3/22/2009

မေမြို့ အလွမ်းစာလေးများ ၂


ဒါက ထမင်းဝါတဲ့ ..(黃飯) ထမင်းကို ပြားနေအောင် ဒလိမ့်တုံးနဲ့ ပြားထားပြီး..
ကိုက်ကျေးနဲ့ ကိုက်ထားတာ..
ပြီးတော့ ခရမ်းချဉ်သီးချက်..ကြက်သွန်ဖြူကြော်..ဂျူးမြစ်...ငြုပ်သီးကြော်နဲ့တွဲဖက်စားရပါတယ်..


ဒါက ချောင်ဖိန်း တဲ့. ..တိုဟူးလိုအပြင်လိုက်မဟုတ်ပဲ...ဇလုံထဲမှာခဲထားပြီး
ဂျစ်လေးနဲ့ ခြစ်ထားတာ...ချဉ်ချဉ်လေး...တော်တော်ကောင်း..
ပဲရေ...
ဒီနှစ်မျိုးက န.န.အ မှာသွားစားတာမဟုတ်..(န.န.အ မသွားဖြစ်ပါ..ဒီနှစ်)
ရုံဖန်းရဲ အိမ်က သွားဝယ်လာပေးတာ..


နွားနို့...မလိုင်လုံး..ပူတင်းး...တစ်သျှူးး(စားသောက်ပြီး သုတ်ဖို့ရာလေ..)


မုန့်ဆပ်တဖူး..တဲ့..အထဲမှာ အုန်းသီးနဲ့ သကြားပါတယ်..
အိမ်ပြန်ရင် မစားမဖြစ် အစာပါ..


ဒါက..ဒိန်ဘရာ တဲ့..
ဒိန်ချဉ်ထဲမှာ မတ်ပဲကြော် (အပေါက်ကြော်..ဘရာကြော်) နှစ်ထားတာ..


ကုလားပဲသုတ်ထဲမှာ ဒိန်ဘရာ ထည့်စားတာ..ကြက်သွန်နီလေး..အကြော်စုံလေးလဲပါတယ်..
´` ပက်ကရာ ´` တဲ့..အဟီးခေါ်တတ်သလိုခေါ်လိုက်တာနော်..ဒါက သူငယ်ချင်းအိမ်က ဖိတ်ကျွေးတဲ့ အုန်းထမင်း..
ပဲပြုပ်ကြော်..ကြက်သားဟင်း..အမဲကြော်..သရက်သီးသဘောက်..ငြုပ်သီးကြော်..
ထမင်းလာမချခင်ရိုက်ထားတာ..



ပေါင်းတင်းဝါး...
အိမ်က အမေ သိပ်ကြိုက်..


မန်းလေးက လာတဲ့ နွားနို့ခဲ...
ခရမ်းချဉ်းသီးလေးနဲ့ချက်စား..ကောင်းမှကောင်း..
ယို့တ် ကျီးကျုံး လေးနဲ့ ကြော်စား..ဂွတ်မှဂွတ်..စိမ့်စိမ့်လေး


နွားနို့ယို..အချို..
၁ထောင်ဖိုး တစ်စက်ကလေးရတာ..
တထိုင်တည်းစားပစ်လိုက်တယ်..
ဘာမှတ်လဲ...


ဒါက..သယ်ရင်းအိမ်မှာသွားစားတဲ့ ဟော့ကော့( 火鍋 )
မဲမဲလေးက ကမ်းပါး(အမဲသားခြောက်ပြား) အသားရောင်က ကြက်သား..

ရှမ်းနံနံပင်..
မွှေးနေတာပဲ...

23 comments:

  1. မယ်ပေါက်ရေ- နာမည်တချို့က ထူးဆန်းတယ်.. အခုမှ ကြားဖူးတာ၊ စားစရာတွေကလည်း အခုမှ မြင်ဖူးတာတွေများတယ်.. အညာသားဆိုတော့ အညာတောဟင်းလောက်သိတာ... စားချင်တယ်.. အကုန်လုံး ကြိုက်လောက်တယ်ရယ်.. (မယ်ပေါက် ဝတာ မထူးဆန်းတော့ပါကွယ် ဟယ်ဟယ်..) ဒီလောက်စားတာ ထူးဆန်းဦးမှာလားနော်

    ReplyDelete
  2. အောင်မငီး အချိုတွေ မစားနိုင်ပါဘူးကွယ်။ ထမင်းပွဲလေးနဲ့ ရှမ်းနံနံအထက်က ဟာပဲ စားချင်တယ်။
    မယ်နိ

    ReplyDelete
  3. ဟင့် လွမ်းလာပြီ ထီးလှိုင်ခြံကို
    ဗိုက်လည်းဆာလာပြီ..

    ReplyDelete
  4. မေမြို့အမှတ်တရ အစာများလို့သာ ခေါင်းစဉ်ပြောင်းလိုက်ပါတော့ဟယ်....။
    ပေါင်းတင်းဝါး=ကောက်ညှင်းကျည်တောက်
    မုန်းဆတ်သွားဖူးတော့တူတယ်..
    ကျန်တာတွေ မစားဖူးဘူး....
    စားချင်စိတ်ပေါက်လာပြီ....

    ReplyDelete
  5. ထမင်းဝါစားချင်တယ်.. ဟိုဒိန်ချဉ်နဲ့ဟာလည်းစားချင်တယ်..။ စားမယ်ဝါးမယ်။

    ReplyDelete
  6. ပေါက်ပြောတဲ့ မေမြို့အစားအစာတွေ မစားဖူးဘူး.. ရှမ်းနံနံပင်က နံနံပင်လို အနံ့မျိုးပဲလားဟင်.. ကောက်ညှင်းကျည်တောက်တော့ စားချင်တယ်.. မုန့်အချိုတွေထဲမှာတော့ မုန့်ဆပ်သွားဖူးဆိုတာ စားကြည့်ချင်တယ်...:)

    ReplyDelete
  7. မုန့်ဆပ်တဖူး. ကြိုက်တယ်။ တို့ရန်ကုန် မှာတောကအဲလိုမခေါ်ဘူး ဘ်ာလိုခေါ်သလဲတော့မေ့သွားပြီ။

    ReplyDelete
  8. မန်းလေးက လာတဲ့ နွားနို့ခဲ...
    ခရမ်းချဉ်းသီးလေးနဲ့ချက်စား..ကောင်းမှကောင်း..

    ကိုဧရာအတွက် ပြောပါတယ်။ မသီတာကတော့ တို့ကာပင့်ကာလောက်ပဲ။

    ReplyDelete
  9. အားပါးးးး
    အစားအသောက်တွေ စုံလို့ပါလား။ ဆပ်တဖူး မုန့်ရယ်၊ မလိုင်နဲ့ ပူတင်း စားသွားပြီ။
    သူငယ်ချင်းကျွေးတဲ့ အုန်းထမင်းကလဲ ကောင်းပုံပဲ။ အကုန်ကြိုက်တယ်ကွာ..အေးရော။

    ReplyDelete
  10. ထမင်းဝါ ဆိုတဲ့ဟာကို စိတ်ဝင်စားတယ်။ ကောက်ညှင်းကျည်တောက်လည်း လွမ်းလိုက်တာ။ အခေါ်အဝေါ်တွေ မတူကြဘူးနော်။

    ReplyDelete
  11. ထမင်းဝါ၊ ချောင်ဖိန်း၊ ဒိန်ဘရာ၊ နွားနို့ခဲ၊ နွားနို့ယို၊ ဟော့ကော့ တစ်ခုမှမသိပါ :P
    ဟီးဟီး တင်တဲ့လူအားတက်အောင်လို့..

    ReplyDelete
  12. စားချင်စရာတွေချည်းပါပဲလား ပေါက်ရယ်..ဒီလောက်တောင် စားလာခဲ့တာဆိုတော့..ဟဲဟဲ...ပေါင်တွေတိုးလာတာတောင် နည်းသေးပဲနော်...။

    ReplyDelete
  13. ဒိန်ဘရာနဲ့ ကုလားပဲသုတ် စားချင်တယ်။ ရှာဖွေ ကြံစည်လိုက်ဦးမယ်။

    ReplyDelete
  14. စားချင်စရာတွေ ချည်းပဲ။ ဗယာကြော်သုတ်နဲ့ နွားနို့ခဲဟင်း တော့ အရမ်းကြိုက်တယ်။ မန္တလေး-ရန်ကုန် ကားစီးတုန်းက ကြက်သားဟင်းနဲ့ နွားနို့ခဲဟင်း ကြိုက်တာရွေး ဆိုတာတောင် နွားနို့ခဲဟင်းပဲ ရွေးစားတယ်။ မစားဖူးတာတွေလည်း ငေးသွားပါတယ်။

    ReplyDelete
  15. ဟော့ကော့၊မဲမဲလေး၊ဒိန်ဘရာ၊ပက်ကရာ၊အပေါက်ကြော
    ...ဘာပြောရမလဲတောင်မသိတော့ဘူး၊နာမည်တွေကဆန်းတယ်
    ပေါ့နော်.....
    အရပ်က၅ပေနဲ့ဝိတ်ကပေါင်၂၀၀ကျော်ဆိုတာ၊ယုံသွားပါပြီဗျာ၊ယုံသွားပါပြီ။

    ReplyDelete
  16. ပေါက်....ရေ
    ရက်ရက်စက်စက်ကို အခံရခက်လောက်အောင်
    အစာနဲ့ ပြုစားထားတာပါလား...
    မလိုင်မုန့် ၊ဆတ်သွားဖူးမုန့် ၊ ကောက်ညှင်းကျည်ထောက်.......
    ဟားးးးးးး ကိုယ့်အမသာ ဖြစ်လိုက်ပါတော့လားကွာ....
    နေ့ တိုင်းမုန့် လုပ်ကျွေးခိုင်းမှာ...။

    ReplyDelete
  17. ထမင်းဝါ ကို ဘယ်လို ချက်လဲ သိလားဟင် နည်းလေး မ စ ပေးပါလား

    ReplyDelete
  18. ပေါက်ရေ… အခေါ်အဝေါ်တွေက ကွဲတယ်နော်… တချို့ ဟာတွေ စားဖူးတယ်… တချို့ မစားဖူးဘူး… ထမင်းဝါက ရှမ်းထမင်းချဉ်နဲ့ ဆင်သလိုပဲ… နွားနို့ ခဲဟင်းကတော့ အရမ်းကြိုက်တယ်… ပေါက်ပြထားတဲ့ အုန်းထမင်းဟင်းစပ်တိုင်း ချက်စားဦးမှ…

    ReplyDelete
  19. နီနီအောင် ထမင်းဝါက ဘယ်က ဟာနဲ့မှ မတူဘူး။ ပိုပြီး စားကောင်းတယ်။ မန်းလေးမှာ ကျောင်းတတ်တုန်းက ရတနာပုံဈေးထဲမှာ သွားသွားစားဖူးတယ်။ နီနီအောင်လောက် မကောင်းပါ။ ချောင်ဖိန်းလည်း ထိုနည်းလည်းကောင်း။ ပက်ကရာ(ပက်ကောင်ရာ)က ဒီမှာလည်းရတယ်။ ဒါပေမယ့် စားလို့မကောင်းပါ။ မဆောင်းမေးထားတဲ့ ထမင်းဝါက ရှမ်းဆန်စီးစီးကို ပြဲပြဲချက်ပြီး ထောင်းရတာလို့ ကြားဖူးပါတယ်။ ငယ်ငယ်က ပေါက်ခေါ်ခေါ်သွားတဲ့ ကုလား နွားနို့ဆိုင်လေးတွေကို သတိရပါတယ်။ အိမ်လုပ် ပူရီတွေက အဲဒီဆိုင်တွေ မှာပဲ ရတတ်တာလေ။

    ReplyDelete
  20. ပေါက်ရေ ပို့စ်၁၀၀ အတွက် လာအားပေး သွားပါတယ်... အစားအသေညက်တွေ စုံလို့ပါလား.. ပဲသုပ်လုပ်ထားတာများ စားချင်စဖွယ်... အနော်ရထာ လမ်းပေါ်က စမူဆာသုပ်ကို သတိရတယ်... စားချင်ပေမယ့် အခု မစားရတော့ဘူး။ စားပြီးတိုင်း တခုခု ဖြစ်လို့။ တချို့အစာတွေ မစားဖူးသေးဘူး... အားတင်းထားတယ် မေမြို့ ရောက်ရင် စားပစ်မယ်။

    ReplyDelete
  21. I know only ပေါင်းတင်းဝါး...but with different name. Others never seen before.

    ReplyDelete
  22. ဒီပို့စ်ထဲ အကုန်လုံးကို စားချင်တယ်ဗျား။ ပေါင်းတင်းဝါးကို ကျိုင်းတုံမှာတော့ ကောင်ညှင်းကျည်တောက်လို့ ခေါ်တာပဲ၊ ထမင်းဝါနဲ့ဂျူးမြစ်ကို ကျနော်အသေကြိုက်တာ၊ မလိုင်လုံးနဲ့နွားနို့၊ အိုးအိုး.. ရှလွတ်.. မပေါက် သိပ်ရက်စက်တယ်..

    ReplyDelete
  23. ပြန်ကြည့်ပီး အကုန်စားချင်တယ်အေ (နံနံပင်မပါ)
    ရှလွတ် ဗိုက်တောင်ဆာတယ်
    ပုံ
    ပုံကြည့်ငတ်

    ReplyDelete