရော။
    မြန်မာပြည်တုန်းကတော့တကုတကသွားဝယ်ရ တာ မှတ်မိတယ်

    ReplyDelete