5/01/2009
ကျနော့်ရဲ့ ပန်းချီကျော်...
ချန်းချန်းရေဘူးပေါ်ကပုံလေးတွေပါ..။။
ပုံမှာတဲ့ကောင်မလေးက သူထင်တယ်..
မိုးတွေရွာလို့...
´´ထီးကဘာလို့ ဇောက်ထိုးဖြစ်နေရတာလဲ..´´လို့ကျနော်ကမေးတော့..
ထီးပြုတ်ကျသွားလို့...တဲ့လေ..
ဒီပုံလေးက အီအီးပုံလားး..´´ လို့မေးတော့..
ဟုတ်တယ်..တဲ့..ပါချ ခါစ ပူပူနွေးနွေးလေး..တဲ့..(မှတ်ကရော..)
ကိုယ့်မှာတော့..ငိုရက်ခက် ရယ်ရခက်နဲ့..
သူသောက်တဲ့ရေဘူးပေူါ်မှာတောင် လုပ်ရက်တယ်....
သူတို့ကျောင်းက အားကစားပွဲမှာ နံရံပန်းချီတွေဆွဲရတယ်..
အလယ်ပုံက...ချန်းနဲ့..အပေါင်းပါသူငယ်ချင်းတစ်စု(၃..၄..ယောက်)ဆွဲထားတာ..
ကလေးတွေ အားကစားပြိုင်ပြီးတော့..လူကြီးတွေပွဲပေါ့..
16 comments:
  1. ချန်းချန်းရဲ့ ပန်းချီလေးတွေ ကြည့်သွားတယ် ပေါက်။ ကလေးဆိုတော့လည်း ကလေး အတွေးပေါ့နော်
    အတွေးကောင်းတယ် :)
    ReplyDelete
  2. လာဖတ်သွားတယ။် တယ်ဆိုးတဲ့ချန်းချန်းဘဲ။ ဘမျိုးဘိုးတူထင်တယ်။
    ReplyDelete
  3. tz ဆိုတာဘယ်သူလည်း။
    ReplyDelete
  4. တကယ့် ပန်းချီကျော်ပဲ။
    ထီးပြုတ်ကျသွားတဲ့ ပုံလေး ကြိုက်တယ်။
    မိုးတွေက ရွာလို့။ စိတ်ကူးလေးက ချစ်စရာလေး။
    ချန်းချန်းလေး တော်တယ်။
    ReplyDelete
  5. tz ကို tg မှတ်နေတာ..
    မမမေးလိုက်မှ ဟုတ်သားပဲ..
    သူ ဘယ်သူလဲ..
    tz ဆိုတော့ သဇင် များလား..
    သဉ္ဖာ များလား..
    မမရေ..
    ချန်းက ဘယ်သူနဲ့ တူမှန်းကိုမသိပါဘူး..
    ပြောင်ချော်ချော်နဲ့...
    မချိုသင်းရေ..
    မနေ့ကဆွဲလာတာ..
    မနေ့က ဓါတ်ပုံမရိုက်မိဘူး..
    သူငယ်ချင်းတစ်ယောက်ကို ပြောပြမိတော့..သူငယ်ချင်းက..
    သူကြည့်ချင်တယ်..ဓါတ်ပုံရိုက်ပြပါဆိုလို့..
    သူ့ကိုလည်းပြရင်း..ဒီညမှ ရိုက်ဖြစ်သွားတာ..
    အိမ်မှာလဲ..သူ ကာတွန်းလိုလိုတွေ ဆွဲထားတာအများကြီးပဲ..
    ဒိုင်ယာလော့ဂ်တွေပါတယ်လေ..
    ကပ်ခွာစာရွက်သေးသေးလေးတွေနဲ့..
    ရီရတယ်...
    ReplyDelete
  6. ပန်းချီကျော်ကြီးရဲ့ လက်ရာများ လာရောက်ကြည့်ရှုခံစားသွားပါတယ်..
    ReplyDelete
  7. တော်လိုက်တာ
    အမေနဲ့တူတာ မဖြစ်လောက်ဘူးနော်။
း)
    mm
    ReplyDelete
  8. တကယ်တော်တဲ့ ချန်းချန်းပဲ။ မာမီပေါက်တော့ ချန်းချန်း ပန်းချီတွေနဲ့ တော်တော် မျက်နှာပွင့်နေမှာ မြင်ယောင်သေး။ ဒီအမေက မွေးတော့လည်း ဒီလောက် အနုပညာ ကတော့ ပါမှာပေါ့လေ
    ReplyDelete
  9. တော်လိုက်တာနော်။
    ReplyDelete
  10. သူများကို ပြုံးပျော်စေတတ်တဲ့ လိုက်လည်းလိုက်တဲ့ သားအမိ (အီးအီး ပူပူနွေးနွေးလေးတွေ... ဟီးဟီး)
    ReplyDelete
  11. လူမုန်းMay 2, 2009 at 11:51 AM
    လေးပေါက်...
    သားလေး :-) “အေးအေး” :-) က “ဇ” ပါလာတာ ဖြစ်မယ်
    ဘာပဲဖြစ်ဖြစ် ဒီနေ့က စပြီး “တိုဖူးနွေး” မစားတော့ ဝူးးး
    ပျော်ရွှင်ချမ်းမြေ့ ပါစေ
    ReplyDelete
  12. ပေါက်..
    ချန်းချန်းကို ချီးကျူးမိတာ ပြောပေးပါ...ကျနော် ပန်းချီဆွဲလာတာ တော်တော် ကြာနေပြီ..။
    အင်ပရက်ရှင်းနစ်ကို ပိုစိတ်သန်ပါတယ်...။
    မိုးရွာနေချိန်မှာ ထီးလေးပြုတ်ကျသွားလို့  ဇောက်ထိုးဖြစ်သွားတဲ့ လျှပ်တပြက် အတွေးမျိုး တခါမှ မတွေးမိ၊ မမြင်မိခဲ့ပါဘူး..
    သိပ်ချစ်စရာကောင်းတဲ့ အတွေးအခေါ်ပါ..။
    ပေါက်ရဲ့ ချန်းချန်း ဖြစ်နေလို့  ...ခင်မင်မှုနဲ့ မြှောက်ပြောတယ်လို့ တော့ မထင်လိုက်ပါနဲ့ ..။
    တကယ်ကို လေးစားချီးကျူးတာပါ..။
    ကိုယ့်ထက်ငယ်ပေမယ့် တော်တဲ့ သူကို ချီးကျူးရတာ မင်္ဂလာတပါးပေါ့..။
    ကျနော် အများကြီးလေ့လာရဦးမယ်...။
    ပေါက်တို့ သားအမိတွေ ရွှင်လန်းချမ်းမြေ့ပါစေ..။
    ReplyDelete
  13. I like how she thinks! သူနဲ့ စကားပြောရရင် ရယ်နေရမှာပဲ၊ ဘရုတ်လေးနော်၊ အမေတူတာ နေမှာပေါ့
    ReplyDelete
  14. ငယ်ငယ်တုန်းက ပုံဆွဲခဲ့ဖူးတယ် မဖြစ်မြောက်ခဲ့ပါဘူး
း)
    ReplyDelete
  15. ချန်းချန်းက တယ်ဟုတ်ပါ့လား။ ဟိုပုံလေးဆွဲတာတော့ အတော်ဆိုး။
    ReplyDelete
  16. ကလေးတွေ စိတ်ကူးကောင်းရင် လူကြီးတွေ လိုက်မမှီဘူး။ တခါတလေ ပန်းချီဆရာကြီးတွေတောင် ကလေးတွေဆီက အိုင်ဒီယာယူရတယ်တဲ့။
    ReplyDelete