ကဒ်...


အမေ့နေ့အမှတ်တယအတွက် ချန်းကိုယ်တိုင်(handmade)လုပ်ပြီးပေးတဲ့ ကဒ်ပါ..
ဒီပုံလေးက မျက်နှာစာ...
ဘယ်ဖက်ထောင့်က 1 လို့ရေးထားတာ..သူ့ဘ၀မှာ မာမားက နံပါတ်တစ်ပါတဲ့..
(အပြောကတော့ ရွှေမန်းပဲနော်..)
ပြီးတော့ အသည်းပုံအကြီးကြီးထဲမှာ ``မာမားကိုချစ်တယ်``ဆိုတဲ့စာသားလေး
ညာဖက်ခြမ်းက ပန်းလေးက အမေနေ့အတွက် ပန်းလေး..



ဒါလေးက ကဒ်လေးကိုဖွင့်လိုက်ရင် တွေ့ရတဲ့ အတွင်းပိုင်းး



ဒါလေးကတော့ နောက်ကျောဖုံးပါ..
ရောင်စုံအကွက်လေးတွေက ဖျာရက်သလို ရောင်စုံစာရွက်လေးတွေကို
ညှပ်ပြီး ဖျာရက်သလို ထိုးထည့်ထားတာပါ..တဲ့..

15 comments:

သိတ်လိမ်မာတာဘဲ။

ချန်းချန်း ကိတ်မုန့်ဝယ်ဖြစ်လား။
mm

သိပ်တော်တဲ့ သမီး
း)
ကိတ်စားရသေးလား

အမေနေ့ဆိုတာနဲ့ ကိတ်မုန့်ကို သတိရကြတယ်။ ကျွန်တော်လည်း အတူတူပဲ။ :D

သမီးလေးကလိမ်မာလိုက်တာ။ တော်လဲတော်တယ်ထင်တယ်နော်

လုပ်လဲ လုပ်တတ်လိုက်လေ ပေါက်ရေ........

ချန်းချန်းကစိတ်ကူးကောင်းတယ်..
ပေါက် ကဒ်ကလေး ကြည့်ပြီး ပီတိတွေဖြစ်နေမှာပေါ့လေ..။

လုပ်တတ်လိုက်တဲ့ ချန်း... လိမ္မာလိုက်တာလည်း တကယ်ပါပဲ...။

ကဒ်လေးက လှလိုက်တာ အန်တီတာတောင် အဲ့လောက်မလုပ်တတ်ဘူး...တကယ်တော်တဲ့ ချန်းချန်းလေး

တကယ်တော်တဲ့ ချန်းချန်းလေးကို ကစ်စ်စ်စုတွေ ပေးသွားတယ်။
ဒေါ်ဒေါ်နိ

အမေ မဟုတ်တဲ့ ဘေးကတို့တွေတောင် ကြည်နူးသွားတယ်။ ချန်းချန်းလေးရေ..အာဘွားစ်စ်စ်..

ချစ်စရာလေး.. သိပ်စိတ်ရှည်သည်းခံတတ်မယ့်ပုံပဲ..

ဘာပြောကောင်းလဲ။ အိုင်ဒီယာရပြီ။ ချစ်ချစ်ရဲ့ ဟက်ပီဘတ်ဒေးကျရင်လည်း အဲဒီအတိုင်း ကဒ်တခုလုပ်ပြီး ပဏာယူလိုက်ဦးမယ်။

ကဒ်လေးလှတယ်၊ လိမ္မာလိုက်တဲ့ သမီးလေး၊ ချန်းက ချစ်ဖို့ကောင်းလိုက်တာ.. She's really creative as well.


“လေးပေါက်” နဲ့ “သားလေး အေးအေး”
တို့ သာယာ လှပတဲ့ အနာဂတ်လေးများ
ပိုင်ဆိုင်ကြ ပါစေဗျားး..