ငယ်ငယ်က...


ငယ်ငယ်က နေခဲ့ရတဲ့ရပ်ကွက်မှာ ကိုယ့်လူမျိုးတူ ကိုယ်တို့ တစ်အိမ်ပဲရှိပါတယ်။။
မြန်မာတွေနဲ့ တခြားလူမျိုးခြားတွေ တလမ်းလုံးလိုလိုပါပဲ။။ ကျွန်တော်အိမ်ဘေးနီးနားချင်းနဲ့
ကျွန်တော် သိပ်မဆော့ပါဘူး ..။ မျက်စောင်းထိုးအိမ်က မြန်မာအိမ် ။ဆေးလိပ်ခုံထောင်ထားပါတယ်။။
အဲဒီအိမ်က ဘုတ်ဆုံဆိုတဲ့ သူငယ်ချင်းလေးနဲ့တော့ တခါတရံကစားပါတယ်။။ ဒါမှမဟုတ်
လမ်းရဲ့ အထက်ပိုင်းက သူငယ်ချင်းလေး၂ယောက်နဲ့ ပဲသွားကစားပါတယ်။။ (ငယ်ကတည်းက
ဂေါက်တာနော်..)
ကျွန်တော့်အောက်က မောင်လေး ကတော့တရပ်ကွက်လုံး မွှေနှောက်ကစားပါတယ်။။
ကြောက်လဲ မကြောက်တတ်ပါဘူး ။။ ထစ်ကနဲဆို ရန်ဖြစ်ပြန်လာပါတယ်။။ လူမျိုးခြားတွေ
ကြားမှာ သူတစ်ယောက်တည်းပေမယ့် သူနိုင်ကိုယ်နိုင် အပြတ်ချလာခဲ့ပါတယ်။။
မှတ်မိသေးတယ် တခါက ညီအစ်ကို၎..၅ယောက်ရှိတဲ့ ကောင်လေးတွေနဲ့ ရန်ဖြစ်ရာမှာ
အများနဲ့ သူတစ်ယောက်အားမမျှတော့ အိမ်ကိုလာပြီး တုတ်လာရှာပါတယ်။။ လူကြီးကိုတော့
တိုင်မပြောတတ်ပါဘူး ။။သူ့ဇာတ် သူနိုင်အောင်ကပါတယ်(ကိုဆူးလိုပေါ့..ဟားဟ)

ကျွန်တော် ၃တန်းရောက်တော့ အခုနေတဲ့ လမ်းမတန်းပေါ် ပြောင်းလာနေပါတယ်။။
ကျွန်တော်ကတော့ အိမ်ဘေးနီးနားချင်းတွေနဲ့ဘဲ ပလက်ဖောင်းပေါ်မှာ ကစားတတ်ပါတယ်။။
(ဒီလမ်းမတန်းရောက်တော့ အိမ်ဘေးနီးနားချင်းတွေနဲ့ ပေါင်းသင်းတတ်နေပြီလေ...)
အိမ်ဘေးနီးနားချင်းတွေ အားလုံးလိုလိုက မိန်းကလေးတွေ ချည်းပဲဆိုတော့ မောင်လေးတို့နဲ့
ကစားဖို့ရာ မဖြစ်တော့ သူ့ခွင် သူ ရှာပါတယ်။။ အိမ်အနောက်ဖက်က ရပ်ကွက်ထဲမှာပါ။။
ဒီရပ်ကွက်မှာလဲ လူမျိုးခြားတွေချည်းလိုလိုနေကြပါတယ်။။ တန်းလျားတွေလဲ များပါတယ်။။
တချို့တန်းလျားတွေ ပတ်ပတ်လည် ၀န်းရံထားတဲ့ ၀င်းလေးတွေထဲမှာ ကျွန်တော့်မောင်တွေ
ကစားလို့ အကောင်းဆုံးနေရာတွေပေါ့..။။ငယ်ကတည်းက သူတို့ နှစ်ယောက်ပျောက်ရင်
လိုက်ရှာဖို့ တာဝန်က ကျွန်တော့်အပေါ်ပဲကျရောက်လာပါတယ် ။။ ကျွန်တော်ကလည်း
သူတို့ နှစ်ယောက်ကိုရှာဖွေရာမှာ တော်တော်ကျွမ်းကျင်ပါတယ် ။။ တ၀င်းပြီး တ၀င်း..
တဂျောင် (ချောင်) ပြီး တဂျောင် မတွေ့တွေ့အောင်ရှာနိုင်ပါတယ်။။ ရပ်ကွက်ထဲမှာ
ကျွန်တော့သူငယ်ချင်း မရှိပါဘူး ။။သူတို့ကောင်းမှုကြောင့် ကျွန်တော့်မှာ ရပ်ကွက်
ရေလည်ပါတယ်။။(အခုတော့ သူငယ်ချင်းရှိပြီ)

သူတို့ဘာတွေကစားကြလဲဆို....ပေသီးပစ်တိုင်း ။ မြောက်ပန်းလှန်(ရေးတာမှန်ရဲ့လားမသိ)
ဂျင်ပေါက်တယ် ..နောက် အများကြီးရှိသေးတယ် မေ့ကုန်ပြီ။။
ပိုက်ဆံပေးရတဲ့ စက္ကူလေးတွေ ဖောက်ပြီး ဘာမဲပေါက်သလဲ ဆိုတဲ့ ကစားနည်း။။
(အဲဒီကစားနည်းကျတော့ အလောင်းအစားဖြစ်သွားပြီပေါ့နော်)

အခုပြောချင်တာက ချန်းလဲ သူ့ ဦးလေးတွေ အမွေရတယ်ထင်ပါရဲ့ ။။ ပေသီး
အတော်ကြိုက်ပါတယ်။။ မေမြို့ပြန်တိုင်း ပေသီးတွေ လိုက်စုရတာ ၀ယ်ရတာအမော။။
ဂျင်ပေါက်တာလဲ အတော်သဘောကျပါတယ်။။ အစကတော့ ဒီမှာပလတ်စတစ်ဂျင်ပဲ
ကစားရတော့ သူအားမရပါဘူး။။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကအသိတစ်ယောက်သူ့ကို သစ်သားဂျင်လက်ဆောင်ပေးပါတယ်။။ ကျွန်တော်လဲ အားကျမခံ ဂျင်ပေါက်ပါတယ်။။
လည်ပါတယ်... ဂျင်လည်ပါတယ်ခည။။

အိမ်ကညီမ ငယ်ငယ်က ဘော်လုံးတော်တော်ဝါသနာပါပါတယ်။။ သူအလယ်တန်းလောက်က
ထင်ပါတယ် အမျိုးသမီးဘော်လုံးအသင်း ဇွတ်ဝင်လို့ ကိုယ်ကပဲ ဇွတ်လိုက်
ခေါ်ထုတ်ခဲ့ရပါသေးတယ်။။ (အဲ့မြင်ကွင်းကို အခုထိ မြင်ယောင်နေတုန်း ဘောလုံးကွင်း
အ၀မှာ ) ။။ ကိုယ်ကသာ လွတ်ထားပေးခဲ့ရင် အခုချိန်ဆို မြန်မာ့အမျိုးသမီးဘော်လုံး
အသင်းဝင်ဖြစ်နေလောက်ပြီနော်။။ ကျွန်တော်ညံ့ပါတယ်လေ ။။ အရှေ့ကို ကြိုမတွေးမိလိုက်ဘူး။။

အခုတော့ ချန်းက သူ့ခြေရာလိုက်နေပါတယ် ။။ ဘော်လုံးဆို အသေရရ အရှင်ရရ အဲလေ
အသေးဖြစ်ဖြစ် အလတ်ဖြစ်ဖြစ် အကြီးဖြစိဖြစ် ဘောလုံးဆိုပြီးရော သူအကုန်ကြိုက်ပါတယ်။။
ဘော်လုံးမရှိရင် ခါးလေးစောင်း လက်လေးလွှဲလွှဲပြီး ဘေ့စ်ဘော ပစ်နည်းကျင့်နေပါတယ်။။
ကျောင်းမှာ ပင်ပေါင်(စားပွဲတင်တင်းနစ်)အသင်း ၀င်မယ် တကဲကဲလုပ်နေပါတယ်။။နောက်ဆုံး
သူ့စက်ဘီး ခြင်းတောင်းလေးထဲ ဘက်စကက်ဘော လှမ်းထည့် ကျင့်ရတာ အမော။။
(အခုတော့ သူ့စက်ဘီးခြင်းတောင်းရော ကျွန်တော့ စက်ဘီးခြင်းတောင်းပါ အခိုးခံထားရပါတယ်)




21 comments:

ဟုတ်တယ်.. အခု ပေါက်စ် အရှည်တွေးတော့.. ခုခေတ်က ကလေးတွေ အားကစားဘက်မှာ ထူးချွန်ရင်လည်း ကောင်းတာပဲ.. အားပေးပါတယ်..တို့တွေတုန်းကလည်း စွန်လွှတ် ဂျင်ပေါက်..ဘောလုံးကန်..အကိုတွေမောင်တွေနဲ့ ဆော့ရတာကိုး။

ပြောရင်းဆိုရင်း ငယ်ဘ၀လေးတောင် လွမ်းလို့သွား..

တစ်ကိုယ်လုံးဒဏ်ရာတွေချည်းဘဲ။

ပေါက်ငယ်ငယ်တုန်းကအကြောင်းဖတ်ပြီး ကိုယ်ငယ်ငယ်က ကစားခဲ့တဲ့ ကစားနည်းပေါင်းစုံကို ပြန်သတိရတယ်..

ယောက်ျားလေးကစားနည်း၊ မိန်းကလေးကစားနည်း ဆော့နည်းပေါင်းစုံ တမျိုးမှ မကျန်ရအောင် ကဲခဲ့တာပေါ့..

ကျနော်က ခလေးသူကြီး
ရှစ်တန်းအထိ လမ်းထဲမှာ ဆော့တုန်း

ပေါက်...
ကစားနည်းအစုံဘဲ...
အားကျတယ်...ကျနော်က ဂျင်မပေါက်တတ်ဘူးဗျ..
မျောက်ပန်းလဲမလှန်တတ်ဘူး..
ဘော်လုံးလဲ မစွံ..။
ပြေးရင်လဲမော..
ကြက်တောင်ရိုက်တယ်..ဂျွမ်းဘားကစားတယ်..
နောက်...တဖြည်းဖြည်း နဲ့ 
အိမ်နောက်က သရက်ပင်ပေါ်တက်ပြီး တိတ်တိတ်လေး
ငိုတမ်းကစားတယ်..
ဒီလို အစ်မ တယောက် လှိုက်လှိုက်လှဲလှဲ လိုချင်မိတယ်..။

ကြံကြံဖန်ဖန် စက်ဘီးခြင်းတောင်း အခိုးခံရတယ်လို့ ...း-) ချန်းချန်းလေးက ဦးလေး အဒေါ်တွေနဲ့ တူတော့ ၀ိုင်းချစ်ကြမှာပဲ..

ဒီ မှာတော့ ကလေးတွေ football, skating, cricket,tennis ကစားတာတွေ့တာဘဲ

ကိုယ် အငယ်တုန်းကတော့ သိုင်းရူးဆိုတော့ လက်သီးထိုးတန်းကစားတယ်။ သူငယ်ချင်းကိုထိုးလိုက်တာ နှုတ်ခမ်း ၆ ချက်ချုပ် ရလို့ အိမ်က အရိုက်ခံရသေးတယ်။ အထက်တန်းကျောင်းသာဘဝ မှာ ဘီယာသောက်တယ်။ tennis ရိုက်တယ်။ ဆေးကျောင်းသားဘဝမှာ table tennis ရိုက်တယ်။ England မှာတော့ တနေ့ ၂မိုင်ပြေးတယ် 50Centနဲ့

တယောက်ယောက် ကို ထိုးဖို့ သွေးတော့ဆာတယ် ဒါပေမဲ့ ဒီ မှာ အပြစ်ကြီးတယ်။ ရန်ကုန်မှာတော့ တော်တော်လွယ်တယ်။

ရန်ကုန်အရှေ့ပိုင်း ခရိုင်ဆိုတော်တော် ပျော်ဖို့ ကောင်းတယ်။ အဲဒါကိုယ့်နယ်မြေပဲ။ Ma KOM လောက်တော့ပျင်းတောင်ပြင်းသေး

This comment has been removed by the author.

ချန်းက ပေါက်နဲ့တူတာရော ဘာလုပ်သေးသလဲ။

ဆော့ပါစေ မပေါက်ရေ။ ကလေးဆိုတာ များများဆော့မှ သဘာဝကျမှာ။ ကလေးဖြစ်ပြီး ငြိမ်ကုတ်နေရင် ဖွံ့ဖြိုးမှုနှေးကွေးမယ်ထင်တယ်။

ဟီးဟီး ခပ်တည်တည်နဲ့ ဝင်ဖြီးသလိုများဖြစ်နေလားမသိဘူး။

ဆော့ပါစေ မပေါက်ရေ။ ကလေးဆိုတာ များများဆော့မှ သဘာဝကျမှာ။ ကလေးဖြစ်ပြီး ငြိမ်ကုတ်နေရင် ဖွံ့ဖြိုးမှုနှေးကွေးမယ်ထင်တယ်။

ဟီးဟီး ခပ်တည်တည်နဲ့ ဝင်ဖြီးသလိုများဖြစ်နေလားမသိဘူး။

ကိုဧရာရော မသီတာရော အားကစားမတော်၊ ရေချမ်းကတော့ ကျောင်းက Co-Curricular Activity -CCAမှာ ပန်းချီ၊ အားကစား၊ Science club ဘာယူရမှန်းမသိဖြစ်ပြီး ကြက်တောင်ယူခိုင်းလိုက်တယ်။ အခုတော့ ၂နှစ်ကျော်ပြီပေါ့ ရိုက်လာတာ။ ရေကူးမတတ်သေးဘူး။ မသင်ချင်ဘူးလုပ်နေတယ်။ ချန်းချန်းကို အားကစားတခုခုကို အရှည်သဖြင့် အတွက် ပုံမှန်လေး လုပ်ခိုင်း။ အားကစားက ကိုယ်ရောစိတ်ပါ ကြံခိုင်စေတယ်။ ဇွဲလည်းကောင်းတယ်။ စကားမစပ်-
အခုဒီမှာ ကျောင်းပိတ်ရက် ဇွန်၂၈ရက်ထိပိတ်မှာ

အဲ့ဒီမှာလဲ ခြင်းတောင်းတွေဘာတွေ ခိုးတာပဲလား
ချန်းလေးက ချစ်ဖို့ကောင်းလိုက်တာ၊ ကလေးဆို ဆော့မှ ချစ်စရာကောင်းတာ၊

နည်းနည်းနောက်ကျသွားတယ်။ ဈေးဝယ်ထွက်တာတွေ လိုက်ပို့နေရလို့၊

ပေါက်ရေ.. အဆင်ပြေလား ဟိ.. နှစ်ရက်လောက် စကားမပြောဖြစ်တာ ကြာသလိုပဲ

မသိင်္ဂီ
ကျနော်က ကစားတာကိုအားပေးပါတယ်..

မမက မိန်းမပီသစွာနေထိုင်တယ်ပေါ့လေ..ဟီး

မြိုး..ကျုပ်မကစားဘူးလေ..
သူတို့ကစားတာပြောပြတာ..

ကိုရွာသား ကျနောက ခုထြိပြန်ရင် ကြက်တောင်ရိုက်တုန်း

ကိုသစ်နက်ဆူး..
ကျနော်ဂျင်ပေါက်တာ ချန်းသင်ပေးတာ..
ငယ်က မပေါက်တတ်ဘူး..
မောင်လေးတွေ ပေါက်တာပြောပြတာပါ..
သစ်ပင်ပေါ်တက်ပြီးတော့တော့ မငိုဖူးဘူး..
ဒါမယ့် တအိမ်ထဲနေ အမေ့ဆီကို စာရေးဖူးတယ်..
၅တန်းတုန်းက (ကျနော့်ကို မချစ်ဘူးလို့
ခံစားရလို့) ဒါမဲ့ မပေးဖြစ်ပါဘူး..ရှက်လို့
ဟီးးဟိ အမြဲသံသယဖြစ်တယ်..ငါ့ကိုကောက်ယူမွေးစားလာ
တာများလား လို့..ဒါမဲ့ ကျနော့်ရုပ်က အဖေနဲ့ သိပ်တူနေတော့(ဆံပင်ကအစ) ဖြစ်တဲ့သံသယကို ပယ်ချလိုက်ပါတယ်..
နောက်ပြီး အငယ်တွေ အမှားလုပ်သမျှ ကျနော်ပဲ ရိုက်ခံထိပါတယ် ဆူခံထိပါတယ်။။
ငယ်ငယ်က မောင်အငယ်တအားဂျစ်တော့ အရိုက်အခံရဆုံး...မောင်ကိုသနားတော့ ကျနော်ပဲ ဖက်ထားပြီး ရိုက်ခံပါတယ်။။
အခုချိန်ပြန်စဉ်းစားရင် လွမ်းစရာလေးတွေပေါ့။

ဟုတ်တယ် ရွှန်းမီရေ..
လမ်းဘေးမှာထားထားတော့ အဲဒီလိုပဲလေ..

ကိုစတိဖ်
ပြား၅၀ တော့ သနားစရာနော်..
ဦးစတိဖ်ဂေါက်ကို နေ့တိုင်းအဖေါ်လုပ်ရလို့..
သွေးသိပ်ဆာနေရင် ကြက်သားရောင်းတဲ့နေရာ
ဒွမှမဟုတ် စက်ရုံမှာ ပြောထားလေ..
သူတို့ဆီမှာတော့ အမြဲရှိလိမ့်မယ်..
တရုတ်ဆိုင်တွေမှာတော့ ဘဲသွေးရတတ်တယ်..
ဦစတိဖ်ဂေါက်တစ်ယောက် အဆင်ပြေပါစေနော်..

မလှထုံ...
ချန်းက ပေါက်နဲ့ တူတာမရှိဘူးပြောချင်တာလား..
ဟင်း..ဟင်း...
ရုပ်က အမေ့ခြေဖျားတောင်မမှီဘူး
(ဆိုးတာ..ပြောပါတယ်...ဟီးး)

ကိုတောင်ငူ...
ရုပ်တည်ကြီးနဲ့ ပြောမှ လူအထင်ကြီးမှာပေါ့
ပြောပါ..ရပါတယ်..မှန်ပါတယ်..


မသီတာရေ..
ချန်းက ဘာမဆို လက်တည့်စမ်းနေချင်လို့
ခက်နေတာ..
အားကစားတင်မရပ်ဘူး..
ဟိုတလောက ပူဆာနေတာ ဆက်ဆိုဖုန်းအသင်း
အဖွဲ့ထဲ မန်ဘာဝင်မလို့တဲ့..
ဝင်ကြေးတောင်းတာ ကျနော်က မ၀င်ရဘူးဆိုပြီးမပေးတော့..
ဆရာမကို ဈေးသွားဆစ်တယ်လေ..
ဝျေးဘယ်လောက်ဆစ်ခဲ့ခဲ့..ပေးမ၀င်ဘူးပြောထားတော့
ထပ်လာမပြောတော့ဘူး..
ဒါမဲ့..အဲ့အသင်းမှာ သူဝင်နေ..မှုတ်နေပြီ..
ဘယ်လိုတွေ ပြောထားပြီးလဲတော့မသိဘူး
ဟိုနေ့က ဆရာမ ဖုန်းဆက်လာပြောမှ သိရတာ...ဟူးးး....ခက်ပါတယ်..
ချန်းတို့က ဂျုလိုင် ၁ရက်နေ့မှ စပိတ်တာ
ရေချမ်းတို့ရော..စာမွဲဖြေပြီးပြီလား..
ဖြေနိုင်ရဲ့လား..

မေရေ..
ကျုပ်လဲ လွမ်းနေတာ..
ချန်းက အရမ်းဆော့တယ်..
(စာကလွှဲရင် အကုန်ကောင်း..ဟီးဟိ)

ပေါက်က အမကြီး ပီပီ အငယ်တွေကို လိုက်ရှာတာ တော်တယ်နော်.. :P
ချန်းချန်းက သူဝါသနာပါတာကို မရမနေ ဖြစ်အောင် ကြိုးစားပြီးလုပ်တာပဲ.. ကျောင်းမှာ စားပွဲတင် တင်းနစ် ၀င်မယ်ဆို ၀င်ခိုင်းပါလား ပေါက်ရဲ့.. ငယ်ငယ်ကတည်းက သူဝါသနာပါတာလေး တွေ လုပ်ရင်း အားကစားမှာ ထူးချွန်လာမယ်ထင်တယ်.. :)

အားကစားအဖွဲ့တွေ ၀င်ရတာ ဈေးကြီးလို့လားပေါက်ရေ တို့တွေငယ်ငယ်ကလည်း ဘင်ခရာဝင်ချင်တာ ပိုက်ဆံကုန်မှာစိုးလို့ အမေက ပေးမ၀င်ဘူး။ ချန်းချန်းက ဘက်စုံတော်ပုံရတယ် အားကစားရော အနုပညာရော။ အမေတူသမီးလေးမို့ထင်တယ်။

ပေါက်ရေ...စလုံးကိုလာ၇င် ချန်းလေးနဲ့ တူတူ ဂျင်ပေါက် ပြိုင်၇အောင်လို့ ..
လွမ်းသွားပြီ...

LYSS:

ကျွန်တော့်သားလည်း ဘောလုံးမြင်ရင် မနေနိုင်ဘူး။ `ဖေဖေ ဘောလုံး ကန်ကြရအောင် ဆိုတာချည်းပဲ။´

(ဒါ့ထက် မဆီမဆိုင် ကြုံတုန်းလေး) သမီးရှင်တွေမို့ အသိပေးထားတာ။ ကျွန်တော်သားက ကြီးရင် အတော်တော်မယ့်ပုံပဲ။ (ဟဲဟဲ)

ပေါက်ရေ… ချန်းကစားချင်တာတွေက အန္တရာယ်မရှိပါဘူး… ပေးကစားလိုက်ပါ… သားအမိ၂ယောက် ဂျင်တူတူပေါက်တာ လာကြည့်ချင်လိုက်တာ… တို့ က သစ်သားဂျင် ဘယ်လိုမှ လည်အောင် မပေါက်တတ်ဘူး… တို့ မောင်လေးလဲ ပေါက်မောင်လေးလိုပဲ… တို့ လဲ ပေါက်မောင်လေးတွေလိုပဲ… ရွာရိုးကိုးပေါက် လျှောက်ဆော့တာလေ… ချန်းလေးဆော့ပါစေ… ဒါမှ ငယ်ဘ၀ကို အပြည့်အ၀အသုံးချရတာလေ… နို့ မို့ ကြီးမှ ငါငယ်ငယ်တုန်းက အဲဒီလို မဆော့ခဲ့ရဆို နောင်တရနေလိမ့်မယ်….