၃ လ ၂၁ရက်


ဟိုမှာ...
နေပျော်ရဲ့လား...
နေသားကျသွားပြီလား...
................
.....................
ဒီမှာတော့....
အလူးအလဲ မဟုတ်တောင်...
တနုံ့နုံ့ ဖြစ်နေတုန်း...
....................
....................
ခုထိတော့...
တိုက်ခိုက်ခံရတုန်း...
ထိုးနှက်ခံရတုန်း.....
...............
....................
၃လ ၂၁ရက်နေ့တွေ..
ဘယ်နှစ်ခုများ ...
ငါ့အတွက် ကျန်သေးလဲ ။။




9 comments:

ပေါက်ရေ

ကဗျာလေးဖတ်ပြီး ခံစားသွားတယ်။
ပျောရွှင်ဖွယ် နေ့များကို အမြဲပိုင်ဆိုင်ပါစေဗျာ

ဒေါ်ပေါက် ဒေါ်ပေါက် ဒေါ်ပေါက်။ မယ်နိရှိနေတယ်။ ဘာပြောရမှန်းမသိလို့ သုံးခါခေါ်သွားတာ။ အဲဒါ ဘာနေ့အထိမ်းအမှတ်လဲက မသိ။ ကဗျာစပ်တာလား။ ခံစားချက်တွေ ပွင့်အံလာတာလား။

ဘာတွေ အလူးအလဲ အထိုးနှက်ခံနေရလဲ ပေါက်ကလေးရေ..
လဲရင် ထူမဲ့သူ ဘလော့မောင်နှမတွေ ရှိပါတယ်။ အားမငယ်နဲ့နော်။ မကောင်းတာတွေ ကြုံရရင် ပြီးသွားပြီလို့သာ သဘောထား။ ဘယ်နှစ်ခုကျန်သေးလဲ သွားမလုပ်နဲ့ :))
ပျော်ရွှင်ငြိမ်းချမ်းပါစေ ပေါက်ရေ..

အဆင်ပြေပါစေ.ပေါက်.

ပေါက်ရေ.. ချန်းချန်းကို ဗမာစာ သင်ပေးမှာ အားပေးတယ်သိလား... တို့ညီမက ၄နှစ်မှာ နိုင်ငံခြားထွက်သွားပြီး ဘယ်သူမှ သူ့ကို ဗမာစာ မသင်ပေးကြဘူး.. ၀မ်းနည်းဖို့ကောင်းတယ်။ တို့တွေကြားမှာဆို စာမတတ်သူလေးလိုပဲ။
စိတ်ချမ်းသာအောင်နေ...

ကိုသီဟ..ကဗျာမဟုတ်ရပါဘူး..
ကျနော်က ကဗျာတွေ..စကားပြေတွေ..
အနုအရွစကားလုံးတွေမှာ..အတော်ညံ့တဲ့သူ။။
မယ်နိ..
တော်တယ်..(အထိမ်းအမှတ်နေ့တစ်ခုပေါ့..ဟီး)
လှထုံရေးတာကြည့်ပြီး..ငိုချင်လာတယ်..
(မျက်ရည်တော့ ကျဖြစ်သေးတယ်)
ကျနော်မသေသေးသ၍ အဲဒီနေ့က ဖြတ်သန်းနေရဦးမှာပဲ..
မမ..
ပြေမှာပါ...
မမီယာရေ..
ုခုတလော ချန်းနဲ့ ဗမာစကားပြောဖြစ်တယ်
ဒါပေမယ့်ချန်းကပြန်မပြောဘူး..
နားလည်တယ်..ပြန်မပြောတတ်ဘူး။။်

ပေါက်ရေ..
ဒီ ၃လ ၂၁ ရက်ဟာ တနုံ့နုံ့ဖြစ်ရခြင်းရဲ့ နောက်ဆုံးဖြစ်မှာပါ..
နောက်ထပ်ဘယ်တော့မှ တိုက်ခိုက်မခံရတော့ဘူး ထိုးနှက်မခံရတော့ဘူး လို့ အားတင်းထားလိုက်ပါ..
ပြီးတော့ ခင်မောင်ထူးရဲ့ ဒီသီချင်းလေးဆိုနေလိုက်နော်..
(ပြီးခဲ့တာကုလားကာချလို့..............
................................. :)

အဲဒါဆို ၃လ ၂၁ရက်က ပေါက်မွေးနေ့ ပေါ့… ဟုတ်လား… ဟုတ်တယ်ဆို… ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေလို့ … မဟုတ်ဘူးဆိုရင်….

မတန်ခူးရေ..
တစ်စုံတစ်ယောက် ခွဲခွာသွားတဲ့နေ့အထိမ်းအမှတ်ပါ..
၆ နှစ်ရှိပြီပေါ့လေ..
ကြာခဲ့ပါပြီလေ..