4/15/2009

寶貝


我愛妳


(親 愛 的 媽媽 = 我覺得 媽媽比全世界的媽媽 辛苦
်ချစ်လှစွာသော မာမား = မာမားဟာကမ္ဘာပေါ်မှာရှိရှိသမျှ မာမားတွေထက်

ပင်ပန်းတယ်ဆိုတာ ကျနော်သိပါတယ်။။

所以我長大會好好的照顧您
အဲဒါကြောင့် ကျနော်ကြီးပြင်းလာတဲ့အခါ မာမားကိုကောင်းစွာစောင့်ရှောက်ပါ့မယ်။။

您放心吧
(မာမား)စိတ်ချပါ။။

我愛您 您好美麗..
I love you မာမားကသိပ်ကိုချောမောလှပတာပဲ..ဟိဟိ)

မှတ်ချက် ။။ ။။ ဒီကကျောင်းတွေက မူကြိုကတည်းက အမေများနေ့ အဖေများနေ့(၈ရက်၈လ)
ဘာနေ့..ညာနေ့ ဆိုတာတွေကို ကျင်းပဖို့ အလေ့အထလုပ်ပေးထားပါတယ်။။
ဆိုတော့ ကလေးတွေက သတိမရချင်လဲ ရရတော့ပါတယ်။။
မူကြိုတုန်းကလဲ အမေများနေ့မှာ...tulipပန်း(စက္ကူပန်း)ပေးရတာနဲ့..
ကိတ်မုန့်လေးတွေ ပေးရတာနဲ့...စုံနေတာပဲ..
ဒီလိုနိုင်ငံတွေမှာ အခုလိုငယ်ကတည်းက မိဘကို သတိတရရှိစေဖို့
ဒီလိုနည်းနဲ့ သတိပေးထားခါမှ တော်ကာကျမယ်ထင်ပါတယ်လေ..။။



မနှစ်က ချန်းချန်းပေးတဲ့
အမေနေ့အမှတ်တယ ပို့စ်ကဒ်လေး..
၅ လ ၁၀ ရက်မှာ ကျရောက်မယ့် အမေနေ့ကို ကြိုဆိုတဲ့ အနေနဲ့ တင်ပေးလိုက်ပါတယ်..
ဒီနှစ် ဘာပေးမလဲ မသိရသေးပါဘူး..
ဒီနေ့ညနေကတော့ကိတ် ၀ယ်ပေးမယ်လို့တော့ ပြောနေတာပဲ.
(ပြောနေတာပဲနော်..၆လက်မကိတ်ကို ၅၉၉ကျပ် ဆိုတော့..သူ့မှာ ၄၇ကျပ်ရှိတယ်တဲ့)
ဒီတော့ သူပေးမယ့်ကိတ်ကို အတွေးထဲကနေ ပယ်ချလိုက်ပါပြီ..။။
နောက်တော့ subway ၀ယ်ကျွေးမယ်တဲ့..။။ ဘယ်နှစ်လက်မ စားချင်လဲ..တဲ့။။
၆လက်မဆို တော်ပါပြီလို့ ..။။ ၆လက်မ ၆၉ကျပ်လေ...ဈေးသက်သာတာပြောတာ။။



1$ = 33.73 NT




18 comments:

  1. လိမ်မာလိုက်တဲ့ ချန်းချန်းလေး။ သူက အလိုက်သိလိုက်တာ။ သူ့မေမေ ဒေါ်ပေါက်ကို သိပ်ချစ်တာပဲ။ ဒီချန်းချန်းနဲ့ ဒီပေါက် ပျော်ရွှင်ကြပါစေ။

    ReplyDelete
  2. ပေါက်ရေ.. ချန်းချန်း အမှတ်တရ ဖြစ်တာနဲ့ပဲ ပီတိတွေ ဖြစ်နေတယ် မဟုတ်လား... တချို့ ကလေးတွေက သတိမရလို့ အမေတွေက သတိပေးရသေးတာ။ သားအမိ၂ယောက် ပီဇာ သွားစားကြပေါ့နော်... ဘယ်လောက်ကျမလဲတော့ မသိ

    ReplyDelete
  3. လိမ္မာလိုက်တာ.. အဲ့ဒါမျိုးလေး တစ်ယောက်လောက်လိုချင်တယ် :P

    ReplyDelete
  4. ဟယ်..ချန်းလေးက လိမ္မာလိုက်တာနော်..နေဦး..အိမ်က ကလေးတွေကို ပြထားရဦးမယ်..။ အင်း..တို့လည်း ဘာဝယ်ကျွေးခိုင်းရရင်ကောင်းမလဲဟင်..။

    ချန်းချန်းလေးကို ချစ်လိုက်တာ.. ဒီအမေနဲ့ ဒီသမီးလေး ဆထက်တိုးပြီး ပျော်ရွှင်ချစ်ခင်ကြပါစေနော်..။

    ReplyDelete
  5. ၅၉၉ကျပ် ဆိုတော့..သူ့မှာ ၄၇ကျပ်ရှိတယ်တဲ့။ အဲဒီရက်မတိုင်ခင် သူ့ကို မုန့်ဖိုး ၅၅၂ပေးလိုက်ရင်..၀ယ်လို့ရပြီပေါ့။ မားမားပေါက်ရဲ့။
    mm

    ReplyDelete
  6. မယ်နိရေ...
    ချန်းချန်းဆိုးတဲ့အချိန်ကိုမတွေ့သေးလို့နော်..
    ဘာပဲဖြစ်ဖြစ်..ကျေးဇူး

    မမီယာ..
    ဒီတစ်ခါ ပီဇာမဟုတ်ဘူး ..
    ပီဇာထက်ဈေးပေါတဲ့subway...

    Mae..
    ရော့....ယူလိုက်

    Ko Steve..
    ဘာသာပြန်ထားတာ မချောမွေ့ဘူး..
    ဖြစ်သလိုပြန်လိုက်ပါတယ်..
    မဟုတ်...မပြန်ပေးချင်ဘူး
    သူ့အမေကို ချောတာတွေရော လှတာတွေရော
    အမှန်တွေချည်းပြောထားလို့...ဟိဟိ

    မသိင်္ဂီရေ...
    ကလေးတွေကိုပြလိုက်..ဒီမှာက အခုကတည်းက ကျောင်းမှာရော..
    ကိတ်မုန့်ဆိုင်တွေက အမေများနေ့ကိတ်အတွက်
    ဈေးချတာရော..သူတို့မမြင်ချင်မှ အဆုံးလိုဖြစ်နေတော့..မသိချင်လည်းသိနေရတာလေ..
    ပေးတဲ့ဆုနဲ့ပြည့်ပါစေ..

    အမ်အမ်နော်..
    မပေးနိုင်ပါဘူး...သူက ကျွေးချင်တာ..
    ကျုပ်ကစားချင်တာမှမဟုတ်တာပဲ...ဟာကို
    ဟာကို..

    ReplyDelete
  7. မာမားကသိပ်ကိုချောမောလှပတာပဲ..
    ချန်းချန်းက အမှန်တွေပြောနေတယ်..
    လိမ္မာလိုက်တဲ့ ချန်း..
    ချန်းနဲ့ ပေါက် အမြဲတမ်းပျော်ရွှင်ပါစေ..

    ReplyDelete
  8. တော်တော်သိတတ်တဲ့ သမီးကို ရထားပါလား ပေါက်ရယ်.. ကံကောင်းလိုက်တာ.. ချန်းချန်းလေးကိုလဲ ချစ်လိုက်တာ..
    ဒါ့ထက် ချစ်ခင်ကြပါစေ ခုထက်လဲ ပျော်ရွှင်ကြပါစေနော်။

    ReplyDelete
  9. ပေါက်ရေ.. အသက်ရှုနည်းနည်းချောင်လာလို့ blog လျှောက်လည်နေတယ်... ဒီနေ့ သင်္ကြန်အတက်နေ့မို့ ရေလည်း လာ လောင်းတယ်.. ချန်းချန်းကိုလည်း ခေါင်းကနေ လောင်းသွားတယ်နော်... :D

    ပေါက်ရေ.. ချန်းချန်းလေးက ငယ်သေးပေမယ့် အမေကို အခုလို သိတတ်တာ ၀မ်းသာစရာပါ.. အဲဒီလို သမီးလေးမျိုး လိုချင်တယ်.. ပေးမလား.. :P

    ReplyDelete
  10. ကျွေးချင်တဲ့ သမီး ဆန္ဒပြည့်သွားအောင် လိုတဲ့ ပိုက်ဆံ မုန့်ဖိုးပေးလိုက်ပေါ့။ အရှုံးမရှိပါဘူး။ နောက်ဆုံးတော့ မပေါက်ပဲ စားရမှာပဲလေ။ :P

    ReplyDelete
  11. သူ့အမေကို ချောတာတွေရော လှတာတွေရော
    အမှန်တွေချည်းပြောထားလို့...ဟိဟိ

    Yes KOM also told me you are beautiful

    ReplyDelete
  12. ချစ်စရာ ကြည်နူးစရာလေးပါလား ပေါက်ရေ...
    ချန်းချန်းလေးက ပေါက်အတွက် အားကိုးရမယ့်၊ အဖေါ်ရမယ့် သမီးလေးတယောက်ဖြစ်မှာ သေချာပါတယ်...
    ပေါက်က ချောတယ်ဆိုတော့ မြင်ဖူးချင်လိုက်တာ...

    ReplyDelete
  13. ဟိ..မြိုး..အဲ့ဒါတမင်ရွဲ့ပြောတာ..
    မခင်မင်းဇော်...
    ချန်းကအဲ့လောက်လဲ မဟုတ်ပါဘူး..
    ကျေးဇူးနော်..အမ
    နုရေ..
    ပေးမယ်..ရော့..ရော့..
    ZT...
    အဲ့လောက်လွယ်တဲ့ဖြေရှင်းနည်းကို
    အစက ဘာလို့ မတွေးမိပါလိမ့်နော်..
    ကိုစတိဖ်...မမမြင်ဖူးတယ်ဆိုတာမှန်ပါတယ်..
    ဒါမယ့် ပြောင်းပြန်ကြီး..ဟိဟိ
    မသက်ဝေရေ..
    အခုချိန်မှာတော့ ဘာမှမပြောနိုင်သေးဘူးပေါ့နော်..
    ဖြစ်လာသမျှကို လက်ခံရမှာပေါ့လေ..
    ကျနော်က ယောင်္ကျားလေးနဲ့ တူတယ်..အမရ..
    မမ(kom)က ပြောင်းပြန်ပြောနေတာပါ..

    ReplyDelete
  14. ah-pauk ကို အမျိုးသမီးမှန်း ခုမှသိတော့တယ်။
    ထပ်မှားပြန်ပြီ။
    sin dan lar ကိုလဲ အစက အမျိုးသမီးမှန်းမသိဘူး။
    မှားပြီးရင်းကို မှား နေတယ်။ :D

    ReplyDelete
  15. အင်.. ရက်ရောလိုက်တာ..

    ကိုယ့်အမေသာ ကိုယ့်ကို အဲ့ဒီလို ပေးပစ်ရင် စိတ်ကောက်လို့ ဆုံးမှာ မဟုတ်ဘူး

    :P

    ReplyDelete
  16. ချန်းက သူ့ အရွယ်လေးနဲ့  အတော်ကို သိတတ်လိမ္မာတဲ့ကလေးဆိုတာ ဒီဆုတောင်းလေးနဲ့ ကဒ်လေးကို ကြည့်ပြီး သိရလို့ ကြည်နူးရပါတယ် ပေါက်ရေ…
    ချစ်သမီးချန်းလေးနဲ့ ချစ်မေမေပေါက်တို့  အတွက် ပျော်ရွှင်ြ့ကည်နူးဖွယ်နှစ်သစ်ဖြစ်ပါစေလို့  ဆုတောင်းပေးလိုက်တယ်နော်…

    ReplyDelete
  17. ပေါက်ရေ..... ချန်းက သိပ်အလိုက်သိတာပဲ....။
    ဒီမှာလဲ သူငယ်ချင်းတစ်ယောက်က အမေနေ့မှာ သူ့သမီးလေး လက်ဆောင်ပေးထားတဲ့ ဖန်စီလက်စွပ်လေးကို မချွတ်တမ်းဝတ်ထားတာ တွေ့တော့ ကြည့်နူးလိုက်တာ

    ReplyDelete