5/15/2009

ထမင်းပေါင်း


ဒီနေ့ ထမင်းဟင်းမချက်ချင်လို့..မြန်ပြီးလွယ်တဲ့ ထမင်းပေါင်းလုပ်စားဖြစ်တယ်..



ဂေါ်ဖီထုပ်...ပန်းမုံလာ..ခါဂျက်ဥ ရှိရင် အဆင်ပြေပါတယ်..
ကြက်သွန်မြိတ်က ကြော်ပြီးခါနီးမှထည့်ဖို့ပါ..
ကြက်သားရှိရင် ကြက်သားပါးပါးလှးီပြီး ကြက်သွန်ဖြူ ကြာညို့အငန် ချောင်ကော့နဲ့ နှက်ထားပါ..
ဒီနေ့ ပုဇွန် အခွံနွာပြီးသားရှိနေတာနဲ့ ပုဇွန်နဲ့ပဲကြော်ဖြစ်ပါတယ်..
တခြားအသား..ပြည်ကြီးငါး စတာတွေနဲ့လည်း အဆင်ပြေပါတယ်..။။

ပထမဆုံး နှက်ထားတဲ့ အသားကို မီးပူပူနဲ့ ကြော်လိုက်ပါ..
၁မိနစ်လောက်မှာ ပန်းကန်တစ်လုံးထဲဆယ်ထားပါ..
နောက် ငရုတ်သီးခြောက်ကိုအရင်ကြော်ပြီးဆယ်ထားပါ..
အသင့်ပြင်ထားတဲ့ အသီးအရွက်တွေကို ဆီပူပူမှာကြော်ပါ..
ရေနဲနဲ...ဆားနဲနဲထည့်ပါ..အိုးဖုံးခဏအုပ်ထားပေးပါ..တမိနစ်လောက်..
ပြီးရင် ကြော်ထားတဲ့ပုဇွန်နဲ့ငရုတ်သီးထည့်ပါ..
ကော်ရည်ကြိုက်တတ်ရင် ခပ်ကျဲကျဲအရည်ဖျော်ပြီးထည့်ပါ..
ကြက်သွန်မြိတ်ဖြူးပြီးရင် သုံးဆောင်နိုင်ပါပြီ။။


ကြိုက်တတ်ရင် ကြက်ဥကြော်ပြီး တွဲဖက်သုံးဆောင်နိုင်ပါတယ်။။
အချဉ်ကို သခွားသီးနဲ့ ဖီတန်သုတ်ပါတယ်..။။တင်ဖူးပြီးသားမို့ ရိုက်မထားတော့ဘူး။။


ဒါက ထမင်းစားပြီး အချိုတည်းစရာ ကျောက်ကျောအအေး နွားနို့နဲ့။။
(တရက်က ရိုက်လာတာ..)


မမတို့ ညီမလေးတို့အတွက်...
အခုတလောထွက်လာတဲ့ ဂါဝန်လေးတွေ..

ကျနော်နဲ့တော့ မကိုက်ညီပါ။။

20 comments:

  1. နံပါတ်မှာ ၁ ငှဲငှဲ

    ReplyDelete
  2. ပေါက်ရေ.. ကျောက်ကျောထဲက ဝါဝါတွေက ဘာတွေလဲ

    ဖတ်ရတာ ဗိုက်ဆာပါ

    ReplyDelete
  3. ကျောက်ကျောဘေးက ဘူလေးလဲဟေ့...၊
    ဂါဝန်တွေက တို့နဲ့ လားလားမှ မဆိုင်ပါ...။

    ReplyDelete
  4. တို့နဲ့လဲမတော်ဘူးပေါက်။ အဟင့်

    ReplyDelete
  5. လှတာတော့လှတယ်။

    ReplyDelete
  6. ထမင်းပေါင်းကလေးစားသွားတယ်။ အတော်ဘဲဗိုက်ဆာနေတာနဲ့။

    ReplyDelete
  7. ပေါက် အင်္ကျီတွေပဲပေး..
    ထမင်းပေါင်းတော့မစားတော့ဘူး..
    ခုဗိုက်အရမ်းအင့်နေလို့ ဘာမှမစားချင်ဘူးဖြစ်နေတာ.. :P

    ReplyDelete
  8. မေရေ..
    ကျောက်ကျောထဲက ၀ါဝါလေးတွေက
    ကန်ဇွန်းဥနဲ့ လုပ်ထားတာ..
    မယ်ဆင်ရေ..
    ဘေးကပါလေရာ ငပိချက်ချန်းလေ..
    မမ..
    ဂါဝန်ဘူတူမှ မ၀တ်ရင်
    ကျနော်အနစ်နာခံပြီးဝတ်လိုက်ရ..
    ဟင်းးး

    ReplyDelete
  9. ထမင်းပေါင်းတော့ ကြိုက်လို့စားသွားတယ်
    ဖြစ်နိုင်ရင်ဂါဝန်လေးတွေကိုယူသွားချင်တယ်
    ချစ်ချစ်အတွက်ပေါ့
    ခင်မင်စွာဖြင့်
    ဖိုးစိန်

    ReplyDelete
  10. ဖိုးစိန် ညီမ ကို အဲဒီ ဂါဝန်လေး ဝယ်ပေးမယ်

    ReplyDelete
  11. ပေါက်ရေ..ဒီနေ့တော့နိုးနိုးချင်းထမင်းပေါင်းလေး လာငမ်းသွားတယ်.. အဲဒီဂါဝန်တွေက ကျုပ်နဲ့လဲမကိုက်ပေါင်..း)

    ReplyDelete
  12. ထမင်းပေါင်းကို ညကတည်းက ဗိုက်ဆာသွားတာ။ အများကြီးပဲ တပန်းကန်လုံး အဝတီးလိုက်ရလို့ကတော့။

    ReplyDelete
  13. ချန်းချန်း တယောက် ဘုတ်ဆုံမလေး ဖြစ်လာရင်တော့ စားကောင်းအောင်ချည်း ချက်ကျွေးနေတဲ့ မားမားအပြစ်ပဲ... ဒီမှာတော့ မော်ဒယ်ထိုင်ငို..ညီအကို ရှိတယ်...(သူတို့ အမေက သူချည်းစားပြီး ကလေးတွေတော့ မကျွေးပဲထားတဲ့ ပုံ)
    ...စားသွားပြီ ထမင်းပေါင်း နှစ်ပွဲ...
    အင်္ကျီလည်း ၀တ်ကြည့်လိုက်ဦးမယ်...ဗိုက်မှာတစ်နေတယ်...ပြန်ချွတ်လို့ မရတော့ဘူး...ကယ်ကြပါဦး

    ReplyDelete
  14. ထမင်းပေါင်းတော့ ကြက်ဥလေးနဲ့ စားသွားပြီ။
    ဂါဝန်ကတော့ ၂ခါ ပြန်ကြည့်ပြီး ခေါင်းငိုက်စိုက် ချသွားတယ်။

    ReplyDelete
  15. သူ အမေက ကလဲ ဘုတ်အီးမပဲလေ။

    ReplyDelete
  16. အချိုပွဲကြိုက်တယ်...
    အနက်ေ၇ာင် ဂါဝန်လေးလည်း လိုချင်ပါ့ ...

    LYSS:

    ReplyDelete
  17. ထမင်းပေါင်းတော့ နဲနဲစားသွားတယ်...
    ဂါဝန်တော့ မကြိုက်လို့ တခါမှ မဝတ်ဖူးဘူး
    စကားမစပ်.. ပေါက်ကရော တို့လိုပဲ ဂါဝန်မကြိုက်တတ်တဲ့သူ တယောက်လား...

    ReplyDelete
  18. အားပါး.....ချစ်ဖို့ကောင်းလိုက်တဲ့.....ပေါက်

    ReplyDelete
  19. အားပါး...ချစ်ဖို့ကောင်းလိုက်တဲ့...လက်

    ReplyDelete
  20. ပေါက်ရေ....ဒို့နဲနဲယူစားသွားတယ်နော်။

    ReplyDelete