ဝါသနာ

မတန်ခူးက တက်ဂ်လာတယ်..
´´၀ါသနာ ´´ တဲ့..
ကိုယ့်ကိုယ်ကို..ဘာဝါသနာပါလဲ ဆိုတာ သိပေမဲ့..ဘယ်လိုချရေးပြရမှန်းမသိဘူး။။

၁။။ စာဖတ်

ငယ်ကတည်းက စာအုပ်ဖတ်တာ ၀ါသနာပါပါတယ်..။။
အိမ်မှာ အဖေက ရွှေသွေး ..တေဇ...မိုးသောက်ပန်း...အပတ်စဉ် လစဉ် သတင်းစာပို့သမားနဲ့
မှာထားပေးတတ်ပါတယ်..။။ အဖေကိုယ်တိုင်လဲ မြန်မာ့အလင်းနဲ့ ကြေးမုံ နှစ်စောင်လုံးယူပါတယ်။။
နောက်ပြီး သုတစွယ်စုံ ။သုတပဒေသာ ။နိုင်ငံတကာရေးရာ စတဲ့စာအုပ်တွေကိုလတိုင်း
ယူတတ်ပါတယ် ။။
( သာမာန်မြန်မာအိမ်တွေမှာ ဒီလိုစာအုပ်တွေ ဂျာနယ်တွေဝယ်ပေးတာမထူးဆန်းပေမယ့်
အသံဝဲ၀ဲနဲ့စကားပြောတတ်တဲ့ အဖေ့လိုလူမျိုးအဖို့ ဒီလိုစာအုပ်တွေမှာပေးတာ ကျနော်တို့အတွက် အထူးပေါ့လေ...ကျနော်သိသလောက် အဖေ့မိတ်ဆွေသူငယ်ချင်းအိမ်တွေမှာ မြန်မာစာအုပ်တွေ
ဝယ်ပေးလေ့မရှိပါဘူး ။။ ကျနော့သူငယ်ချင်းတစ်ယောက်ဆို မြန်မာစာအုပ်ကိုကြိုက်လွန်းလို့
ခိုးပြီးဖတ်ရတယ် ။။ သူ၈တန်းကျတော့ သူ့အမေက ကျောင်းထုတ်ပစ်တယ် ..။။ဒါမယ့်
အခုထိ သူမြန်မာစာအုပ်တွေကို စွဲလမ်းနေတုန်းပါပဲ..။။)

အိမ်ရှေ့မျက်စောင်းထိုးလောက်မှာ စာအုပ်ဆိုင်ရှိနေတော့ နေ့တိုင်း သွားငှားဖတ်တယ်..။။
ငယ်ငယ်က ဦးစိတ်တို မျောက်ညို ဆိတ်ဖြူ ဦးကပ်စေး ပြာဂလောင် ပြာလချောင်
လေးမွန် ထွေးမွန် (သူတို့ဦးလေးနာမည်..ဘာဇာဆိုလား) ရှင်ဂွမ်းဂွိ သမိန်ပေါသွပ်
အာတာလွတ်မြို့စားကြီး ဘာညာပေါ့ ...ကျန်ခဲ့တာတွေရှိမှာပါ။။

နောက်တော့..မြိတ်ဝင်းထိန်တို့ဘာတို့..နောက်ဝတ္ထုလိုင်း ..
အဲ့ဒီမှာ အိမ်ရှေ့အိမ်က အစ်မကြီးက လမင်းမိုမိုခရေဇီ ။သူငှားတဲ့ ၀တ္ထုတွေလိုက်ဖတ်ရင်း
လမင်းမိုမို ဆွေဆွေအောင် ပုဏ္စမီ တို့စာအုပ်တွေဖတ်ဖြစ်တယ် ။။ မှတ်မှတ်ရရ ၉တန်းရောက်တော့
သိုင်းဝတ္ထုတွေ အရမ်းဖတ်ဖြစ်တာပဲ ။။ ဘယ်နှစ်အုပ်တွဲဖြစ်ဖြစ် တခါတည်းငှားလာတာ..။။
ဇာတ်ရှိန်ပြတ်သွားမစိုးလို့ ။။ထူးဆန်းတာက လွန်းXX တို့ လိုနာမည်ကြီးတွေ မဖတ်ဖြစ်တာပဲ.။။
နောက်ပြီး နုနုရည်(အင်းဝ) ကိုတော့ တော်တော်လေးဖတ်ဖြစ်ခဲ့တယ်။။
အခုထိလဲ မြန်မာစာအုပ်တွေ စွဲစွဲမြဲမြဲဖတ်ဖြစ်နေတုန်းပါပဲ ။။


၂။။ အာလူးများခြင်း

အမေ့အမွေဆက်ခံတာ မောင်နှမတွေထဲမှာ ကျနော်တစ်ယောက်ပဲလားတောင်မသိဘူး။။
စကားတော်တော်ပြောနိုင်တယ်။။ ဒါပေမဲ့ ကိုယ်ခင်နေတဲ့သူမှ ပြောဖြစ်တာများပါတယ်။။
မောင်အကြီးနဲ့ဖုန်းပြောဖြစ်ရင် အနည်းဆုံး ၁နာရီအသာလေး ။။ ကျနော်နဲ့ ဖုန်းပြောနေရင်း
သူလုပ်စရာရှိတာလုပ် ...ထမင်းစား...ဆေးလိပ်သောက်...နောက်ဆုံး အိမ်သာတက်တဲ့အထိ
ပြောနေတုန်းပဲ ။။(ဟိ ဟိ)
သူများပြောတာလဲ နားထောင်ရတာ ၀ါသနာပါတယ် ။။
ငယ်ငယ်က....အလယ်တန်းလောက်တုန်းက..အိမ်နားကအမကြီးတစ်ယောက် ရွာမှာမူလတန်းပြဆရာမ
လုပ်ပါတယ်။ သူပြန်လာတိုင်း သူ့နဲ့သွားအိပ်ပြီး သူကြုံဆုံရသမျှ ရွာအကြောင်းတွေ ပြောပြတတ်ပါတယ်။။
သူတို့ရွာက လူတွေရဲ့ နာမည်တွေနဲ့ မမြင်ဖူးရပဲ ရင်းနှီးနေပါတယ်။။


၃။။ သီချင်း

ဒါလည်း အဖေ့ကြောင့်လို့ ပြောလို့ရပါတယ်။။ အဖေလည်း သီချင်းသိပ်ကြိုက်ပါတယ် ။။ အဖေ့မှာ
သူတို့ဘာသာစကားနဲ့ သီချင်းခွေ ၁၀၀ကျော်ရှိပါတယ် ။။
ကျနော်တို့ အခုနေတဲ့အိမ်ကို ပြောင်းလာခါစ အိမ်က ကက်ဆက် ခိုးခံရပါတယ်။။ ခိုးခံရပြီးနောက်
၎..၅နှစ်လောက် မ၀ယ်သေးပါဘူး ။။ တစ်ခုကောင်းတာက ညာဖက်ဘေးအိမ်က ဘိုသီချင်း
တော်တော်ဖွင့်ပါတယ် ။။အဲဒီတုန်းက သစ်သားနံရံပဲ ခြားထားတာဆိုတော့ သူတို့အိမ်က ဖွင့်သမျှ အကုန်ကြားရပါတယ်။။ မြန်မာသီချင်းကို တက္ကသိုယ်အေးမောင်နဲ့ ဗစ်တာခင်ညိုတို့လောက်ကလွှဲရင်
ဘယ်သူ့သီချင်းခွေမှ မဖွင့်တတ်ပါဘူး ။။ မှတ်မိသေးတယ် ဗစ်တာခင်ညိုရဲ့ ´´ နွေရောက်ပြီလေ..
ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလည်းပြိုင်...´´ ဆိုတဲ့သီချင်းလေးကို...။။
ဘယ်ဖက်ဘေးအိမ်က လက်ဖက်ရည်ဆိုင်ပါ ။။သူတို့မှာလဲ မနက်စောစော၅နာရီလောက် တရားခွေ
ဖွင့်ပြီးရင် နှစ်ရှည်လများ နေ့စဉ်မပျက် ဖွင့်နေကျ ပင်တိုင်စံ အခွေလေးဖွင့်ပါတယ် ။။
မနက်၆နာရီလောက်ပေါ့ ။။ ခင်မောင်ထူးရဲ့ မောင့်ဆေးကျောင်းသူ ။
အဲက်စ်ကဲနက်ရဲ့ ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင် ..စတဲ့သီချင်းတွေနဲ့မနက်ခင်းလေးကိုကြိုဆိုပါတယ်။။
(ဇော်ဝင်းထွတ် ဘယ်လောက်ကောင်းကောင်း။ရင်ဂိုဘယ်လိုထွက်ထွက်...။။လေးဖြူဘယ်လောက်ပေါက်ပေါက်)

ဆိုတော့ ကျနော့်မှာ ဂီတပိုးမ၀င်ချင်လည်း ၀င်နေရပါတယ် ။။ဘယ်ညာပူးပြီး အတင်းနားထဲသွင်းနေတော့
သီချင်းမရူးချင်လည်းရူးရပါတယ် ။။
မတန်ခူးရေ...
ကျနော့်ဝါသနာတွေက စိတ်ဝင်စားဖို့မကောင်းပါဘူး ။။ဒါပေမယ့် ...
သတိတယ တက်ဂ်တဲ့အတွက် ကျေးဇူးပါ ။။


မတန်ခူး..ဆောတီးနော်..







19 comments:

ဆက်ရေးဦးလေ. အခု လောလောဆယ် ဘာတွေ နားထောင်ပြီးဘာတွေ ဖတ်နေတယ်ဆိုတာ။

ထွေးမွန်လေးမွန်တို့ရဲ့ လေးလေးက ပိုးဇာလားလို့..

အာလူးများပုံကို သဘောကျသွားတယ်..ဟဲဟဲ..
သီချင်းတွေ ကြိုက်တာလည်း ကောင်းတာပဲ ပေါက်ရဲ့။ အစားအစာ စားတာချက်တာရော ၀ါသနာမပါဘူးလား။

daw pauk!
ချန်းချန်းကိုရော မြန်မာဝတ္ထုတွေ ပေးဖတ်လား

ဟုတ်ပါဘူး။ ပိုးဇာက ကာတွန်းဆရာ နာမည်ပါ။ လေးမွန်ထွေးမွန်ရဲ့ ဦးလေးက လူပျိုကြီး မောင်မောင်ဇာ လေ။

ဟေးပေါက် ... ဖတ်ရတာ ဆန့်တငင်ငင်နဲ့ ဆက်ရေးစရာ ကျန်သေးရင် ရေးဦးလေ...

အဒူတွေလဲကွ တို့ပေါက်ကို ရူးအောင်လုပ်တာ...
(နောက်မှ နားစွန် နားဖျားနဲ့ ရောက်လာတာဟုတ်ဘူးနော်..အစအဆုံးသေချာဖတ်တယ်။
တမင်စတာ...)

ခင်မောင်ထူးရဲ့ မောင့်ဆေးကျောင်းသူ သီချင်းကို တခါက ဆရာ့အလျူမှာ ပုဂံဆေးကူညီခဲ့ရ တုန်းက အချင်းချင်းပြောပြီး ကြိတ်ရယ်ခဲ့ရသေးတယ်။ ဆရာ့အလျူသွားတာ မထင်မှတ်ဘဲ ပုဂံဘဲ တနေကုန်ဆေးပေးခဲ့ ရတာ။ မောင့်ဆေးကျောင်းသူပေါ့ကွယ်

"အာလူးလာမပေးနဲ့...လေတွေနည်းနည်းလျှော့.."
သီချင်းရူးတယ်ဆိုတော့ ဒီသီချင်းလည်းသိမှာပါနော်..:D

စာကြီးပေကြီးတွေဖတ်တဲ့နေရာမှာတော့ တို့လိုပဲ..
သိုင်းဝတ္ထုတော့ တခါမှမဖတ်ဖူးဘူး..
စာဖတ်ရင်တို့က ခံစားတတ်လွန်းတော့ အပြင်မှာပါသိုင်းတွေ ချနေမှာစိုးလို့..

ထွေးမွန်လေးမွန်တို့ရဲ့ လေးလေးက မောင်မောင်ဇာပါ။

ပေါက်ရဲ့ ဝါသနာက တို့ ဝါသနာတွေနဲ့တူနေတယ်။
သိုင်းဝတ္ထု မဖတ်တတ်တာ တစ်ခုပဲ မတူတယ်..။
ဒါတောင်ဖတ်ကြည့်သေးတယ်။ ဇာတ်ကောင်တွေ များလွန်းတော့ တရုတ်နာမည်တွေ ရောပြီး မမှတ်တတ်လို့၊ တရုတ်သိုင်းကားတော့ ကြိုက်ပ..။

သိုင်းဝတ္ထုဖတ်တယ်တဲ့
အားကိုးပါတယ်။ :))

ပေါက်ရေ တို့နဲ့ ဖုန်းပြောရအောင်..

ပေါက်ရေးတော့မှ ဦးစိတ်တိုနဲ့ မျောက်ညိုကို သတိရတယ်၊ ငယ်ငယ်က လေးမွန်ထွေးမွန် အရန်းကြိုက်လို့ နိုင်ငံခြားရောက်တဲ့ အထိ အိမ်က ပို့ပေးရတယ်၊ နောက်ပိုင်းတော့ မထွက်တော့ဘူးလား မသိပါဘူး၊

ငါးတန်းလောက်မှာ သိုင်းဝတ္ထုဖတ်တယ်၊ အဖိုးနဲ့၊ ဆယ့်လေးအုပ်တွဲတွေ ဘာတွေထိ ဖတ်တယ်၊ အဆုံးရောက်ရင် အစမှာ ဘာဖြစ်လဲ မမှတ်မိတော့ဘူး၊

ရည်းစားကတော့ အားပေးတယ်၊ သမိန်ပေါသွပ်နဲ့ တူတယ်တဲ့.. :(

ပေါက်ရေ.. အာလူးများခြင်းဆိုတာ တို့နဲ့တူတယ်.. အဟိ.. အိမ်က အဒေါ်က တို့ကို အာလူးလို့ပဲ ခေါ်တယ်... အဖော်ရသွားပြီ.. :D

နောက်တစ်ပိုင်းမျှော်နေတယ်ဗျို့...

"သိုင်းဝတ္ထုတွေ အရမ်းဖတ်ဖြစ်တာပဲ... "
ကြောက်လဲကြောက်...
လေးလဲလေးစားပါတယ် ပေါက်ရေ...

ကျနော့်ဝါသနာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ် ဒေါ်ပေါက်ရယ်။ ပြာကလောင် ပြာလချောင်ကို မယ်နိလည်း ဖတ်တယ်။ လေးမွန် ထွေးမွန်ရောပဲ။ သီချင်းတော့ မကြိုက်။ အယ် ဖုန်းပြောတာ အကြာကြီးပဲ။ မယ်နိက ကိုနိတယောက်ကိုပဲ စကားအများကြီးပြောတာ။ ဟဟ။

ပေါက်ရေ… ပေါက်စတိုင်အတိုင်း ရိုးရိုးလေးနဲ့  ချစ်စရာကောင်းအောင် ရေးထားတာမို့  ၀ါသနာလေးကဖတ်လို့ ကောင်းတယ်ပေါက်ရေ… ကျေးဇူးပါ
တို့ ထဲမှာ ထည့်သာမရေးထားတာ… ပေါက် ၀ါသနာ၃ခု တို့ မှာလဲ ရှိတယ်… ၀ါသနာတွေက အများသားနော်…
ပေါက်ဖေဖေငယ်ကတည်းက မြန်မာစာတွေ ဖတ်ခိုင်းလို့  ခုဆို ပေါက်က မြန်မာဘလော့ဂ်ကြီးတခု ပိုင်ရှင်ဖြစ်နေတာပေါ့…
အမကတော့ သားကို ကလေးဂျာနယ်လေးတွေ ပေးဖတ်တယ်… မြန်မာစာနဲ့ မစိမ်းအောင်လေ… ချန်းချန်းကိုလဲ မြန်မာစာနဲ့ မစိမ်းစေနဲ့ ဦးပေါက်ရေ… အနည်းဆုံးသူ့ မေမေ ဘလော့ဂ်လေးတော့ ဖတ်ခိုင်း….

မမ..အခုဘာတွေနားထောင်ပြီး ဘာတွေဖတ်နေတယ်ဆိုတာ ပြောပြရရင်..
ရေးလို့ကုန်မှာမဟုတ်ဖူး..ဟားဟ
မမဖတ်မယ်ဆို ရေးလိုက်ရမလား...
မသိင်္ဂီ...မောင်မောင်ဇာတဲ့လေးး..
အချက်အပြုပ်ဝါသနာမပါပါဘူး..
မချက်မဖြစ်တဲ့ အခြေအနေရောက်တော့..
မချက်ချင်ပဲ ချက်နေရတာ...
ကိုနိ..ကကြီး..ခခွေးတောင်ဖြောင့်အောင်သင်မပေးနိုင်သေးဘူး
မစူး..မှန်တယ်..တစ်ချက်...ဒေါက်!!!
နာသွားလားငှင်..
မမီယာရယ်..မကျန်ပါဘူး..မမက တမင်စတာပါ..
မသီတာ..သူတို့ပေါ့..သူတို့ပေါ့..
မမဆောင်းလဲ မောင့်ဆေးကျောင်းသူပဲလားးဟိ
မြိုးး..အာလူးလာမပေးနဲ့ လေတွေနဲနဲလျှော့..
ညာပြီးလာ...(ဘာဖြစ်တယ်ဆိုလား..ဆက်ဆို)
သိုင်းကားတော့ မကြိုက်ဖူး..
ဝတ္ထုအခုမဖတ်ဖြစ်တာအတော်ကြာပြီ..
မချိုသင်းရေ..ဖုန်းတွေပူပြီးလောင်ကုန်မှဖြင့်..
Maeရေ...ဦးစိတ်တိုကို အသားကုန်ကြိုက်တာ..
သူ့ငှက်ပျောသီးလာခိုးလို့..သေနတ်နဲ့ လိုက်တာ..
နုရေ..အာလူးကပြုပ်စားစား ..ကြော်စားစား
ကောင်းတယ်တော့..
Jennifer...နောက်တပိုင်းမရှိတော့ပါဘူး
လာလည်တဲ့အတွက်ကျေးဇူး
မသက်ဝေ...မကြောက်နဲ့..မသက်ဝေကိုဘယ်သူတွေ အနိုင်ကျင့်လဲ..ပြော...အတွင်းအားထုတ်သုံးလိုက်ရ..
ဘူ.....
မယ်နိရေ...
မျက်နှာလိုက်တယ်တော့..ကျုပ်တို့ကျပစ်ထားတယ်
မတန်ခူးရေ..
သူများတွေလိုဖွဲ့နွဲ့မရေးတတ်တော့..
ဒီလိုပဲ တုံးတိတိပဲပြောတတ်တယ်..
သည်းခံဖတ်ပါနော်..
ချန်းကို...ကကြီး..ခခွေးတောင် အနိုင်အနိုင်..
ကြုံရင် မြန်မာတန်းသွားပြီးသူငယ်တန်းဖတ်စာ
ရှာဝယ်ဦးမှ..နော်..

ပေါက်ရေ.. ရုံးကနေ ၀င်ရေးရတာမို့ cbox မှာ ရေးမရဘူးရယ်.. အလုပ်များနေတယ်.. ပေါက်ရေ..စိတ်ရှုတ်၊ အလုပ်ရှုတ်ပေါ့.. ဒီအပတ်ဆို ပြီးလောက်ပြီ ထင်ရတာပါပဲ.. (+_+)

ပေါက်ကြီးတို့ များ အထုတ်ဖြည်နေပြီ။ ဟိဟိ ။
ငါ့တူမ ချန်းချန်းကိုတော့ ဘလော့ကာ ပေးမလုပ်နဲ့နော် ကြားလား ။ ဟိဟိ လာလည်သွားတယ်