တွေ့ဖူးချင်တဲ့...

အတွေ့ချင်ဆုံး ဆယ်ယောက် တဲ့..
မသိင်္ဂီက တက်ဂ်လာပါတယ်..
အူကြောင်ကြောင်နိုင်တာတစ်ခုကတော့..
လူတကာတက်ဂ်သမျှ ကျနော့်ဆီရောက်ရင် ဂိတ်ဆုံးတော့တာပဲ..
သူများတက်ဂ်တဲ့ အကြောင်းအရာကိုရေးပြီးရင် ပြီးသွားရော..
(တကယ်လို့ ကျနော်က ဆက်လက် တ့က်ဂ်မယ်ဆိုလဲ တက်ဂ်စရာလူ
များများစားစား မရှိတာလဲ ပါပါတယ်။။ သိသမျှလူတွေကိုလဲ တခြားသူတွေတက်ဂ်ပြီးသွား
ပြီ်း ဖြစ်နေပါတယ်။။)

အတွေ့ချင်ဆုံး လူဆယ်ယောက်လို့ မေးထားပေမယ့် ခင်တဲ့သူ အားလုံးကို
တွေ့ဖူးချင်ပါတယ်။။ (ဟယ်..ပေါက်..စကားပြောတတ်လိုက်တာ..
ပျားရည် ငုံပြီးပြောသလား ထင်ရတယ်..ဟီးဟိ)

မသိင်္ဂီကိုတွေ့ချင်ပါတယ် ..။။
မသိင်္ဂီကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ပြန်တုန်းက တွေ့ဖြစ်တော့မယ်ထင်ပြီးမှ..
မတွေ့မိခဲ့ဘူး..။။

ကိုနိ နဲ့ မယ်နိ
ကိုလဲ တွေ့ဖူးချင်တယ်..။။ကျနော့ဘလော့လေးကို ကိုနိတို့စပြီး လာလည် ..
အားပေးစကားတွေပြောတာ ကိုနိတို့ မယ်နိတို့ပဲပေါ့..
အညာအကြောင်းတွေရေးတဲ့ မယ်နိကို အညာမှာမနေပေမယ့်..အညာသူ
စာရေးဆရာမတွေကို ကြိုက်နှစ်သက်တဲ့ ကျနော့်အတွက် အရမ်းရင်းနှီးနေတဲ့..
အိမ်နီးချင်း မောင်လေး..ညီမလေးလိုပဲ..။။

မမခင်ဦးမေ
ကိုလဲ မြင်ဖူးချင်တာပဲ..။။
မမခင်ဦးမေနဲ့တော့ မခင်ပါဘူး..။။နာမည်ကြီးလွန်းလို့ မြင်ဖူးချင်ယုံပါ..။။(ဟီးဟိ)
မနုစံ
ကိုမြင်ဖူးချင်တယ်..။။
ပန်းအိုးလေးထိုးလိုက် ...လည်လည်သွားလိုက်...မုန့်ဟင်းခါးချက်လိုက်နဲ့..။
ဘာလုပ်လုပ် သေသေ သပ်သပ်လုပ်တတ်တဲ့ မနုစံကိုဗရမ်းဗတာ ကျနော်က
မြင်ဖူးချင်တာ မဆန်းပါဘူး.။။အားကျလို့ပါ။။

မသီတာ
တို့မိသားစုကိုလဲ မြင်ဖူးချင်တာပဲ။။
တခါတလေ မသီတာတို့အရေးအသားတွေကို
အထပ်ထပ် အခါခါ ဖတ်ရပေမယ့် ခင်တယ်။။(ဟားဟ)
အပြင်မှာသူငယ်ချင်း၁၀ယောက်တောင် မရှိဘူးဆိုတဲ့..
အမကြီး မသီတာကို ပိုလို့တောင်မြင်ဖူးချင်သေးတယ်။။

မတန်ခူးကို မချိုသင်းဘလော့မှာစပြီးသတိထားမိခဲ့ပါတယ်။။
ကျနော့်ကိုလဲ ညီမလေးတစ်ယောက်လို ခင်ပါတယ်။။
မတန်ခူးတို့မိသားစုကိုလဲ မြင်ဖူးချင်ပါတယ်။။

မမတို့ မယ်နိတို့ စီပုံးမှာခင်ခဲ့ရတဲ့ စိတ်ထားနှူးညံ့တဲ့ မမီယာကိုလဲ
မြင်ဖူးချင်တယ် ။။

သူလမ်းလျှောက်ရာ ဆွဲခေါ်သွားတဲ့ သုနှင်းဆီ ကိုလည်း
ခင်တာပေါ့။။
(မွန် ..လမ်းလျှောက်ပို့စ်တင်တဲ့နေ့က မွန့်ဘလော့ဂ် စရောက်တာမို့)

အမျိုးတွေ သူငယ်ချင်းတွေ စလုံးလာရင် လိုက်ပို့ရ လွန်းလို့
ကြောက်နေတဲ့ မသက်ဝေကိုလဲ တစ်နေ့နေ့ သူ့ဆီသွားပြီး ညှင်းပန်း
ချင်တယ်။။

ဗဟုသုတစွယ်စုံတဲ့ မနုသွဲ့ကိုလဲ မြင်ဖူးချင်တာပဲ။။
မနုသွဲ့ ကျနော့်ကိုတွေ့ရင် ကြည့်မရဖြစ်နေမလားပဲ။။(ကျနော်က ဂျစ်ကန်ကန်နဲ့မို့)

ခင်တာမကြာသေးတဲ့ Mae ကိုလဲ တွေ့ဖူးချင်တယ်။။
သူ့ကိုတွေ့ရင် သူ့ရဲ့ ခရီးသွား မှတ်ကျောက်တွေ တ၀ကြီး
မေးချင်တယ်။။

မေမိုးလေး နဲ့ လဲတွေ့ဖူးချင်တယ်(ဓါတ်ပုံတွေဖူးတာ မဆိုင်ဘူးနော်)

လင်းစ်စ်ကိုလဲ တွေ့ဖူးချင်တာပဲ...။။

စီဘောက်စ်မှာခင်ရတဲ့...ဆင်ဆင် နဲ့ မြိုးကိုလည်း တွေ့ဖူးချင်တယ်။။

မမိုးကောင်းသူ...မစူးတို့လက်ရာလဲစားဖူးချင်တာပဲ..။။

ကျနော့ကို ဘလော့ဂ်လောကထဲက ပြန်မထွက်နိုင်အောင်လုပ်တဲ့
မချိုသင်းကို မြင်ဖူးချင်တာ ပြောဖို့မလိုပါဘူး ထင်တယ်နော်။။

ကိုဘတို့...ကိုစတိဖ်တို့...ကိုကေတို့..မမစထရိုက်တို့ကိုလဲ အခါသင့်ရင်မြင်ဖူးချင်ပါတယ်။။
သြော်...နောက်...ကိုသစ်နက်ဆူးကိုလည်းတွေ့ဖူးချင်တယ်..တကယ်။။

24 comments:

ဒေါ်ပေါက် ဂိတ်ဆုံးတဲ့ ဒေါ်ပေါက် ဟိဟိ။ ရယ်နေတာတော့ ဂိတ်ဆုံးဆိုလို့။ တကယ်လည်း ဟုတ်ဟုတ်နေတာနော်။ မယ်နိတို့ကတော့ ဒေါ်ပေါက်ကို တွေ့ဖူးချင်တာ အသေအချာပဲ။ ဒါပေမယ့် စိုးရိမ်မိတယ်လေ။ အပြင်မှာဆို တကယ်ခင်ပါ့မလား။ တကယ်ခင်မှာလား လား လား လား။

ပေါက် တွေ့ကြမယ်လေ.. စလုံးလာခဲ့ပါ..
ပြီးရင် မဟုတ်တရုတ်ပြောကြမယ်.. ဟိ

ပေါက်ရေ… ဒီကို လာလည်လေ… ဆုံကြတာပေါ့… အမကလဲ ပေါက်ရော ချန်းချန်းလေးရောကို မြင်ဖူးချင်တယ်…

နောက်ဆုံးစာကြောင်းက ဇတ်နာအောင်ရိုက်ထားတာ အပေါက်ရဲ့ ...
ပေါက်ဆိုး )))
(ကောက်ချင်ယောင် ဆောင်သွားသည်။)

ကျွန်တော့်နာမည် ကိုကေပါ။ တွေ့ဖူးချင်သလား။ စိတ်ညစ်သွားမယ်။ (ခွိခွိခွိ)။ တခါဆက်ဆံ အော့ကြောလန်ပေါ့။

မဟုတ်ပါဘူး။ ကျွန်တော်က တအားသဘောကောင်းပါတယ်။ စိတ်ပါရင် သီချင်းတွေ ဆိုပြဦးမယ်။ (ဟဲဟဲ)။ လူပေါကြီးပေါ့။

ပျားရည်ငုံပြီး ရေးတဲ့ပို့စ်ကို ပျားရည်ဆမ်းတဲ့ အပြုံးနဲ့ ဖတ်သွားတယ်။
အားးးး ချိုလွန်းလို့ ပုရွက်ဆိတ် တက်ကုန်ပါပြီ။

ပျားရည်ငုံပြီး စကားပြောရင် ဖရူးဖရူး.၀ူးဝါးဝါးဖြစ်နေမှာပေါ့။ ပေါက်ကတော့ အမြဲတလွဲ.. အင်း..ပေါက်ကိုတော့..ပေါက်ဆိုတဲ့ နာမည်လေးကြောင့် စိတ်ဝင်စားပြီး စဖတ်ဖူးတာ.။ စဖတ်ဖူးတဲ့ပို့စ်က dragon fruitထင်တာပဲ။ ပထမပိုင်းက ယောက်ကျားလေးလို့ထင်နေတာ။ ဘေးမှာ တင်ထားတဲ့ပုံက သူ့အမျိုးသမီးများလားပေါ့။ ဖတ်ရင်းမှ ဇာတ်ရည်လည်တာ။ သမီးလေးကိုလည်း သားလေးထင်လိုထင်။ အဲဒီသားအမိခမျာ သားအဖဖြစ်သွားရှာတယ်။
mm

ပေါက်စ်ရေ..ပျားရည်ငုံပြီး ရေးထားတဲ့ ပို့စ်ကို ကပ်စေးကပ်စေးနဲ့ ဖတ်သွားပါတယ်..ဟဲဟဲ..
ဆုံကြရအောင်..ညီအမတွေ စုပြီး တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာကွယ်.. အပြင်မှာ တကယ်စားကြသောက်ကြမယ်..ဟဲဟဲ

သီချင်းဆိုပြမယ် ဆိုရင်တော့တွေ့ချင်ပါတယ်။

ပိုက်ဆံရှိရင် taiwan လာဖို့ အစီအစဉ်တော့ ရှိတယ်၊ ဒါပေမယ့် ပိုက်ဆံက ရှိလေ့မရှိဘူး.. :P သီတင်းကျွတ်ရင်တော့ ရန်ကုန်ပြန်မယ်

mm ပြောသလိုပဲ၊ နာမည်ကြောင့် စဖတ်မိတာ၊ သမီးပုံကို ပေါက်ငယ်ငယ်က ပုံမှတ်လို့၊ mm ပြောတဲ့ အမျိုးသမီးပုံဆိုတာ မတွေ့မိပါလား

လာပါတယ်ပေါက်ရယ်။ ခင်ပါတယ်။ အများကြီးခင်ပါတယ်။

ပေါက်ရေ တကယ်ပြောတာလား ချန်းချန်းကို အရင်လွှတ်လိုက်လေ... ရုံးက ခွင့်ယူပြီး လျှောက်လည်ကြမယ်။ မနုသွဲ့နဲ့ပါ ချိန်းလိုက်မယ် (တွေ့ချင်လို့ အကြံအဖန်လုပ်တာ)

ပေါက် စလုံးလာလည်ရင် မမkom ကစန်တိုဆာ လိုက်ပို့မယ်တဲ့.. စင်စင်ကတော့ သူ့မှာ singtel ဘေလ်တွေ အများကြီးရှိလို့ flyer လိုက်စီးပေးလိမ့်မယ်.. ကိုဘကတော့ မူးဖို့တာဝန်ယူမယ်တဲ့ အဲ ရှမ်းစာနဲ့ ယိုးဒယားစာတွေ လိုက်ကျွေးဦးမှာတဲ့..
မသက်ဝေကတော့ စင်္ကာပူရဲ့ ကျန်တဲ့နေရာအနှံ့ အပြားလိုက်ပို့ပေးလိမ့်မယ်.. တို့ကတော့ပေါက်သွားတဲ့နေရာတိုင်းကို အဖော်လိုက်လုပ်ပေးပြီး သူများတွေကျွေးတာ လိုက်ကပ်စားပေးပါမယ်.. ဟဲဟဲ

ဟင်...
အမတို့တော့ မပါဘူးနော် တွေ့ချင်တဲ့ ထဲ ..
ဒါပေမယ့် အမရေးမယ့်ထဲတော့ ပေါက်တို့သားအမိပါတယ်။
ကဲ ဘယ်သူဖြစ်မလဲ စောင့်ဖတ်ကြည့်နော်...

သူဘယ်သူလဲ..
မမဆောင်းများလားး
ဒီနေ့အလုပ်မှာ မမဆောင်းကို မရေးမိတာ သတိရမိတယ်..

ပေါက် စဉ်းစားကြည့်လေ. သူ့ကိုယ်သူ အမလို့ပြောတတ်တာ ပေါက်နဲ့ခင်တာဘယ်သူရှိသလဲ။
မိုးချိုသင်းမဟုတ်.မိယာမဟုတ် နိမဟုတ်. တန်ခူးက ရေးပြီးသွားပြီ။ မသိတာလည်းမဟူတ်

မခင်မင်းဇော်။ မနော်ဟရီ များလား။

အမတို့.. ဆိုတော့.. တို့လည်းမသိဘူး. ကလေးရှိတဲ့အမတစ်ယောက်ကို စဉ်းစားပါ။

သူများကို တော့ မတွေ့ ချင်ဘူးပေါ့လေ.. (ငိုလိုက်မှာဘဲ နော်.. )တိုင်ဝမ် လာကြည့်ချင်တာ နစ်ပေါက် မုန်တိုင်း တိုက်တာလားဟင်

သတ်ချင်တယ်....လပင်းညစ်ပြစ်မယ်..ပြီးမှရိုက် ရိုက်ပြီး သီချင်းဆိုခိုင်းမယ်

မားပေါက်..ဟောက် ..ဟောက် (ဇာတ်သံနှောပြီးဖတ်)
သာမီးတို့ကျတော့ပါဘူးရယ် ဗြဲ။

ပေါက်ရေ...
ကျနော်ကလည်းတွေ့ ဘူးချင်ပါတယ်..
ကျနော်တို့ ၂ယောက်တွေ့ ရင် ၇ယ်ရမယ်ထင်တယ်...
ပေါက်က...၈ျစ်ကန်ကန်..
ကျနော်က အူတူတူ...ထုံတုံတုံ..။
နည်းနည်းလဲ ဂေါက်ချင်သလိုလိုဗျ...။

ဟယ် ခုမှ လာမိလို့ ခုမှ တွေ့တယ်။ တောင်းပန်ပါတယ် ပေါက်ရယ်။ တွေ့ချင်ပါတယ်၊ မီယာ ပြောသလို ဆုံကြတာပေါ့နော။ ကိုယ်လား၊ စွယ်မစုံပါဘူး။ အစွယ်မရှိတဲ့ ရေမြွေလေးပါ ဟိဟိ။
ဒါနဲ့ နေပါဦး။ ဘယ်လိုဖြစ်လို့ ကိုယ်က ပေါက်ကို ကြည့်မရဖြစ်မယ် ထင်ရတာတုံး။ မတွေ့ခင်ကတည်းက လူကို ဂွကျမယ်လို့ သတ်မှတ်လိုက်တာပေါ့လေ ဟွန့်။ (ရစ်ကြည့်တာ...ဂျစ်တိုက်ခံရမလားလို့ အစမ်း အစမ်း)

အမ်မ မိုးကောင်းသူ...လက်ရာလဲစားဖူးချင်တယ်ဆိုလို့ ကြုံကြိုက်ခဲ့ရင် ချက်ကျွေးပါအုံးမည်။

ဘုရားရေ... ချစ်ပေါက်...
အခုမှရောက်လို့ အခုမှတွေ့ရ ဖတ်ရတယ်...
ဆောရီးပါ ညီမရယ်...
ဘယ်လိုတွေ မျက်စေ့ရှမ်းသွားတယ်မသိဘူး...
ဟိုနေ့တွေက မတွေ့လိုက်ဖူး..

အမကလဲ ပေါက်ကို တွေ့ဖူးချင်ပါတယ်...
ဒီကိုလာလည်မယ်ဆိုရင် ပေါက်သွားချင်တဲ့ နေရာတွေ အားလုံး အမလိုက်ပို့မှာပေါ့... ချန်းချန်းလေးရော အတူတူပေါ့... ပေါက်မသိသေးတာ တခုကို နောက်တနေ့ Online မှာတွေ့ရင် ပြောပြမယ်နော်...