မှိုခရုဆီကြော် 杏鮑菇



ဒီနေ့ ထပ်ကြော်လို့...ပြန်တင်ပေးလိုက်ပါတယ်..(၅. ၈)
ကြက်သွန်မြိတ်လေးနဲ့ ကောင်းမှကောင်း
(နံနံပင်နဲ့ မလိုက်ဖက်ဘူးနော်..)


နွေပေါက်ရင် ဒီမှိုတွေ ပေါ်တယ်..
သူ့ရိုးတံလည်း စားကောင်းတယ်..


ကြက်သွန်ဖြူ ဓါးပြားလေးရိုက်..စိပ်..(ကြက်သွန်ဖြူက မှိုအဆိပ်နိုင်တယ်တဲ့)
ငြုပ်သီးစိမ်း ၂တောင့်လောက် ထက်ခြမ်းခွဲထား..


ပုံပါအတိုင်း အစောင်းလေးတွေ လှီးထားပါ..



ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်..
ဆီပူရင် ကြက်သွန်ဖြူနဲ့ ငြုပ်သီးကို ရှဲကနဲ ကြော်..
လှီးထားတဲ့ မှိုလေးတွေ ပစ်ထည့်..
ခရုဆီ လက်ဖက်ရည်တစ်ဇွန်းစာလောက်ထည့်..
ဆား ပါလေကာ ထည့်...မွှေပေးပါ..ရေနည်းနည်းထည့်ပါ(ပါလေကာ..မှိုကရေထွက်တတ်ပါတယ်)
အိုးဖုံးတစ်မိနစ်လောက်အုပ်ပြီးရင် သုံးဆောင်နိုင်ပါပြီ..
ကြက်သွန်မြိတ်ဝယ်ထားတာ မရှိလို့..ရှိတဲ့နံနံပင်အကြွင်းအကျန်ကိုပဲ ထည့်လိုက်ရပါတယ်..

21 comments:

လက်ကလေးကချစ်စရာ

လက်တွေ့သမားလက်ဘဲ။

သိတ်ပင်ပန်းသွားဦးမယ။်နောက်နေ့မှ တို့ကန်ဇွန်းရွက်ကြော်ကျွေးမယ်။

စားလီု့ကောင်းတယ။် ကြိုက်တယ်။

မှိုကြိုက်တယ် စားမယ် ဝါးမယ်

စားချင်တယ်၊ ဒီက မှိုတွေက အဲ့လို မဟုတ်ဘူး၊ ကန်စွန်းရွက်ကလဲ တစည်း သုံးပေါင်ခွဲဆိုတော့ ကပ်စည်းနည်းပြီး ဝယ်မစားဖြစ်ဘူး၊

လက်လေးပြထားတယ်ပေါ့.. ဟ!

မှိုက အကြီးကြီးနော်။ ကြိုက်တယ်။ စားမယ်။

ဒါနဲ့ မမက ဗေဒင် လက္ခဏာလဲ ဟောသေးလား။ :)

ပေါက်ရယ်ရက်စက်လိုက်တာ၊ပေါက် မှိုကလည်းတင်းပုတ်ကြနေတာပဲ လူရိုက်ရင်တောင်သေနိုင်တယ်

မှိုကို စိတ်မ၀င်စားဘူး လက်ရဲ့ ကြန်အင်လက်ခဏာဘဲ ကြည့်သွားတယ် တုတ်တုတ်လေး ချစ်စရာ လက်ကလေးတော့

ချစ်စရာ လက်ကလေးတော့

မှိုကတော့ ကြောက်စရာကြီး

လက်ကလေးကချစ်စရာ

လက်တွေ့သမားလက်ဘဲ။
wrong!!!!!!

Beer သောက်ပြီး karaoke ဆိုတဲ့လက်

ဒီမှာလည်း အဲမှိုတွေပေါတယ်။ မှိုကို ဘယ်လိုလုပ်လုပ် ကြိုက်တယ်။ ပေါက်ကြော်ထားတာ ပိုစားချင်စရာလေး။ နံနံပင်ထည့်တော့ မွှေးတာပေါ့။

အဲဒီမှိုက စားလို့ကောင်းတယ်နော်။ ဘာမှိုနေနေ ကြိုက်တယ်။ :)

ဟုတ်ပါ့ မှိုကတော်တော်ကြီးတာပဲ..
မှိုကိုကန်စွန်းနဲ့ကြော်တာလည်း ကြိုက်တယ်..
ပေါက် ဒီလိုကြော်ထားတာလည်း ကြိုက်တယ်။

This comment has been removed by the author.

ဧရာမ မှိုကြိး...
မှို ကြိုက်တယ်ပေါက်....။

မှိုကိုတော့ နံနံပင်ထည့်မစားဖူးဘူး..ကန်ဇွန်းရွက်လေးနဲ့ပဲ ကြော်စားဖြစ်တယ်..ဒီတစ်ခါကြော်ရင် ပေါက်ရဲ့နည်းအတိုင်း နံနံပင်လေးထည့်ဦးမှ...မွေးမဲ့ပုံပဲ။

မဂွိစ်လို လက္ခဏာ ကြည့်သွားတယ်။ ခပ်တည်တည် ဖြီးရရင်တော့ အရာတစ်ခုကို လွယ်လွယ်နဲ့ အလျော့မပေးတတ်တဲ့ သူရဲ့ လက်မမျိုး။ :D

ကြည့်ရင်းကြည့်ရင်းလက်ကြီးပါစားချင်လာပြီ

မှို ကြိုက်တဲ့ထဲက တစ်ယောက်ပါ.........
(ကို)

လက်ကို လာကြည့်တာမရှိတော့ဘူး Strike သုတ်သွားပြီနေမှာ

ထပ်ကြော်တော့လည်း ထပ်စားရတာပေါ့ TQ

ဘာကျွေးကျွေးစားမယ်။