4/12/2009

ကျနော့ရဲ့ စင် ....၁






ဒီနေ့ရာသီဥတုကောင်းပါတယ်..
မိုးသားလေးလဲ ကြည်လင်လို့...
ကောင်းကင်ကြီးကလည်း ပြာလို့...
ဒီမနက်စာ အီကြာကွေးထဲမှာ

ဘာလချောင်ကြော်ထည့် နာနတ်သီးညှပ်ပြီးစားပါတယ်..(အီလည်လည်နဲ့ စားမကောင်းပါ )
ပဲနို့လေးသောက်လို့ပေါ့..
ပို့စ်အသစ်တင်ချင်တာ ဘာတင်ရမှန်းမသိဖြစ်နေတယ်..
လူကလဲ ခပ်ညံ့ညံ့ဆိုတော့..
ကိုယ့်မှာရှိတဲ့ စင်လေးကို

ထုတ်ကြွားလိုက်ပါတယ်..



မင်းလူ ။ သုမောင် ။ ဦးသာဓု ။နေ၀င်းမြင့် ။ ညီပုလေး(လူထုဒေါ်အမာသား )


ဂျုး ။မစန္ဒာ (ဆရာမစာအုပ်ကို ဒီရောက်မှစဖတ်ဖူးတာပါ) ။ခင်ခင်ထူး (ညီမလေး ညွှန်းလွန်းလို့ စဖတ်ပြီးကတည်းက
ကြိုက်ပါတယ် ..အထူးသဖြင့် `` အညာဆွေမျိုး ...နဲ့ မိုင်ခိုး(၀တ္ထုတို)...မိုးမိုး(အင်းလျား) နုနုရည် (အင်းဝ)



ဒီအထပ်က တ၀က်လောက်ကို ဦးနှောက်ခြောက်လို့ သိပ်မဖတ်ဖြစ်ဖူး..
ဘယ်ဖက်ခြမ်းကရသစာပေကလွှဲလို့...
အပေါ်၂ထပ်က ဖတ်ပြီးရင်း ဖတ်ရင်းး...


11 comments:

  1. စာအုပ်စင်လေး လာကြည့်သွားတယ် ပေါက်ရေ။ မင်းလူ ကြိုက်တာချင်း တူပြီ။ :)

    ReplyDelete
  2. စာအုပ်စင်လေးက အပြည့်ပါလား။ မင်းလူ၊ နေဝင်းမြင့် အကုန်ကြိုက် အသဲစွဲတွေ။ နီးလို့ကတော့ ငှားဖတ်လိုက်ချင်စမ်းပါဘိနော်။

    ReplyDelete
  3. ပေါက်ရေ.. နီးရင်စာအုပ်လာဌားပါတယ်တော်.. စာအုပ်တွေများကြီးဘဲ..ကူးကူးဆို မဂ္ဂဇင်းတစ်ခုနှစ်ခုကလွဲ ဘာမှမစုမိဘူး..း(

    ReplyDelete
  4. ပေါက်ရေ...
    စာအုပ်စင်လေးက ပျော်စရာလေး...
    မင်းလူတွေလဲ အများကြီးပဲနော်... အမမှာတော့ ဂျူးပဲ အကုန်ရှိတယ်...။ မင်းလူစာအုပ် သိပ်မရှိဘူး... ပေါက်ဆီက လာငှားမယ်လေ.. နော်...

    ReplyDelete
  5. မချိုသင်းရေ..
    စိတ်ညစ်ရင် မင်းလူဖတ်တယ်..
    စိတ်ပျော်ရင်လည်း မင်းလူစာအုပ်ကိုင်တာပဲ..
    (အခုတခေါက် သူငယ်ချင်းယောင်္ကျားစာအုပ်ပုံထဲက ၂အုပ်တိုခဲ့သေးတယ်)

    မယ်နိ..
    လာခဲ့လေ..
    ပေးငှားဖတ်မယ်..

    ကူးကူးရေ..
    ပြန်တိုင်း စာအုပ်မပါမဖြစ်သယ်တာ..
    အမျိုးတွေကတောင်မျက်စောင်းထိုးနေပြီ.
    ဒါတောင် သူများငှားပြီးပြန်မပေးတာမပါသေးဘူး

    မသက်ဝေ..
    ကျနော့်မှာ အရမ်းတော့မစုံဘူး..
    စာကြီးပေကြီးတွေက အိမ်ကပြန်သယ်လာတာ..
    မောင်လေးနဲ့ ညီမလေးစာအုပ်တွေ
    အိမ်က စာအုပ်ဗီဒိုက သူတို့၂ယောက်မရှိတော့..
    တနေ့တခြား လျှော့လျှော့လာတယ်..
    ကျနော်ကယူလာလိုက်..သူများငှားသွားလိုက်နဲ့

    ReplyDelete
  6. ပေါက်ရေ
    ပုံ အာကီးချဲ့ကြည့်တယ်
    စာအုပ်တွေ လိုချင်လိုက်တာ.... သာဓု၊ မင်းလူ၊ သုမောင်၊....၊... အားလုံး ကြိုက်တာတွေ ချည်းပဲ....
    ကမ္ဘာပြားပြီတော့ ပထမပိုင်းနဲနဲပဲဖတ်ဖူးတယ်

    ReplyDelete
  7. သော်တာဆွေလေးများ ရှိလေမလား...?

    ReplyDelete
  8. နုနုရည်အင်းဝရဲ့ ၂၈နှစ် ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်က သူငယ်ချင်းငှားသွားပြီး ပျောက်သွားလေရဲ့။ အဲဒီစာအုပ်လေးကို အနှမျောဆုံးပဲ။ ဒီမှာ လ၀န်းစက်ဝိုင်း ထက်ပိုင်းပြတ်ကြွေရှိတယ်။ အနီလား အ၀ါလား အစိမ်းလားရှိတယ်။ သောက်တော့ဒူးယား နေတော့ခြုံကြား ၀တ်တော့ မလေးရှားရှိတယ်။ ပုလဲစုံညီ ၀တ္ထုရှည်များရှိတယ်။ မြစိမ်းပြာ ကမာရွတ်ကို ပြန်ဖတ်ချင်တယ်။

    ReplyDelete
  9. ကောင်းလိုက်တာ.. ပေါက်မှာစာအုပ်တွေ အများကြီးပဲ..

    ReplyDelete
  10. စာအုပ်စင် ရှလွတ်....

    ReplyDelete
  11. မင်းထက်နိုင်June 20, 2013 at 9:01 PM

    ဆရာကြီး မင်းသုဝဏ်ရ် ရဲ့ ''ဘကြီးအောင် ညာတယ်''
    ဆိုတဲ့ဝတ္ထု တိုလေးတစ်ပုဒ်ကို ဟိုး...တစ်ချိန်တုန်းက
    ဖတ်ခဲ့ဖူးတယ်။နှလုံးသားမှာ စူးစူးနစ်နစ် ခံစားလိုက် ရတယ်။
    အသည်းဆွဲကြိုက်ခဲ့မိလို့ ထပ်တလဲလဲဖတ် ခဲ့တယ်။
    နှစ်တွေကြာခဲ့ပေမယ့်လဲ လွမ်းလွမ်းဆွေးဆွေး ရှိနိုင် လွန်းလို့
    မေ့မရခဲ့ဘူး။ယခုအချိန်မှာ အလွမ်းပြေဖတ်ဖို့ စာအုပ်ပြန် ရှာ
    တော့ ကျွန်တော် အသိမ်းအဆည်း ညံ့ဖျင်းတော့ စာအုပ်က
    ရှာမ တွေ့တော့ဘူး။အဲ့ဒီစာအုပ်က ကျွန်တော့် အိမ်မှာ
    မရှိရုံမကဘူး စာအုပ်တိုက် စာအုပ်ဆိုင် အ တော် များများ
    မှာကို ရှာမရဖြစ်နေတယ်။ဒီစာကိုဖတ်မိသူဆီမှာများ
    ဒီစာအုပ်က လေး ရှိမယ်ဆိုရင် ငှားပါ/ရောင်းပါလို့တောင်း
    ပန်ပါတယ်။09421169835

    ReplyDelete