ဆန်ခေါက်ဆွဲ..


ဆန်ခေါက်ဆွဲပါ..
ဆန်ဖွယ်..(ခ) ရေစိမ်ခေါက်ဆွဲ (ခ) ဆန်ခေါက်ဆွဲ ပေါ့..
အရည်ဖျော်လုပ်စားတာပါ..
အရည်ဖျော်ပိုကြိုက်လို့ စားတိုင်းအရည်ဖျော်ပဲ လုပ်စားဖြစ်ပါတယ်..။။
နွေပေါက်တော့ ပဲရွက်(ပဲလိပ်ပြာရွက်) မရှိတော့ပါဘူး..
အသုတ်စားချင်လဲ မခက်ပါဘူး..
ကြက်သားဟင်းကို ရေ နဲနဲ ထည့်ပြီး မီးဖိုပေါ်တင်လို့ ပွက်လာရင် ကော်မှုန့်ဖျော်ပြီးထည့်မွှေရုံပါပဲ။။
ဆန်ခေါက်ဆွဲခြောက်ကို ၂နာရီလောက် ရေစိမ်ထားပါ။။
ဆန်ခေါက်ဆွဲ လုပ်စားတော့မယ်ဆိုရင်..ပါဝင်တဲ့အစာတွေ ကြိုတင်ပြင်ဆင်တာအကောင်းဆုံးပါပဲ။။
လုပ်ထားတဲ့အစာတွေကုန်နေတာကြောင့် မနေ့ညက အစာတွေ လုပ်ရင်း ဓါတ်ပုံရိုက်ယူထားပါတယ်။။
၁) နှမ်းဆီ..
ဝယ်လာတဲ့ နှမ်းစေ့လေးတွေကို အရင် လျှော်ပြီး.. မညက်တညက်ထောင်းထားပါပြီး..
ကြွေပန်းကန်လုံးထဲ ထည့်ထားပါ။။
၂) ငရုပ်သီးမှုန့်ကို( အကြမ်းမှုန့်နဲ့ အချောမှုန့် ရောရာ ပိုကောင်းပါတယ်) လဲ ကြွေပန်းကန်ထဲ
အသင့်ပြင်ထားပါ။။
၃) ကြက်သွန်ဖြူအခွံခွာပြီး ဓါးမြနဲ့ စင်းထားပါ။။
၎) ချောင်ကော် (တရုတ်မဆလာမှုန့်) အနည်းငယ်ကို ပန်းကန်လုံးလေးထဲ အသင့်ပြင်ထားပါ။။
ဒယ်အိုးထဲမှာ ဆီများများထည့်ပြီးချက်ပါ။။ အငွေ့ထလာရင် ..၁..၂..နဲ့ ၄ ပန်းကန်ထဲ လောင်းချပါ။။
တူလေးနဲ့ အစာတွေ ကို မွေပေးပါ။။ သတ်သတ်စီနော်။။
နံပါတ် ၃ က ကြက်သွန်ဖြူကို ဆီကြော်ထားပေးပါ။။
ကဲ..
အစာအတွက် ပြင်ဆင်ပြီးပါပြီ။။ပြီးရင် အောက်ပါပုံလေးတွေ အတိုင်းဖြစ်လာပါမယ်။။



ငရုပ်သီးဆီချက်


နှမ်းထောင်း ဆီချက်

ကြက်သွန်ဖြူကြော် (ကြော်ပြီး ခပ်တဲ့အခါ ဆီများများပါပါစေနော်)

ဆီချက်ထားပြီးတဲ့ အစာတွေ ကို ပုလင်းထဲ ထားပြီး အသုံးပြုနိုင်ပါတယ်..
ကျနော်ကတော့ တစ်လတစ်ခါလောက် အစာလုပ်ထားဖြစ်ပါတယ်။။
အဲ့ဒီအစာတွေ အပြင် ကြာညို့အငန်နဲ့ ကြက်သွန်မြိတ်ပါးပါးလှီးပြီးအသင့်ပြင်ထားပါ။။


ဒါက အမျိုးတစ်ယောက် တည်ထားတဲ့ မုန့်ညှင်းချဉ်..
နှစ်ပေါက် မုန်ညှင်းချဉ်ပါ..မုန်ညှင်းရယ်..ခါဂျက်ဥရယ်..ဂျူးမြစ်လေးရယ်..
တော်တော်စားကောင်းပါတယ်..။။(အလကားရလို့ထင်တယ်..ဟီးး)


ဒါကတော့ ဒီက အသိတစ်ယောက်က ဆန်ခေါက်ဆွဲ မကြိုက်လို့

မြီးရှည်ခြောက်လဲ ရှိနေတော့..သူ့ကို မြီးရှည်ပြင်ပေးလိုက်ပါတယ်။။
မြီးရှည်အတွက် ကြက်သားဟင်းကို ကော်မှုန့်ဖျော်ပြီး ချက်ထားပေးလို့ ထွေးထွေးလေးဖြစ်နေပါတယ်။။
ပြီးတော့ မြီးရှည်အတွက် မရှိမဖြစ် ပဲငပိ ထည့်ပေးထားပါတယ်..။။
(ဆန်ခေါက်ဆွဲ..ရှမ်ခေါက်ဆွဲ မှာအရည်ဖျော်စားစား
အသုတ်လုပ်စားစား... ပဲငပိ မထည့်ရပါဘူး)


မှတ်ချက် ။။ ။။ ရန်ကုန်က လူတွေက ဆန်ခေါက်ဆွဲကို ရှမ်းခေါက်ဆွဲလို့ ခေါ်ပါတယ်..
အမှန်က ရှမ်းခေါက်ဆွဲဆိုတာ ရှမ်းဆန်(ယာဆန်) နဲ့ လုပ်တဲ့ ဆန်စီးခေါက်ဆွဲပါ။။
ဟီဟိ ကိုဘ တပည့်လေ...ကိုဘလိုပဲ သေချာရှင်းပြချင်တယ်။။

23 comments:

တရက်လောက်တော့ လုပ်စားကြည့်ဦးမယ်..
ဆိုင်မှာသွားစားရင်တော့ အလုပ်ရှုပ်သက်သာတယ်..
မြီှးရှည်ကို ပိုကြိုက်တယ်..။

ပေါက်ပြောတော့ လွယ်သားပဲ.. လုပ်စားကြည့်ဦးမယ်... တို့ သိပ်ကြိုက်တာ.. အဲဒါ ရှမ်းခေါက်ဆွဲရည်ဖျော်လို့ပဲ ထင်နေတာ.. ဆန်စေးမှ ရှမ်းခေါက်ဆွဲခေါ်တာကိုး.. မသိပါဘူး..မှတ်သွားတယ်..။

စား၏. ဂွတ်တယ်

အသေကြိုက်တယ် ဆန်ခေါက်ဆွဲကို
တကယ်ကိုကြိုက်
သရေကျသွားသည်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ပြဿနာက ခေါက်ဆွဲအခြောက်တွေကို ဘလို တံဆိပ်ဝယ်ရမလဲ..ဘယ်ဟာလဲ မသိတာပဲ.. ဘလိုလုပ်ရပါ့...

ပေါက်လဲ ကိုဘကို အခုမှ စကားနားထောင်နေတယ်

သူငယ်ချင်း computerှာ ဗမာ keyboardမရှိလို့ ရမ်းသမ်းရိုက်နေတာ..

စာလုံးပေါင်း သည်းခံပါ

မျိုးကတော့ ၀ယ်စားတာမြန်တာပေါ့..
ကျုပ်က လက်လွယ်နေတာကိုး..
အချိုမှုန့်လဲ မစားတော့ အိမ်မှာလုပ်စားမှကိုယ့်စိတ်ကြိုက်..

မသိင်္ဂီ..အလုပ်ရှုပ်မှာစိုးရင်..
ဆီချက်အစာတွေ ၂ရက် ၃ရက်လောက်ကြိုလုပ်ထားပေးလေ..
ကြက်သားဟင်းကိုတရက်လောက်ကြိုက်ချက်ထားပေး..
စားမဲ့နေ့မှ ခေါက်ဆွဲခြောက်ရေစိမ်..
ကြက်သွန်မြိတ်လှီး...ရန်ကုန်ကဆို ၀မ်းဘဲ တံဆိပ်စားကောင်းတယ်..နယ်မှာတော့ ရေစိမ်စရာမလိုတဲ့..လတ်ဆတ်တဲ့ဆန်ခေါက်ဆွဲရတယ်

ကူကူး...ကူးကူး..

မမ ကြိုက်မယ့်အစာမျိုးမှုတ်ပါဘူး.ထင်တယ်..

ဖိုးစိန်..အသေကြိုက်ရင် အသားကုန်စားသွားပါနော်..

အစ်မ မေငြိမ်း..
နောက်ရက် ဓါတ်ပုံရိုက်တင်ပေးမယ်နော်..
အဲ့မှာ ဗီယက်နမ်ဆိုင်တွေ ရှိတယ်မို့လား..
ဆန်ခေါက်ဆွဲခြောက်ရော..မြီးရှည်ခြောက်ပါ..
ဗီယက်နန်ထုပ် ၀ယ်တာ..
ဗီယက်နန်ထုပ်က ဆန်သားစားကောင်းတယ်..
မကြေ လွယ်ဘူး..
မမေငြိမ်းရော နေကောင်းလား..

မေ..မေ..မေ..
ဒီမှာ လွမ်းနေတာ..
ဟားဟ

ဒီမှာ ညစ်နေ လေနေတာ ဆန်ခေါက်ဆွဲဆိုတော့လည်း ထစားလိုက်ပါဦးမယ်လေ... ဂလု

ဟုတ်တယ် ပေါက်ရေ.......ပေါက်ပြောသလို ဒီခေါက်ဆွဲကို အစ်မတို့လဲ " ဆန်ဖွယ် (ခ) ရေစိမ်ခေါက်ဆွဲ (ခ) ဆန်ခေါက်ဆွဲ" လို့ခေါ်တယ်။ ရေစိမ်ခေါက်ဆွဲခေါ်တာ ပိုများတယ်။ ဆန်စီးခေါက်ဆွဲလေး စားချင်လိုက်တာ ပေါက်ရယ်။

နှမ်းစေ့လေးတွေကို ဘယ်လိုလျှော်ရတာလဲခင်ဗျာ
လက်နဲ့လျှော်ရမှာလား စက်နဲ့လျှော်ရမှာလား
ရှင်းပြပါ ခပ်ထူထူအအနနနုံနံမို့ စိတ်မဆိုးပါနဲ့ခင်ဗျာ

မသီတာ မညစ်နဲ့ လစ်စို့..
မိုးကောင်းသူရေ..ဒီမှာတော့ ဆန်စီးတော့ရတယ်
ဆန်းစီးက ဖွယ်တယ်တယ်နဲ့ စားမကောင်းဘူး.
အစီးသုတ်စားချင်တာ..
ကိုရွာသားရေ..
ဒယ်အိုးအခြောက်ကို မီးသေးသေးနဲ့ အပူပေးပြီး..
နှမ်းထဲ့လှော်တာလေ..ဒယ်လေးနဲ့ မွေပေးလိုက်ပေါ့
၃၀စက္ကန့်လောက်ဆိုရလောက်ပြီထင်တယ်..
ကင်စက်မှာထည့်ကင်လဲ ရတယ်လေ..
အဆင်ပြေပါစေ

ပေါက် လက်ကလေး ခဏ ဖြုတ်ငှားမလားဟင်..

ပေါက်ရေ.. ဘယ်လိုခေါ်ခေါ် တို့ကတော့ အဲဒီလို ခေါက်ဆွဲဆို ကြိုက်တာပဲ.. ပဲငါးပိမရှိတော့ မြီးရှည်လိုမျိုး မလုပ်စားဖြစ်ဘူး.. ထိုင်းဆိုင်က ၀ယ်လို့ရတဲ့ ဆန်ခေါက်ဆွဲဖတ်က နည်းနည်းစေးတော့ အသုတ်လို လုပ်စားဖြစ်တယ်.. အရည်တော့ မချက်စားဖူးသေးဘူး.. :D

စားချင်တယ် စားချင်ပါတယ်ကွယ်

လင်းစ်ထုံ

ပေါက်ရေ အများကြီးပဲ ချက်တယ် ထင်တယ်နော်။ ချန်းချန်းကို ဘယ်တော့ အလည်လွှတ်မှာလဲ။ ဆန်ခေါက်ဆွဲလို့ မှတ်ထားလိုက်မယ်နော်။

ဟိ.. တို့လဲ လွမ်းတယ်
ဒီနေ့လဲမရှိဘူး.. တစ်ယောက်ကို လေယာဉ်ကွင်းက ကြိုရမယ်
ခောတ်ယောက်ျားလေးတွေ.. ကျားကျားယားယားကို မရှိဘူး
အမလေး.. မောလိုက်တာ.. ဒါနဲ့ရိုက်နေတာ..
http://maunghla.googlepages.com/Win2ZawGyi_convert_0.1.htm

ကျွန်တော်လည်း အရည်ဖျော်ပဲ အစားများတယ်။ အသုပ်ဆို မျိုလို့မကျဘူး။ လည်ချောင်းထဲ တစ်နေတယ်။ ဒီတော့ မျှောချဖို့ အရည်တမျိုး နောက်ထပ်လိုလာတယ်။

ဒါ့ထက် သိပ်အသေးစိတ်တွေ ရှင်းမပြပါနဲ့။ တို့များက အပြင်ပန်း ထုံတယ်လို့ ထင်ရပေမယ့် တကယ်တမ်း မထုံပါဘူး။ (ဟဲဟဲ)လူလည်ပါ။

ဒီညထပ်လာစားတယ် ရှမ်းခေါက်ဆွဲ..

ဒီကိုမရောက်တာတောင် ကြာသွားပြီ။ ဒီ weekend လဲမအား ဘူး။ on call ကျနေတယ်။ အား လုံးကို သတိရပါတယ်။

ငါ့ အကြိုက်ပေါက်ကြီးရေ ကျေးဇူးပဲ နောက်မှ ပဲ မေးစရာတွေ မေးတော့မယ်။ ဖြေဖို့ပြင်ထား မု မကောင်းလဲ ဇွတ်မေးမှာေ နာ် ။ သတိနဲ့ ရှောင်နေတော့ ဟိ

ဟိုက် မန်းတလေး ကခေါက်ဆွဲ အတိုင်းပါလား။ ကျွန်တော်ချက်တာနဲ.များ ကွာပါ့

ပေါက်ရေ....
ဒွေး စကားလုံးငှားပြောရရင်တော့...

ဆန်ခေါက်ဆွဲကတော့ ကျနော်အကြိုက်ဆုံးပါဘဲခင်ဗျာ...။

ဒါနဲ့ စကားမစပ် ဘယ်ဘ၀ဆုတောင်းကြောင့် အစားမျိုးစုံ လုပ်တတ်နေတာလဲ...
မလွှဲသာမရှောင်သာ နောက်ဘ၀လူပြန်ဖြစ်ရင်..
ပေါက်ဖွင့်တဲ့  စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ရပါလို၏...း)