တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်...




ဒါလေးက ဖျင်းဖန့်(拼盤)
ကြက်သားလိပ်..ပင်လယ်စာကြော်..ဖီတန်..ကြက်မြစ်..ပေါင်းယွီ...






ဒါကတော့..ခုတ်ဝမ် လို့ခေါ်ပါတယ်..
အတွင်းမှာ ဂျုံစေ့တွေ..ပိန်းဥတွေ အမဲခြောက်တွေကို အပြင်ပန်းက ကြက်သားလွှာနဲ့ ၀န်းရံထားတာပါ..



ဒါကတော့ ချဉ်ချဉ်စပ်စပ်..ကြာဇံသုတ်ပါ..

ဒါကတော့ ပင်လယ်မျှော့ ချဉ်စပ် ဟင်းရည်ပါ...
စွန်တန် နဲ့ ပြုလုပ်ထားပါတယ်..
ငုံးဥပါတယ်..ကြက်သားပါတယ်..ဖက်ထုပ်ကြော်ပါတယ်..အဓိကကတော့ ပယ်လယ်မျှော့ပေါ့..
လှလှပပ ရိုက်ဖို့ရာ အချိန်မမှီတဲ့အတွက် ဆောတီးပါ..


ဒါကတော့ ကျနော်တို့စားတဲ့ဝိုင်းပေါ့..
ပြီးခါနီးမှ ရိုက်ဖို့သတိရလို့..
ပုဇွန်လိပ်ကြော်တို့...ဘဲကင်တို့...ဟင်းရွက်ကြော်တို့...အမဲအူအမဲလျှာစွပ်ပြုပ်(ဖားဟူး)တို့
ရိုက်ဖို့အချိန်မရလို့..

ပဲရေ..
Graceရေ...
သတိရအောင်တင်ပေးလိုက်တယ်ဟေးး...

နောက်ဆက်တွဲသတင်း။။
ဒီပုံပါ ဟင်းတွေက သူများမင်လာဆောင်သွားရင်း ရိုက်လာတာပါ။။
ကျနော်က တစ်စက်မှ အဖြစ်ရှိတာ မဟုတ်ပါဘူး ။။

24 comments:

အကုန်စားသွားတယ်။
လိုက်ပွဲထပ်ပေးပါ...။

ခုတ်ဝမ်နဲ့ ဖျင်းဖျန့် နောက်ထပ် သုံးပွဲစီပေးပါ..။ ဟဲဟဲ...။
မြိုး ဟိုးဘက်တိုး.. ဒီနား သိပ်မကပ်နဲ့...။ အိုင်တစ်ယောက်ထဲ စားမယ်...။

စားချင်တယ် စားချင်တယ်....

ကိုဘွိုက်တို့များဘယ်တုန်းကတည်းက ပန်းကန်ကိုင်ပြီးစောင့်နေလည်းမသိဘူး..

စွန်တန်တို့ ဖားဟူးတို့ ပါပုံထောက်တော့ မဟုတ်မှလွဲရော.. မပေါက် ယူနန်ဖြစ်ရမယ်.. အားကျတယ်၊ အချက်အပြုတ် အရမ်းကျွမ်းကြတာ.. ရှလွတ်x100

First class world class Chinese foods. forget about eating. Never seen before :)

အားပါးးး ရှယ်တောင် ဒီလောက် မရှယ်ဘူး။
ပို့စ်ခေါင်းစဉ်က သီချင်းကို ဆက်ဆိုရရင် ပေါက် မင်္ဂလာဆောင်တော့ မဟုတ်ပါဘူးနော်။ :)

ဒီလို ဆန်းဒေးမျိုး တပတ်လုံး ကြုံချင်ပ။

စားချင်တယ်။ ကွန်ပြူတာပါ ကိုက်စားမိတော့မယ်။ :D

အားပါးပါး.. စားချင်လိုက်တာနော်..ပေါက်လုပ်တာနဲ့ ဗိုက်ထဲကတောင် အသံမြည်လာလို့ အောက်ထပ်ဆင်း စားစရာတခုခု ရှာစားရတော့မယ်နော်...

အင်း မစားရ ညှော်ခံ လာကြည့်နေရတာ စိတ်ဆိုးဒယ်။
သွားရည်တောင် ကျနေပြီ ဒီမှာ....

တချို့ဟင်းတွေကြားတောင် မကြားဖူးဘူး၊ စားချင်တယ်၊ တရုတ်နာမည်တွေလဲ လိုက်မမီဘူး၊ စင်္ကာပူက ရေရောတဲ့ တရုတ်စကားပဲ တတ်တယ်။

လှလှပပရိုက်ချိန်မရတာ စားလိုက်လို့ မဟုတ်လား? :P

ဗိုက်ပြန်စာလာပြီ....

ဆန်ပြုတ်ပဲ စားနေရတဲ့ကြားက လျှာရှည်ပြီး လာကြည့်မိတော့ အတော် ဒွတ်ခရောက်သွားတယ်။ ကိုယ့်အပြစ်နဲ့ ကိုယ်ပါကွယ်း(
စားနိုင်သူများ ပိုစားပေးလိုက်နော်း)

ဟိုက်......LAမှာ တွေ့သမျှဟင်း ကော်ရည်တွေ လှိမ့်လောင်းနေတဲ့ ကွမ်းတုံဟင်း ချည်းစားနေရလို့ စိတ်လေပြီး မန္တလေးက ယူနန်ဟင်းတွေကို လွမ်းနေပါတယ်ဆိုမှ သူက ငိုချင်အောင် လုပ်နေတယ် :D
သားရေကျတာကို ဘယ်လိုမှ မထိန်းနိုင်တော့ဘူး။ စာတိုက်က ပို့ပေးတော့ဗျို့......

တသက်လုံးလည်း တတ်မှာ မဟုတ်တော့ပါဘူးလို့ မှတ်ချက်ပေးခံထားရတဲ့သူကို ပုစ္ဆာခက်ခက်ကြီးတွေ ပေးအောင် သူလုပ်ပြန်ပြီ အဟီး (ရီတာမဟုတ်ဘူး ငိုတာ)

ဒေါက်ပေါ် - စားချင်းတယ်းးးးးး

ပေါက်ရယ် စားစရာတွေက များလှချည်လား။ အကုန်စားချင်တယ်။ တိမ်ပြာပြာနေ့က ဒီစားစရာတွေနဲ့ ပိုလှနေတော့မှာပဲ။

ခုတ်ဝမ့်စားချင်တယ်။ ဖားဟူး သောက်ချင်တယ်။ တောင်ကြီးက မင်္ဂလာဆောင်တွေတောင် သွားသတိရမိတယ်။

စားချင်တယ်။ ၀ါးချင်တယ်။

ပဲရေ..
Graceရေ...
သတိရအောင်တင်ပေးလိုက်တယ်ဟေးး...

Soya? I like it. one of the items in my shopping trolley

ပေါက်ရေ ဘာ အထိမ်းအမှတ် သွားစားတာလဲ... ခုတ်ဝမ် တခါမှ မစားဖူးဘူး။ ပွဲတွေ အများကြီးပဲနော်... အားလုံး စားချင်စရာတွေချည်းပဲ။ ဘယ်တော့ လုပ်ကျွေးမှာလဲ :P

steve လည်းတော်တော်နောက်တာပဲ...

အော်... စားစရာတွေကို လာမကြည့်တော့ပါဘူးရယ်လို့ စိတ်ကို တင်းထားသော်လည်း မအောင်မြင်ပါ. လာမယ့်လာတော့လဲ ဓိုက်ဆာနေတဲ့ အချိန်တည့်တည့်ဖြစ်နေလေတော့... ပေါက်ရေ...
နှိပ်စက်လိုက်ဟ လို့ သံကုန်ဟစ်အော်ပြီး ပြန်သွားပါတယ်...။
(ချစ်ပေါက်က တကယ်တော်တာပဲ... တကယ်... တကယ်...)

ကိုဘ..မြိုး..မလုနဲ့လေ..မအိပ်ပဲစောင့် စားတာကျေးဇူး..

တီဇက်အေ..
မှန်ပါတယ်..တစ်မှတ်..

ကိုစတိဖ်က ..ကုလားစာပဲကြိုက်တာမို့လား..

မလှထုံ..
အဲ့ဒါ သူများမင်လာဆောင်..
အမျိုးမင်လာဆောင်ပါ...ကျနော်ကတော့
ချက်တတ်ဖို့ရာ..အဖြစ်မရှိဘူး

zt...ကွန်ကို..၀အောင်စားနော့..
comနော်..komမဟုတ်..

မသိင်္ဂီ..မခင်မင်းဇော်..
အ၀စားနော်..အလှမစားရဘူး..

Mae..
လိုက်မမှီတာ..ယူနန်ဟင်းတွေမို့လေ..
ကမ္ဘာ့တရုတ်အစားအစာမဟုတ်..
ဒေသအစာမို့..
ယူနန်တောင်ရိုးရိုးယူနန်မဟုတ်လို့..
(ဗုဒ္ဓဘာသာမဟုတ်တဲ့
ဘာသာတစ်ခုကိုသက်ဝင်ယုံကြည်တဲ့ယူနန်ပါ)

မနုသွဲ့ ...နေကောင်းတဲ့အချိန်ထပ်ပြန်လာကြည့်နော်..
ပိုစားကောင်းတယ်..

Heartmuseumက မန်းလေးကဆိုရင် ယူနန်ဟင်း
တွေနဲ့ ရင်းနှီးတာပေါ့..နော့..
ပြောလို့ပြောတာမဟုတ်ဘူး..ယူနန်ဟင်းက ဘယ်တော့စားစား မရိုးဘူး မအီဘူး..
ဟိ ဟိ

မသီတာ...
ကျနော်လဲ မတတ်ဘူး..ဒီဟင်းတွေ
သူများမင်လာဆောင်မှာ သွားစားလာတာ..
အမျိုးဆိုတော့..ကူလဲကူရင်း..နောက်ဖေးထိဝင်
ရိုက်လာတာ..

ကိုနိ..မယ်နိ..ဖြေးဖြေးစားပါ..မလုရဘူးလေ..

သဉ္ဖာက ပိုးအိအစ်မထင်တယ်..
ကျဲ့ က အဲ့နေ့က သွားရှန်းပန်းတာလေ..
ဟဲဟဲ..ဘာမှမတတ်ပဲနဲ့..

ပီအမ်..စားတော့စား..မ၀ါးနဲ့

ကိုစတိဖ်..
ပဲရေ..ဆိုတာ..ကျနော့ညီမလေးပဲကို
ခေါ်တာ..
ကိုစတိဖ်က ပဲနို့Soyamilk ကိုကြိုက်တယ်လား..
ကောင်းတာပေါ့..

မမီယာရေ...အမျိုးမင်လာဆောင်ပါ..
ကျနော်တစ်စက်မှမချက်တတ်ဘူး..
သူများတွေချက်တာ...

မသက်ဝေ...
လာခဲ့လေ..ချက်ကျွေးမယ်..ဟားဟား
အလကားစတာ..မချက်တတ်ဘူး..
သူများမင်လာဆောင်က ရိုက်လာတာပါ..

မြိုးရေ..
ကိုစတိဖ်ကိုကြည့်ထိန်းအုန်း..
ပေါက်ကရတွေပြောနေတယ်..

ပေါက်ရေ… အလာနောက်ကျပေမယ့် အစားအစာတွေက အတော်များများ ကျန်သေးလို့ တော်သေးတယ်… ဘယ်ဟာမှ မစားဖူးတဲ့ အထူးအဆန်းတွေ… ဒီလို မင်္ဂလာဆောင်မျိုးသွားချင်လိုက်တာ…

အစကတည်းကတော့ထင်သား။