စိတ်ထဲရှိတာ...

အခုတလော ညညဆိုအိပ်မရဘူး..။။
ကြမ်းပိုးကိုက်လို့..။။
ခေါင်းထဲမှာ ရှိနေတဲ့ အတွေးကြမ်းပိုးတွေ ကိုက်နေလို့။။

စိတ်ပြေလက်ပျောက်ဖြစ်အောင် အမေ့ဆီဖုန်းဆက်တော့ ဆက်တိုင်း
အမေက အိမ်မှာရှိမနေဘူး ။။ ဒီည အမေ့သူငယ်ချင်းအိမ်ဖုန်းဆက်တော့
တလောက အမေနေမကောင်းဖြစ်တာ သိရတယ်။။ စိတ်နေမကောင်းဖြစ်တာပါတဲ့။။

အမေနေမကောင်းဖြစ်ချိန်မှာ အမေ့ဘေးနားမှာ ရှိမနေနိုင်တာ ၀မ်းနည်းတယ်။။
အမေ့ရင်ထဲ ဘယ်လိုခံစားနေရတယ်ဆိုတာ ကျနော် နားလည်ပေးနိုင်ပါတယ်။။
.......................................
........................................
...........................................

စိတ်ကောက်ချင်နေတယ်။။
ကိုယ်စိတ်ကောက်တာ ခံမယ့်သူ မရှိတာလည်း လေပါတယ်။။
ကိုယ်စိတ်မကောက်တာ ဘယ်လောက်ကြာပြီလဲ ဆိုတာ စိတ်ထဲကနေ
လက်ချိုးရေနေမိတယ်။။

နီးနေတဲ့ အရာကို အဝေးကြီး ပစ်ပေါက်လိုက်ချင်တယ်။။
ဝေးသွားတော့လည်း နီးအောင် ပြန်ဆွဲယူနေမိတယ်။။
ကိုယ့်ရဲ့ ဒွိဟစိတ်ကြီးကိုလည်း လေပါတယ်။။

အရာရာကိုအလျှော့ပေးနေရတယ်။။
အရာရာကရော ကိုယ့်ကို တခါတရံ အလျှော့ပေးဖို့
စိတ်ကူး မရှိဘူးလား ။။






18 comments:

စိတ်ထဲရှိတာချင်းတူနေတယ်

စိတ်မကောင်းပါဘူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တို့ကို လာကောက်.. ချော့ကြည့်မယ်

တို့တွေလဲ မိဘတွေ အနားမှာ ရှိမနေနိုင်တာချင်း တူတူပဲ၊ ဖုန်းပဲ ခဏခဏဆက်ရတာ.. ကိုယ်ချင်းစာပါတယ်

အခုတလော ဘယ်သူမှ စိတ်ကြည်ကြည်လင်လင်ရယ် လို့ မရှိပါဘူး ပေါက်ရေ။ အများနဲ့အတူပါပဲ။ သူ့အားပေး၊ ကိုယ့်အားပေးပဲပေါ့။

ကြားရတာ စိတ်မကောင်းပါ.

ဒါပေမယ့်. “ချမ်းချမ်း” မျက်နှာလေးမြင်ပီး
ပြောချလိုက်ပါ.
“ You must be stronger ” P.s: :{သူများ ကိုယ်ရေးကိုတာ ကိစ္စ ဝင်စွတ်ဖက်တယ် ထင်ရင် ကျွန်တော့်ကိုလုံးဝ ခွင့်မလွှတ်ပါ နှင့်}

ပေါက်ရေ.. ပန်းလာပို့တာ

http://www.ferryhalim.com/orisinal/flowers/index.htm
နံပါတ်က 142824287181

ပေါက်ရေ.... ဒီလိုပါပဲအေ...။

ဒီလိုချရေးလိုက်တော့ နည်းနည်းသက်သာသွားတယ်မလားပေါက်..။

ပေါက်ခံစားချက်လေးတွေရေးထားတာ ဟစ်ဟော့တေးသွားတပုဒ်လိုပါပဲလား…
စိတ်ကြမ်းပိုးကိုက်တယ်တဲ့… မိုက်တယ်…
အမေနေကောင်းသွားပြီလား… ဝေးနေရတဲ့ဘ၀တွေ မကောင်းပါဘူးပေါက်ရယ်… ကိုယ်ချင်းစာတယ်…
အနားကသူက မချော့တတ်လို့ လား… ဒါဆိုတူတူပဲ… အမဆို ကိုယ့်ဘာသာစိတ်ကောက်ပြီး ကိုယ့်ဘာသာပြန်ချော့လိုက်ရတာပဲ…

စိတ်ဆိုတာ ဒီလိုပါပဲ ပေါက်ရယ် တက်လိုက် ကျလိုက်ပါပဲ...အနီးဆုံးထွက်ပေါက်ကတော့ အာရုံတွေ ပြောင်းပလိုက်...(အမှန်ဆုံးမဟုတ်ပေမဲ့ မသီတာ သုံးတဲ့နည်းပါ)

အလုပ်ကညဆယ်နာရီမှပြန်ရောက်တယ်။မောလိုက်တာ။ ပေါက် ဘလော့လာတော့ပိုမောတယ်။

တခုတော့ပြောလို့ရတယ်။ ကိုယ်က အရာရာတွေကိုအရှော့မပေးချင်ရင် ကိုယ့် မှာအရာရာကို ဘယ်လိုထိန်း ချုပ်ရမယ်ဆိုတဲ့ နိတ်သရီး လိုတယ်။ အဲဒီအတွက် ဘွဲ့တွေ ဒီဂရီတွေမလိုဘူး။ လိမ်မာပါးနပ်ဖို့လိုတယ်။

ကြမ်းပိုး သတ်ဆေးပေးမယ်နော်..
ဦးနှောက် ထဲ ထည့်ဖို့ ...းp

ပိုလိုသောက်ပြီးရှင်းပြစ်လိုက်..

စိတ်ထဲရှိတဲ့ ကြမ်းပိုးတွေကို တို့ဆီ မေးလ်နဲ့ ပို့လိုက်.. အကုန် ဗိုင်းရပ်စ်လုပ်ပြီး ပွားပစ်လိုက်မယ်.. စိတ်တိုတိုနဲ့...:)

စိတ်မညစ်နဲ့ ပေါက်စ်ရေ... ဟာတာတာကြီးဖြစ်နေရင် သူငယ်ချင်းတွေနဲ့ စကားပြော..သီချင်းနားထောင်..(ကြမ်းပိုးမကိုက်မယ့်သီချင်းမျိုးနော်).. စာဖတ်..စိတ်ကို ပြောင်းလိုက်ပါ...။

ပေါက်ရေ...
ကြမ်းပိုးတွေ မျှယူသွားတယ်..
ပေါက်...ခံစားမှုသက်သာပါစေ...။

ပေါက်ရေ စိတ်ကြည်လင်ပါစေလို့။

လာကောက်လေ အကောက်ခံမယ်..း)

အရာရာနဲ့လွန်ဆွဲမနေနဲ့.. အသာလေးလွှတ်ပေးထားလိုက်.. သူ့အလိုလို လျော့ပေးသွားလိမ့်မယ်..း)

း) x ၁၀၀၀

ပေါက်ကလေး...
အားလုံးတူတူတွေချည်းပဲ...
စိတ်မညစ်ပါနဲ့... လူရော စိတ်ပါ ကြိုးစားပြီး နေကောင်းအောင်နေပါ..

Strike... စကားကို ကောင်းကောင်းပြောပါလေ...
ဒီမှာ ပေါက်က တကယ်စိတ်ညစ်နေတာ... (အဟဲ.. အကွက်ကြုံတုံးလေး ဝင်နှိပ်သွားတာ...)