5/16/2009

ကိုရီးယားပဲခေါက်ဆွဲ တဲ့..


炸醬 麵( zha jiang mian )တဲ့


ကိုရီးယားကားမကြည့်တဲ့ ကျနော့်အတွက် ပဲခေါက်ဆွဲဆိုတဲ့ အခေါ်အဝေါ်က စိမ်းနေပါတယ်။
သူများတွေ ကိုရီးယားပဲခေါက်ဆွဲလို့ ပြောတိုင်း အုန်းနို့ခေါက်ဆွဲလိုပဲ ပြေးမြင်ယောင်နေမိတယ်။။
၂၀၀၈ မေမြို့ပြန်မှဘဲ ပဲခေါက်ဆွဲဆိုတာ မည်းမည်းကြီးလို့သိလိုက်ရတဲ့အချိန်မှာ..
ကိုယ့်ကိုယ်ကို အတော်ရီချင်သွားပါတယ်။။ကိုယ်တော်တော်ရင်းနှီးနေတဲ့ အစာဖြစ်နေပြီး
အခေါ်အဝေါ်ကြောင့် မသိ နားမလည်ဖြစ်ရတာကို။။
ဒီခေါက်ဆွဲကို ကျနော်မကြိုက်လှပါဘူး ။။ ချန်းချန်း မကြာမကြာတောင်းဆိုတတ်တဲ့
ခေါက်ဆွဲပေါ့..။။ ဒီနေ့တော့ ချန်းလဲ အိမ်မှာရှိတုန်း လုပ်ကျွေးဖြစ်ပါတယ်။။




လိုအပ်တဲ့ အစာတွေကတော့...
၁) ကြက်သွန်နီ တစ်လုံး
၂)အာလူးတစ်လုံး
၃)節瓜 ZUCCHINI တစ်ခု(ဒီ အသီးကိုရှိလဲထည့် မရှိလဲ ရပါတယ်။။)
၎) ကြက်သွန်မြိတ်


အမဲသားကြိတ်သား အနည်းငယ်..ကြက်သွန်ဖြူဓါးပြားရိုက်နဲ့ ကြာညို့အငန်နဲနဲထည့်ပေးထားပါ


အစာနံပါတ် ၁ ။ ၂ ။ ၃။တို့ကို အတုံးသေးသေးစိတ်ပြီးအသင့်ပြင်ထားပါ။။


ဒါကတော့ ဇာတ်လိုက်ပေါ့..ကိုရီးယားပဲငပိ ( bean sauce )တရုတ်ဆိုင်တွေ
ကိုရီးယားဆိုင်တွေမှာရရှိနိုင်ပါတယ်။။

ထမင်းစားဇွန်း ၄ ..၅ ..ဇွန်းလောက် ..
ကဲ...
စချက်တော့မယ်နော်..
ပထမဆုံး ဆီပူထဲမှာ ပဲငပိကို အရင်ကြော်ပါ ။ ပြီးရင် ကြက်သွန်နီနဲ့ အာလူးစိပ်ပြီးသားထည့်ပါ။။
နောက် အမဲသား ထည့်ကြော်ပါ။။ နောက်ဆုံးမှ ZUCCHINI စိပ်ပြီးသားထည့်ပါ။။
ရေနဲနဲထည့်ပြီး အိုးဖုံးပိတ်ထားပေးပါ။။မနေ့ကကျန်တဲ့ ပုဇွန် ၁၀ကောင်လောက်ကို
ပစ်ထည့်လိုက်ပါသေးတယ် ။။
ဆား...ကြာညိုအငန်ထပ်ထည့်စရာမလိုပါဘူး။။ ပဲငပိရဲ့ အငန်ဓါတ်နဲ့ လုံလောက်နေပါပြီ။။
အလေးကြီုက်တတ်သူများ ထပ်ထည့်နိုင်ပါတယ်။။
၅မိနစ်လောက် ဆို ရပါပြီ။။
ခေါက်ဆွဲကတော့ 拉麵 (hand made noddle)နဲ့မှလိုက်ဖက်ပါတယ်။။
အစိမ်းကိုဈေးက၀ယ်လာပြီး အနှစ်ချက်ပြီးရင် ပြုပ်လိုက်ရုံပါပဲ။။
ပြုပ်ပြီး ရေအေးနဲ့ ဆေးဖို့မမေ့ပြါနဲ့နော်။။ မြန်မာမှာတော့ မရှိလောက်ဘူးထင်တယ်။။





သခွားသီးစိမ်းလေးတွေကို အခုလို သေးသေးမျှင်မျှင်စိပ်ထားပေးပါ။။
ခေါက်ဆွဲထည့် ။အနှစ်လောင်း ပြီးရင် အပေါ်က ဖြူးရုံပါပဲ။။


ဖြည်းဖြည်းစားကြနော် ။။ကင်မ်ချီးလေးနဲ့ တွဲစား..အအီပြေတယ်။။
အားမနာနဲ့ ။။


နယ်လိုက်တော့ အခုလို မည်းမည်းကြီး ...
ဒီနေ့လုပ်တာစားကောင်းတယ် လို့တော့ ချန်းကပြောတာပဲ..။။ဟိ

15 comments:

  1. ကိုရီးယားကားမှာပဲ တွေ့ဖူးတယ်၊ စားကောင်းလား.. ချိုချိုကြီးလား

    တို့က Korean red pepper paste တော့ ဆောင်ထားတယ်၊ ဝက်သားကင်နဲ့ ကောင်းတယ်

    ReplyDelete
  2. ကြိုဖိုးMay 17, 2009 at 12:39 AM

    စားလို့ ကောင်းသကွ မဆိုးဘူး ။ အင်း ခေါက်ဆွဲကစားလို့ ကောင်းလို့ ချန်း စား တာ နဲ့ နည်းနည်းပဲ မြည်းရတယ် နောက် ခေါက်မှ များမချားစားတော့မယ် ။

    ReplyDelete
  3. အမဲသားမစား။ ကြက်သားပဲစားတယ်။ နောက်တခါ ကြက်သားနဲ့လုပ်။ ဖြစ်လား?

    ReplyDelete
  4. ဘဝမှာ ဒါပထမဆုံးပဲ။ ကိုရီးယား အစာ ကို တွေ့ဖူးတာ။ တကယ်ပြောတာ

    ReplyDelete
  5. အဲ..ပျစ်ချွဲချွဲကြီးနော်..ကော်ရည်ခေါက်ဆွဲတောင်မစားဘူး။
    အရသာဘယ်လိုနေလဲ။
    mm

    ReplyDelete
  6. တို့စားဖူးတဲ့ ကိုးရီးယားပဲခေါက်ဆွဲထက် ပေါက်ခေါက်ဆွဲက ပိုကောင်းမယ့်ပုံပဲ..စားချင်လာပြီနော်..
    ဘာလိုလိုနဲ့ ပေါက် ဘလော့ဂ်လည်း တို့အတွက် စားချင်စရာအဖြာဖြာ ဖြစ်နေပြီ..:)

    ReplyDelete
  7. စားချင်စရာဘဲပေါက.်

    ပေါက်ဆိုတာ အိမ်နာမည်လာ.း

    ReplyDelete
  8. မကြိုက်လောက်ဘူးထင်တယ်....
    ကိုရီးယားကားထဲ အားပါးတရစားနေကြတာတွေ့ောတ့လည်း စားချင်သား...။

    ReplyDelete
  9. စမ်းကြည့်ချင်နေတာကြာပြီ။ ကျေးဇူးပါပဲ။

    ReplyDelete
  10. khin oo may said...

    စားချင်စရာဘဲပေါက.်

    ပေါက်ဆိုတာ အိမ်နာမည်လာ.း

    She starts nosy :)

    ReplyDelete
  11. ကြည့်ရတာ စားကောင်းမဲ့ပုံပဲ။ တခါမှ မစားဖူးဘူး။ ချန်းကကောင်းတယ်ဆိုရင် တကယ်ကောင်းလို့ ဖြစ်မယ်။

    ReplyDelete
  12. ကိုရီယားကား မကြည့်ဖူးပေမယ့် ပဲခေါက်ဆွဲကိုတော့ ကြားဖူးနေပါတယ်... သို့သော် တခါမှ မမြင်ဖူး.. မစားဖူးပါ...။
    ပေါက်လုပ်ထားတာလေးက စားချင်စရာလေး...
    တကယ်စားရရင် ကောင်းမှာ...

    ReplyDelete
  13. ပေါက်ရေ… စိတ်ဝင်စားစရာနော်… တခါမှ မမြင်ဖူးဘူး.. ချန်းကြိုက်ရင်သားလဲကြိုက်လောက်တယ်… စမ်းကြည့်ဦးမှ…

    ReplyDelete
  14. အဲ့တာ ခဝဲသီး ပေါက်

    ReplyDelete
  15. မဟုတ်ဖူး..တီချမ်း..
    ခဝဲသီးလဲရှိတယ်..ဒီမှာ..။
    ခဝဲသီးက သက်သက်..။
    နောက်ကြုံရင် တွဲရိုက်လာပြမယ်လေ..။
    အခုဒီအသီးက ဥရောပဖက်မှာလဲ ပေါတယ်..။
    ဘိုလို zucchini လို့ခေါ်တယ်..။

    ReplyDelete