5/31/2009
ငယ်ငယ်က...
ငယ်ငယ်က နေခဲ့ရတဲ့ရပ်ကွက်မှာ ကိုယ့်လူမျိုးတူ ကိုယ်တို့ တစ်အိမ်ပဲရှိပါတယ်။။
မြန်မာတွေနဲ့ တခြားလူမျိုးခြားတွေ တလမ်းလုံးလိုလိုပါပဲ။။ ကျွန်တော်အိမ်ဘေးနီးနားချင်းနဲ့
ကျွန်တော် သိပ်မဆော့ပါဘူး ..။ မျက်စောင်းထိုးအိမ်က မြန်မာအိမ် ။ဆေးလိပ်ခုံထောင်ထားပါတယ်။။
အဲဒီအိမ်က ဘုတ်ဆုံဆိုတဲ့ သူငယ်ချင်းလေးနဲ့တော့ တခါတရံကစားပါတယ်။။ ဒါမှမဟုတ်
လမ်းရဲ့ အထက်ပိုင်းက သူငယ်ချင်းလေး၂ယောက်နဲ့ ပဲသွားကစားပါတယ်။။ (ငယ်ကတည်းက
ဂေါက်တာနော်..)
ကျွန်တော့်အောက်က မောင်လေး ကတော့တရပ်ကွက်လုံး မွှေနှောက်ကစားပါတယ်။။
ကြောက်လဲ မကြောက်တတ်ပါဘူး ။။ ထစ်ကနဲဆို ရန်ဖြစ်ပြန်လာပါတယ်။။ လူမျိုးခြားတွေ
ကြားမှာ သူတစ်ယောက်တည်းပေမယ့် သူနိုင်ကိုယ်နိုင် အပြတ်ချလာခဲ့ပါတယ်။။
မှတ်မိသေးတယ် တခါက ညီအစ်ကို၎..၅ယောက်ရှိတဲ့ ကောင်လေးတွေနဲ့ ရန်ဖြစ်ရာမှာ
အများနဲ့ သူတစ်ယောက်အားမမျှတော့ အိမ်ကိုလာပြီး တုတ်လာရှာပါတယ်။။ လူကြီးကိုတော့
တိုင်မပြောတတ်ပါဘူး ။။သူ့ဇာတ် သူနိုင်အောင်ကပါတယ်(ကိုဆူးလိုပေါ့..ဟားဟ)
ကျွန်တော် ၃တန်းရောက်တော့ အခုနေတဲ့ လမ်းမတန်းပေါ် ပြောင်းလာနေပါတယ်။။
ကျွန်တော်ကတော့ အိမ်ဘေးနီးနားချင်းတွေနဲ့ဘဲ ပလက်ဖောင်းပေါ်မှာ ကစားတတ်ပါတယ်။။
(ဒီလမ်းမတန်းရောက်တော့ အိမ်ဘေးနီးနားချင်းတွေနဲ့ ပေါင်းသင်းတတ်နေပြီလေ...)
အိမ်ဘေးနီးနားချင်းတွေ အားလုံးလိုလိုက မိန်းကလေးတွေ ချည်းပဲဆိုတော့ မောင်လေးတို့နဲ့
ကစားဖို့ရာ မဖြစ်တော့ သူ့ခွင် သူ ရှာပါတယ်။။ အိမ်အနောက်ဖက်က ရပ်ကွက်ထဲမှာပါ။။
ဒီရပ်ကွက်မှာလဲ လူမျိုးခြားတွေချည်းလိုလိုနေကြပါတယ်။။ တန်းလျားတွေလဲ များပါတယ်။။
တချို့တန်းလျားတွေ ပတ်ပတ်လည် ၀န်းရံထားတဲ့ ၀င်းလေးတွေထဲမှာ ကျွန်တော့်မောင်တွေ
ကစားလို့ အကောင်းဆုံးနေရာတွေပေါ့..။။ငယ်ကတည်းက သူတို့ နှစ်ယောက်ပျောက်ရင်
လိုက်ရှာဖို့ တာဝန်က ကျွန်တော့်အပေါ်ပဲကျရောက်လာပါတယ် ။။ ကျွန်တော်ကလည်း
သူတို့ နှစ်ယောက်ကိုရှာဖွေရာမှာ တော်တော်ကျွမ်းကျင်ပါတယ် ။။ တ၀င်းပြီး တ၀င်း..
တဂျောင် (ချောင်) ပြီး တဂျောင် မတွေ့တွေ့အောင်ရှာနိုင်ပါတယ်။။ ရပ်ကွက်ထဲမှာ
ကျွန်တော့သူငယ်ချင်း မရှိပါဘူး ။။သူတို့ကောင်းမှုကြောင့် ကျွန်တော့်မှာ ရပ်ကွက်
ရေလည်ပါတယ်။။(အခုတော့ သူငယ်ချင်းရှိပြီ)
သူတို့ဘာတွေကစားကြလဲဆို....ပေသီးပစ်တိုင်း ။ မြောက်ပန်းလှန်(ရေးတာမှန်ရဲ့လားမသိ)
ဂျင်ပေါက်တယ် ..နောက် အများကြီးရှိသေးတယ် မေ့ကုန်ပြီ။။
ပိုက်ဆံပေးရတဲ့ စက္ကူလေးတွေ ဖောက်ပြီး ဘာမဲပေါက်သလဲ ဆိုတဲ့ ကစားနည်း။။
(အဲဒီကစားနည်းကျတော့ အလောင်းအစားဖြစ်သွားပြီပေါ့နော်)
အခုပြောချင်တာက ချန်းလဲ သူ့ ဦးလေးတွေ အမွေရတယ်ထင်ပါရဲ့ ။။ ပေသီး
အတော်ကြိုက်ပါတယ်။။ မေမြို့ပြန်တိုင်း ပေသီးတွေ လိုက်စုရတာ ၀ယ်ရတာအမော။။
ဂျင်ပေါက်တာလဲ အတော်သဘောကျပါတယ်။။ အစကတော့ ဒီမှာပလတ်စတစ်ဂျင်ပဲ
ကစားရတော့ သူအားမရပါဘူး။။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကအသိတစ်ယောက်သူ့ကို သစ်သားဂျင်လက်ဆောင်ပေးပါတယ်။။ ကျွန်တော်လဲ အားကျမခံ ဂျင်ပေါက်ပါတယ်။။
လည်ပါတယ်... ဂျင်လည်ပါတယ်ခည။။
အိမ်ကညီမ ငယ်ငယ်က ဘော်လုံးတော်တော်ဝါသနာပါပါတယ်။။ သူအလယ်တန်းလောက်က
ထင်ပါတယ် အမျိုးသမီးဘော်လုံးအသင်း ဇွတ်ဝင်လို့ ကိုယ်ကပဲ ဇွတ်လိုက်
ခေါ်ထုတ်ခဲ့ရပါသေးတယ်။။ (အဲ့မြင်ကွင်းကို အခုထိ မြင်ယောင်နေတုန်း ဘောလုံးကွင်း
အ၀မှာ ) ။။ ကိုယ်ကသာ လွတ်ထားပေးခဲ့ရင် အခုချိန်ဆို မြန်မာ့အမျိုးသမီးဘော်လုံး
အသင်းဝင်ဖြစ်နေလောက်ပြီနော်။။ ကျွန်တော်ညံ့ပါတယ်လေ ။။ အရှေ့ကို ကြိုမတွေးမိလိုက်ဘူး။။
အခုတော့ ချန်းက သူ့ခြေရာလိုက်နေပါတယ် ။။ ဘော်လုံးဆို အသေရရ အရှင်ရရ အဲလေ
အသေးဖြစ်ဖြစ် အလတ်ဖြစ်ဖြစ် အကြီးဖြစိဖြစ် ဘောလုံးဆိုပြီးရော သူအကုန်ကြိုက်ပါတယ်။။
ဘော်လုံးမရှိရင် ခါးလေးစောင်း လက်လေးလွှဲလွှဲပြီး ဘေ့စ်ဘော ပစ်နည်းကျင့်နေပါတယ်။။
ကျောင်းမှာ ပင်ပေါင်(စားပွဲတင်တင်းနစ်)အသင်း ၀င်မယ် တကဲကဲလုပ်နေပါတယ်။။နောက်ဆုံး
သူ့စက်ဘီး ခြင်းတောင်းလေးထဲ ဘက်စကက်ဘော လှမ်းထည့် ကျင့်ရတာ အမော။။
(အခုတော့ သူ့စက်ဘီးခြင်းတောင်းရော ကျွန်တော့ စက်ဘီးခြင်းတောင်းပါ အခိုးခံထားရပါတယ်)
5/27/2009
ဆန်ခေါက်ဆွဲ..

ဆန်ခေါက်ဆွဲပါ..
ဆန်ဖွယ်..(ခ) ရေစိမ်ခေါက်ဆွဲ (ခ) ဆန်ခေါက်ဆွဲ ပေါ့..
အရည်ဖျော်လုပ်စားတာပါ..
အရည်ဖျော်ပိုကြိုက်လို့ စားတိုင်းအရည်ဖျော်ပဲ လုပ်စားဖြစ်ပါတယ်..။။
နွေပေါက်တော့ ပဲရွက်(ပဲလိပ်ပြာရွက်) မရှိတော့ပါဘူး..
အသုတ်စားချင်လဲ မခက်ပါဘူး..
ကြက်သားဟင်းကို ရေ နဲနဲ ထည့်ပြီး မီးဖိုပေါ်တင်လို့ ပွက်လာရင် ကော်မှုန့်ဖျော်ပြီးထည့်မွှေရုံပါပဲ။။
ဆန်ခေါက်ဆွဲခြောက်ကို ၂နာရီလောက် ရေစိမ်ထားပါ။။
ဆန်ခေါက်ဆွဲ လုပ်စားတော့မယ်ဆိုရင်..ပါဝင်တဲ့အစာတွေ ကြိုတင်ပြင်ဆင်တာအကောင်းဆုံးပါပဲ။။
လုပ်ထားတဲ့အစာတွေကုန်နေတာကြောင့် မနေ့ညက အစာတွေ လုပ်ရင်း ဓါတ်ပုံရိုက်ယူထားပါတယ်။။
၁) နှမ်းဆီ..
ဝယ်လာတဲ့ နှမ်းစေ့လေးတွေကို အရင် လျှော်ပြီး.. မညက်တညက်ထောင်းထားပါပြီး..
ကြွေပန်းကန်လုံးထဲ ထည့်ထားပါ။။
၂) ငရုပ်သီးမှုန့်ကို( အကြမ်းမှုန့်နဲ့ အချောမှုန့် ရောရာ ပိုကောင်းပါတယ်) လဲ ကြွေပန်းကန်ထဲ
အသင့်ပြင်ထားပါ။။
၃) ကြက်သွန်ဖြူအခွံခွာပြီး ဓါးမြနဲ့ စင်းထားပါ။။
၎) ချောင်ကော် (တရုတ်မဆလာမှုန့်) အနည်းငယ်ကို ပန်းကန်လုံးလေးထဲ အသင့်ပြင်ထားပါ။။
ဒယ်အိုးထဲမှာ ဆီများများထည့်ပြီးချက်ပါ။။ အငွေ့ထလာရင် ..၁..၂..နဲ့ ၄ ပန်းကန်ထဲ လောင်းချပါ။။
တူလေးနဲ့ အစာတွေ ကို မွေပေးပါ။။ သတ်သတ်စီနော်။။
နံပါတ် ၃ က ကြက်သွန်ဖြူကို ဆီကြော်ထားပေးပါ။။
ကဲ..
အစာအတွက် ပြင်ဆင်ပြီးပါပြီ။။ပြီးရင် အောက်ပါပုံလေးတွေ အတိုင်းဖြစ်လာပါမယ်။။


နှမ်းထောင်း ဆီချက်

ဆီချက်ထားပြီးတဲ့ အစာတွေ ကို ပုလင်းထဲ ထားပြီး အသုံးပြုနိုင်ပါတယ်..
ကျနော်ကတော့ တစ်လတစ်ခါလောက် အစာလုပ်ထားဖြစ်ပါတယ်။။
အဲ့ဒီအစာတွေ အပြင် ကြာညို့အငန်နဲ့ ကြက်သွန်မြိတ်ပါးပါးလှီးပြီးအသင့်ပြင်ထားပါ။။

ဒါက အမျိုးတစ်ယောက် တည်ထားတဲ့ မုန့်ညှင်းချဉ်..
နှစ်ပေါက် မုန်ညှင်းချဉ်ပါ..မုန်ညှင်းရယ်..ခါဂျက်ဥရယ်..ဂျူးမြစ်လေးရယ်..
တော်တော်စားကောင်းပါတယ်..။။(အလကားရလို့ထင်တယ်..ဟီးး)

ဒါကတော့ ဒီက အသိတစ်ယောက်က ဆန်ခေါက်ဆွဲ မကြိုက်လို့
မြီးရှည်ခြောက်လဲ ရှိနေတော့..သူ့ကို မြီးရှည်ပြင်ပေးလိုက်ပါတယ်။။
မြီးရှည်အတွက် ကြက်သားဟင်းကို ကော်မှုန့်ဖျော်ပြီး ချက်ထားပေးလို့ ထွေးထွေးလေးဖြစ်နေပါတယ်။။
ပြီးတော့ မြီးရှည်အတွက် မရှိမဖြစ် ပဲငပိ ထည့်ပေးထားပါတယ်..။။
(ဆန်ခေါက်ဆွဲ..ရှမ်ခေါက်ဆွဲ မှာအရည်ဖျော်စားစား
အသုတ်လုပ်စားစား... ပဲငပိ မထည့်ရပါဘူး)
မှတ်ချက် ။။ ။။ ရန်ကုန်က လူတွေက ဆန်ခေါက်ဆွဲကို ရှမ်းခေါက်ဆွဲလို့ ခေါ်ပါတယ်..
အမှန်က ရှမ်းခေါက်ဆွဲဆိုတာ ရှမ်းဆန်(ယာဆန်) နဲ့ လုပ်တဲ့ ဆန်စီးခေါက်ဆွဲပါ။။
ဟီဟိ ကိုဘ တပည့်လေ...ကိုဘလိုပဲ သေချာရှင်းပြချင်တယ်။။
5/20/2009
စိတ်ထဲရှိတာ...
အခုတလော ညညဆိုအိပ်မရဘူး..။။
ကြမ်းပိုးကိုက်လို့..။။
ခေါင်းထဲမှာ ရှိနေတဲ့ အတွေးကြမ်းပိုးတွေ ကိုက်နေလို့။။
စိတ်ပြေလက်ပျောက်ဖြစ်အောင် အမေ့ဆီဖုန်းဆက်တော့ ဆက်တိုင်း
အမေက အိမ်မှာရှိမနေဘူး ။။ ဒီည အမေ့သူငယ်ချင်းအိမ်ဖုန်းဆက်တော့
တလောက အမေနေမကောင်းဖြစ်တာ သိရတယ်။။ စိတ်နေမကောင်းဖြစ်တာပါတဲ့။။
အမေနေမကောင်းဖြစ်ချိန်မှာ အမေ့ဘေးနားမှာ ရှိမနေနိုင်တာ ၀မ်းနည်းတယ်။။
အမေ့ရင်ထဲ ဘယ်လိုခံစားနေရတယ်ဆိုတာ ကျနော် နားလည်ပေးနိုင်ပါတယ်။။
.......................................
........................................
...........................................
စိတ်ကောက်ချင်နေတယ်။။
ကိုယ်စိတ်ကောက်တာ ခံမယ့်သူ မရှိတာလည်း လေပါတယ်။။
ကိုယ်စိတ်မကောက်တာ ဘယ်လောက်ကြာပြီလဲ ဆိုတာ စိတ်ထဲကနေ
လက်ချိုးရေနေမိတယ်။။
နီးနေတဲ့ အရာကို အဝေးကြီး ပစ်ပေါက်လိုက်ချင်တယ်။။
ဝေးသွားတော့လည်း နီးအောင် ပြန်ဆွဲယူနေမိတယ်။။
ကိုယ့်ရဲ့ ဒွိဟစိတ်ကြီးကိုလည်း လေပါတယ်။။
အရာရာကိုအလျှော့ပေးနေရတယ်။။
အရာရာကရော ကိုယ့်ကို တခါတရံ အလျှော့ပေးဖို့
စိတ်ကူး မရှိဘူးလား ။။
ကြမ်းပိုးကိုက်လို့..။။
ခေါင်းထဲမှာ ရှိနေတဲ့ အတွေးကြမ်းပိုးတွေ ကိုက်နေလို့။။
စိတ်ပြေလက်ပျောက်ဖြစ်အောင် အမေ့ဆီဖုန်းဆက်တော့ ဆက်တိုင်း
အမေက အိမ်မှာရှိမနေဘူး ။။ ဒီည အမေ့သူငယ်ချင်းအိမ်ဖုန်းဆက်တော့
တလောက အမေနေမကောင်းဖြစ်တာ သိရတယ်။။ စိတ်နေမကောင်းဖြစ်တာပါတဲ့။။
အမေနေမကောင်းဖြစ်ချိန်မှာ အမေ့ဘေးနားမှာ ရှိမနေနိုင်တာ ၀မ်းနည်းတယ်။။
အမေ့ရင်ထဲ ဘယ်လိုခံစားနေရတယ်ဆိုတာ ကျနော် နားလည်ပေးနိုင်ပါတယ်။။
.......................................
........................................
...........................................
စိတ်ကောက်ချင်နေတယ်။။
ကိုယ်စိတ်ကောက်တာ ခံမယ့်သူ မရှိတာလည်း လေပါတယ်။။
ကိုယ်စိတ်မကောက်တာ ဘယ်လောက်ကြာပြီလဲ ဆိုတာ စိတ်ထဲကနေ
လက်ချိုးရေနေမိတယ်။။
နီးနေတဲ့ အရာကို အဝေးကြီး ပစ်ပေါက်လိုက်ချင်တယ်။။
ဝေးသွားတော့လည်း နီးအောင် ပြန်ဆွဲယူနေမိတယ်။။
ကိုယ့်ရဲ့ ဒွိဟစိတ်ကြီးကိုလည်း လေပါတယ်။။
အရာရာကိုအလျှော့ပေးနေရတယ်။။
အရာရာကရော ကိုယ့်ကို တခါတရံ အလျှော့ပေးဖို့
စိတ်ကူး မရှိဘူးလား ။။
5/16/2009
ကိုရီးယားပဲခေါက်ဆွဲ တဲ့..

炸醬 麵( zha jiang mian )တဲ့
ကိုရီးယားကားမကြည့်တဲ့ ကျနော့်အတွက် ပဲခေါက်ဆွဲဆိုတဲ့ အခေါ်အဝေါ်က စိမ်းနေပါတယ်။
သူများတွေ ကိုရီးယားပဲခေါက်ဆွဲလို့ ပြောတိုင်း အုန်းနို့ခေါက်ဆွဲလိုပဲ ပြေးမြင်ယောင်နေမိတယ်။။
၂၀၀၈ မေမြို့ပြန်မှဘဲ ပဲခေါက်ဆွဲဆိုတာ မည်းမည်းကြီးလို့သိလိုက်ရတဲ့အချိန်မှာ..
ကိုယ့်ကိုယ်ကို အတော်ရီချင်သွားပါတယ်။။ကိုယ်တော်တော်ရင်းနှီးနေတဲ့ အစာဖြစ်နေပြီး
အခေါ်အဝေါ်ကြောင့် မသိ နားမလည်ဖြစ်ရတာကို။။
ဒီခေါက်ဆွဲကို ကျနော်မကြိုက်လှပါဘူး ။။ ချန်းချန်း မကြာမကြာတောင်းဆိုတတ်တဲ့
ခေါက်ဆွဲပေါ့..။။ ဒီနေ့တော့ ချန်းလဲ အိမ်မှာရှိတုန်း လုပ်ကျွေးဖြစ်ပါတယ်။။

လိုအပ်တဲ့ အစာတွေကတော့...
၁) ကြက်သွန်နီ တစ်လုံး
၂)အာလူးတစ်လုံး
၃)節瓜 ZUCCHINI တစ်ခု(ဒီ အသီးကိုရှိလဲထည့် မရှိလဲ ရပါတယ်။။)
၎) ကြက်သွန်မြိတ်

အမဲသားကြိတ်သား အနည်းငယ်..ကြက်သွန်ဖြူဓါးပြားရိုက်နဲ့ ကြာညို့အငန်နဲနဲထည့်ပေးထားပါ

အစာနံပါတ် ၁ ။ ၂ ။ ၃။တို့ကို အတုံးသေးသေးစိတ်ပြီးအသင့်ပြင်ထားပါ။။

ဒါကတော့ ဇာတ်လိုက်ပေါ့..ကိုရီးယားပဲငပိ ( bean sauce )တရုတ်ဆိုင်တွေ
ကိုရီးယားဆိုင်တွေမှာရရှိနိုင်ပါတယ်။။
ထမင်းစားဇွန်း ၄ ..၅ ..ဇွန်းလောက် ..
ကဲ...
စချက်တော့မယ်နော်..
ပထမဆုံး ဆီပူထဲမှာ ပဲငပိကို အရင်ကြော်ပါ ။ ပြီးရင် ကြက်သွန်နီနဲ့ အာလူးစိပ်ပြီးသားထည့်ပါ။။
နောက် အမဲသား ထည့်ကြော်ပါ။။ နောက်ဆုံးမှ ZUCCHINI စိပ်ပြီးသားထည့်ပါ။။
ရေနဲနဲထည့်ပြီး အိုးဖုံးပိတ်ထားပေးပါ။။မနေ့ကကျန်တဲ့ ပုဇွန် ၁၀ကောင်လောက်ကို
ပစ်ထည့်လိုက်ပါသေးတယ် ။။
ဆား...ကြာညိုအငန်ထပ်ထည့်စရာမလိုပါဘူး။။ ပဲငပိရဲ့ အငန်ဓါတ်နဲ့ လုံလောက်နေပါပြီ။။
အလေးကြီုက်တတ်သူများ ထပ်ထည့်နိုင်ပါတယ်။။
၅မိနစ်လောက် ဆို ရပါပြီ။။
ခေါက်ဆွဲကတော့ 拉麵 (hand made noddle)နဲ့မှလိုက်ဖက်ပါတယ်။။
အစိမ်းကိုဈေးက၀ယ်လာပြီး အနှစ်ချက်ပြီးရင် ပြုပ်လိုက်ရုံပါပဲ။။
ပြုပ်ပြီး ရေအေးနဲ့ ဆေးဖို့မမေ့ပြါနဲ့နော်။။ မြန်မာမှာတော့ မရှိလောက်ဘူးထင်တယ်။။

သခွားသီးစိမ်းလေးတွေကို အခုလို သေးသေးမျှင်မျှင်စိပ်ထားပေးပါ။။
ခေါက်ဆွဲထည့် ။အနှစ်လောင်း ပြီးရင် အပေါ်က ဖြူးရုံပါပဲ။။


အားမနာနဲ့ ။။

နယ်လိုက်တော့ အခုလို မည်းမည်းကြီး ...
ဒီနေ့လုပ်တာစားကောင်းတယ် လို့တော့ ချန်းကပြောတာပဲ..။။ဟိ
5/15/2009
ထမင်းပေါင်း

ဒီနေ့ ထမင်းဟင်းမချက်ချင်လို့..မြန်ပြီးလွယ်တဲ့ ထမင်းပေါင်းလုပ်စားဖြစ်တယ်..

ဂေါ်ဖီထုပ်...ပန်းမုံလာ..ခါဂျက်ဥ ရှိရင် အဆင်ပြေပါတယ်..
ကြက်သွန်မြိတ်က ကြော်ပြီးခါနီးမှထည့်ဖို့ပါ..
ကြက်သားရှိရင် ကြက်သားပါးပါးလှးီပြီး ကြက်သွန်ဖြူ ကြာညို့အငန် ချောင်ကော့နဲ့ နှက်ထားပါ..
ဒီနေ့ ပုဇွန် အခွံနွာပြီးသားရှိနေတာနဲ့ ပုဇွန်နဲ့ပဲကြော်ဖြစ်ပါတယ်..
တခြားအသား..ပြည်ကြီးငါး စတာတွေနဲ့လည်း အဆင်ပြေပါတယ်..။။
ပထမဆုံး နှက်ထားတဲ့ အသားကို မီးပူပူနဲ့ ကြော်လိုက်ပါ..
၁မိနစ်လောက်မှာ ပန်းကန်တစ်လုံးထဲဆယ်ထားပါ..
နောက် ငရုတ်သီးခြောက်ကိုအရင်ကြော်ပြီးဆယ်ထားပါ..
အသင့်ပြင်ထားတဲ့ အသီးအရွက်တွေကို ဆီပူပူမှာကြော်ပါ..
ရေနဲနဲ...ဆားနဲနဲထည့်ပါ..အိုးဖုံးခဏအုပ်ထားပေးပါ..တမိနစ်လောက်..
ပြီးရင် ကြော်ထားတဲ့ပုဇွန်နဲ့ငရုတ်သီးထည့်ပါ..
ကော်ရည်ကြိုက်တတ်ရင် ခပ်ကျဲကျဲအရည်ဖျော်ပြီးထည့်ပါ..
ကြက်သွန်မြိတ်ဖြူးပြီးရင် သုံးဆောင်နိုင်ပါပြီ။။

ကြိုက်တတ်ရင် ကြက်ဥကြော်ပြီး တွဲဖက်သုံးဆောင်နိုင်ပါတယ်။။
အချဉ်ကို သခွားသီးနဲ့ ဖီတန်သုတ်ပါတယ်..။။တင်ဖူးပြီးသားမို့ ရိုက်မထားတော့ဘူး။။

ဒါက ထမင်းစားပြီး အချိုတည်းစရာ ကျောက်ကျောအအေး နွားနို့နဲ့။။
(တရက်က ရိုက်လာတာ..)


မမတို့ ညီမလေးတို့အတွက်...
အခုတလောထွက်လာတဲ့ ဂါဝန်လေးတွေ..
ကျနော်နဲ့တော့ မကိုက်ညီပါ။။
5/13/2009
ကဒ်...

အမေ့နေ့အမှတ်တယအတွက် ချန်းကိုယ်တိုင်(handmade)လုပ်ပြီးပေးတဲ့ ကဒ်ပါ..
ဒီပုံလေးက မျက်နှာစာ...
ဘယ်ဖက်ထောင့်က 1 လို့ရေးထားတာ..သူ့ဘ၀မှာ မာမားက နံပါတ်တစ်ပါတဲ့..
(အပြောကတော့ ရွှေမန်းပဲနော်..)
ပြီးတော့ အသည်းပုံအကြီးကြီးထဲမှာ ``မာမားကိုချစ်တယ်``ဆိုတဲ့စာသားလေး
ညာဖက်ခြမ်းက ပန်းလေးက အမေနေ့အတွက် ပန်းလေး..

ဒါလေးက ကဒ်လေးကိုဖွင့်လိုက်ရင် တွေ့ရတဲ့ အတွင်းပိုင်းး

ဒါလေးကတော့ နောက်ကျောဖုံးပါ..
ရောင်စုံအကွက်လေးတွေက ဖျာရက်သလို ရောင်စုံစာရွက်လေးတွေကို
ညှပ်ပြီး ဖျာရက်သလို ထိုးထည့်ထားတာပါ..တဲ့..
5/10/2009
Relax....Take it easy..
Relax....Take it easy....
Took a ride to the end of the line..
Where no one ever goes..
Ended up on a broken train with nobody i know..
But the pain and the longings the same..
Where the dying...
Now i'm lost n i'm screaming for help...
Relax...take it easy...
For there is nothing that we can do...
Relax...take it easy...
Blame it on me n blame it on you...
It's as if i'm scared...
It's as it i'm terrified..
It's as if i'm scared...
It's as if i'm playing with fire..
....
.............
.............
........
5/09/2009
秘密 secret
秘密
作詞:張震嶽 作曲:張震嶽
總在閉上雙眼之後 才能看見妳
မျက်လုံးတွေ မှိတ်လိုက်မှ မင်းကို မြင်ယောင်နိုင်တော့တယ်..(အတွေးထဲကနေ)
這是一個心中秘密 偷偷在愛妳
မင်းကို တိတ်တိတ်လေးချစ်နေတာ ငါ့ရဲ့ လျို့ဝှက်ချက်တစ်ခုပါပဲ..
妳卻不知道 有人在想妳
မင်းကတော့သိမှာမဟုတ်ပါဘူး..ဒီကောင်မင်းကို လွမ်းနေတယ်ဆိုတာ..
總在黎明來臨之前 我還是清醒
ရောင်နီထွက်တဲ့အချိန်ထိ.....ငါ..နိုးကြားနေတုန်းပါပဲ..
什麼時候我才可以 進入妳的心
ဘယ်အချိန်အခါမှ မင်းရင်ခွင်ထဲကို ငါဝင်ခွင့်ရှိနိုင်မလဲ...
好想對妳說 我正在想妳
မင်းကို(ဖွင့်ဟ)ပြောပြချင်လိုက်တာ...ငါ မင်းကိုလွမ်းနေပါတယ်..
也許在妳的心中早就已經有人進去
အစောကြီးကတည်းက မင်းရင်ထဲမှာ (မင်းချစ်တဲ့သူ)တစ်ယောက်ရှိနှင့်နေပြီး
ဖြစ်မှာပါ...
或許妳不曾接受 真正的愛 真誠的情
ဒါမှမဟုတ်..တကယ့်အချစ်စစ်အချစ်မှန်ကို မင်းခံစားဖူးချင်မှ
ခံစားဖူးပါလိမ့်မယ်..
遺忘吧過去的事 不要再懷疑
ဆိုးဝါးတဲ့ ခံစားချက်တွေကို မေ့ပျောက်လိုက်ပါတော့..(သံသယမရှိပါနဲ့)
我彷彿可以聽見妳的心跳 妳的聲音
ငါကတော့ မင်းရဲ့ နှလုံးခုန်သံတွေကို ကြားသယောင်ယောင်..
不要只有在夢中 才能看妳才能靠近
အိပ်မက်ထဲမှာဘဲ တွေ့ခွင့်မပေးပါနဲ့...
我可以慢慢的等 直到妳離去
ငါစောင့်စားနိုင်ပါတယ်..(မင်း ထားခဲ့တဲ့အထိ..)
總在閉上雙眼之後 才能看見妳
မျက်လုံးတွေ မှိတ်လိုက်မှ မင်းကို မြင်ယောင်နိုင်တော့တယ်..(အတွေးထဲကနေ)
這是一個心中秘密 偷偷在愛妳
မင်းကို တိတ်တိတ်လေးချစ်နေတာ ငါ့ရဲ့ လျို့ဝှက်ချက်တစ်ခုပါပဲ..
妳卻不知道 有人在想妳
မင်းကတော့သိမှာမဟုတ်ပါဘူး..ဒီကောင်မင်းကို လွမ်းနေတယ်ဆိုတာ..
總在黎明來臨之前 我還是清醒
ရောင်နီထွက်တဲ့အချိန်ထိ.....ငါ..နိုးကြားနေတုန်းပါပဲ..
什麼時候我才可以 進入妳的心
ဘယ်အချိန်အခါမှ မင်းရင်ခွင်ထဲကို ငါဝင်ခွင့်ရှိနိုင်မလဲ...
好想對妳說 我正在想妳
မင်းကို(ဖွင့်ဟ)ပြောပြချင်လိုက်တာ...ငါ မင်းကိုလွမ်းနေပါတယ်..
也許在妳的心中早就已經有人進去
အစောကြီးကတည်းက မင်းရင်ထဲမှာ (မင်းချစ်တဲ့သူ)တစ်ယောက်ရှိနှင့်နေပြီး
ဖြစ်မှာပါ...
或許妳不曾接受 真正的愛 真誠的情
ဒါမှမဟုတ်..တကယ့်အချစ်စစ်အချစ်မှန်ကို မင်းခံစားဖူးချင်မှ
ခံစားဖူးပါလိမ့်မယ်..
遺忘吧過去的事 不要再懷疑
ဆိုးဝါးတဲ့ ခံစားချက်တွေကို မေ့ပျောက်လိုက်ပါတော့..(သံသယမရှိပါနဲ့)
我彷彿可以聽見妳的心跳 妳的聲音
ငါကတော့ မင်းရဲ့ နှလုံးခုန်သံတွေကို ကြားသယောင်ယောင်..
不要只有在夢中 才能看妳才能靠近
အိပ်မက်ထဲမှာဘဲ တွေ့ခွင့်မပေးပါနဲ့...
我可以慢慢的等 直到妳離去
ငါစောင့်စားနိုင်ပါတယ်..(မင်း ထားခဲ့တဲ့အထိ..)
5/08/2009
မှိုခရုဆီကြော် 杏鮑菇


ဒီနေ့ ထပ်ကြော်လို့...ပြန်တင်ပေးလိုက်ပါတယ်..(၅. ၈)
ကြက်သွန်မြိတ်လေးနဲ့ ကောင်းမှကောင်း
(နံနံပင်နဲ့ မလိုက်ဖက်ဘူးနော်..)

နွေပေါက်ရင် ဒီမှိုတွေ ပေါ်တယ်..
သူ့ရိုးတံလည်း စားကောင်းတယ်..

ကြက်သွန်ဖြူ ဓါးပြားလေးရိုက်..စိပ်..(ကြက်သွန်ဖြူက မှိုအဆိပ်နိုင်တယ်တဲ့)
ငြုပ်သီးစိမ်း ၂တောင့်လောက် ထက်ခြမ်းခွဲထား..

ပုံပါအတိုင်း အစောင်းလေးတွေ လှီးထားပါ..
ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်..
ဆီပူရင် ကြက်သွန်ဖြူနဲ့ ငြုပ်သီးကို ရှဲကနဲ ကြော်..
လှီးထားတဲ့ မှိုလေးတွေ ပစ်ထည့်..
ခရုဆီ လက်ဖက်ရည်တစ်ဇွန်းစာလောက်ထည့်..
ဆား ပါလေကာ ထည့်...မွှေပေးပါ..ရေနည်းနည်းထည့်ပါ(ပါလေကာ..မှိုကရေထွက်တတ်ပါတယ်)
အိုးဖုံးတစ်မိနစ်လောက်အုပ်ပြီးရင် သုံးဆောင်နိုင်ပါပြီ..
ကြက်သွန်မြိတ်ဝယ်ထားတာ မရှိလို့..ရှိတဲ့နံနံပင်အကြွင်းအကျန်ကိုပဲ ထည့်လိုက်ရပါတယ်..
5/01/2009
ကျနော့်ရဲ့ ပန်းချီကျော်...

ချန်းချန်းရေဘူးပေါ်ကပုံလေးတွေပါ..။။
ပုံမှာတဲ့ကောင်မလေးက သူထင်တယ်..
မိုးတွေရွာလို့...
´´ထီးကဘာလို့ ဇောက်ထိုးဖြစ်နေရတာလဲ..´´လို့ကျနော်ကမေးတော့..
ထီးပြုတ်ကျသွားလို့...တဲ့လေ..

ဒီပုံလေးက အီအီးပုံလားး..´´ လို့မေးတော့..
ဟုတ်တယ်..တဲ့..ပါချ ခါစ ပူပူနွေးနွေးလေး..တဲ့..(မှတ်ကရော..)
ကိုယ့်မှာတော့..ငိုရက်ခက် ရယ်ရခက်နဲ့..
သူသောက်တဲ့ရေဘူးပေူါ်မှာတောင် လုပ်ရက်တယ်....

သူတို့ကျောင်းက အားကစားပွဲမှာ နံရံပန်းချီတွေဆွဲရတယ်..
အလယ်ပုံက...ချန်းနဲ့..အပေါင်းပါသူငယ်ချင်းတစ်စု(၃..၄..ယောက်)ဆွဲထားတာ..

ကလေးတွေ အားကစားပြိုင်ပြီးတော့..လူကြီးတွေပွဲပေါ့..
