3/16/2009

ကိုရီးယားပင်လယ်စာကပ်ကြော်..



တစ်ရက်က ကိုရီးယား ပင်လယ်စာကပ်ကြော်(အဟီး ကိုယ့်ဖာသာကိုယ်အမည်ပေးလိုက်တယ်..မြန်မာလိုမခေါ်တတ်လို့)
လုပ်စားပါတယ်။။ ၁ )ပုံပါအတိုင်း ပုဇွန်နဲ့ ပြည်ကြီးငါးအသေးမျိုး...အသင့်ပြင်ထားပါ..
ပြည်ကြီးငါးကို အပေါ်ယံ အရေခွံကို ဆွဲဖြုတ်ပြီး အကွငိးလိုက်လှီးထားပါ..
ပြီးရင်..ပုဇွန်နဲ့ ပြည်ကြီးငါးကို ရေနွေးဖျောပေးပါ။။၁မိနစ်ဆိုလုံလောက်ပါပြီ။။


ကိုရီးယားက လာတဲ့ အမှုန့်ထုပ်ပါ...
ဒီ ဂျုံမှုန့်သုံးရင် ဆား ထည့်စရာမလိုပါဘူး။။ ရယ်ဒီမိတ် အထုပ်ထဲမှာ ပါပြီးသားပါ..။။
အကယ်လို့ ဒီ ရယ်ဒီမိတ်ထုပ် ၀ယ်ဖို့ အဆင်မပြေရင် ရိုးရိုးဂျုံမှုန့်နဲ့ ပြောင်းဖူးမှုန့်ရောပြီး
အသုံးပြုနိုင်ပါတယ်။။



နောက်..မြန်မာတွေ ကျူဆိုင် လို့ ခေါ်နေကြတဲ့ 韭菜 (leeks)ပါ။။
ရေစင်စင်ဆေးပြိး တစ်လက်မအနေလောက်လှီးထားပါ။။
ခါကျက်ဥ အနည်းငယ်ကို ဂျစ်နဲ့ ခြစ်ထားပါ။။
ကြက်သွန်မြိတ် တစ်စီးလောက် တစ်လက်မအနေ လှီးဖြတ်ထားပေးပါ။။


ဇလုံတစ်လုံးထဲမှာ မုန့်နှစ်ရည်ကို ဖျော်ထားပါ။။
ပြီးရင် ပင်လယ်စာနဲ့ လှီးဖြတ်ထားတဲ့ သုံးမျိုးကို ထည့်ပြီး မွှေပြီးလျှင် အသင့်ကြော်စားနိုင်ပါပြီ။။
ကြော်တဲ့အခါ မီးသေးသေးနဲ့ ကြော်ပါ။။ အိုးပြားမှာကြော်ပါ။။

ကဲ...သုံးဆောင်နိုင်ပါပြီ။။
အချဉ်ရည်ကိုတော့...ရူးနှမ်း...အဲ့လေ..ယူနန်ဆန်ဆန်ဖျော်ပြီးတွဲဖက်စားနိုင်ပါတယ်။။
အချဉ်ရည် ...
ကြက်သွန်ဖြူ ထောင်းအနည်းငယ် ..သံပုရာသီး...ငြုပ်သီးစိမ်းနုတ်နုတ်စိတ်...ကြာညို့အငန်အနည်းငယ်
ကိုရီးယားစတိုင်ကတော့...
chili paste နဲ့ တွဲစားကြပါတယ်။။

17 comments:

  1. ပေါက်ရေ
    လာစားသွားပြီ။ နောက်နေ့ ညစာ စားခါနီးမှ ထပ်လာကြည့်ရင်းစားမည်။

    ReplyDelete
  2. ကောင်းမဲ့ပုံဘဲ။ စားသွားတယ်
    ဘူးသီးငါးပေါင်းကြော်တိုံ့ မြက်ပင်နဲ့တူတဲ့ မြင်းခွာရွက်ကြော်တို့ကိုလည်း အောက်မေ့တယ။်

    ReplyDelete
  3. စိတ်ဝင်စားသွားတယ်ပေါက်..လုပ်စားတော့မယ်ဆိုမှ..နောက်တစ်ခါ လာဖတ်ဦးမယ်.. ရူးနှမ်း..အဲ..ယူနန် စတိုင် အချဉ်ရည်နဲ့ တို့စားရင် လျှာလည်သွားမယ်ထင်ရဲ့...

    ReplyDelete
  4. ပေါက်ရေ... စားသွားတယ် ရှယ်ပဲနော်...

    ReplyDelete
  5. စကားမပြောတော့ဘူး။ အချိန်မရလို့ ကုန်းလွေးသွားပြီ..:)

    ReplyDelete
  6. ပေါက် လာစားသွားတယ်နော်..
    အားတဲ့အခါ လုပ်စားကြည့်ဦးမယ်

    ReplyDelete
  7. ပဂျွန်လေးတွေရွေးစားသွားပါတယ်

    ReplyDelete
  8. ပေါက်ရေ… မနေ့ ကပဲ အပြင်သွားတော့ အဲဒီအကြော်လေးတွေ တွေ့ ခဲ့သေးတယ်… တခြားမုန့် ဝယ်လိုက်လို့  နောက်မှ စားမယ်ဆို တေးထားတာ ခုတော့ ပေါက်လုပ်နည်းပေးတော့ အတော်ပဲ… လုပ်စားကြည့်ဦးမယ်… ကောင်းမယ့်ပုံလေး…

    ReplyDelete
  9. ပေါက်ကဘယ်ဆိုးလို့လဲ....

    ReplyDelete
  10. တကယ်မစားရဘူး။ နေနှင့်ပေါ့ကွာ တကယ်လာရမှ ကျွေးဖို့သာပြင်ထား။ ကြိုက်မှာသေချာတယ် ။ဒါမျိုလေးတွေလည်း ရသကိုး။

    ReplyDelete
  11. ပေါက်ရေ.. လုပ်စားမယ်..လုပ်စားမယ်.. လွယ်တယ်နော်.. အချဉ်ရည်နဲ့ ဆိုတော့ စားကောင်းမှာ.. ချိချိမိ လို့ ခေါ်တာလားဟင်.. :)

    ReplyDelete
  12. My Korean friends call it "Korean Pizza".

    ReplyDelete
  13. http://saundoo.blogspot.com/2008/11/food-banh-xeo.html
    ဗီယက်နမ်မုန့်  နဲ့ ဆင်တူတယ်နော်

    ReplyDelete
  14. what is ခါကျက်ဥ? Never heard of that. Did you mean eggs? I did like that with Tapioca starch. (Kaw Kyaw)

    ReplyDelete
  15. Naing79
    ခါကြက်ဥဆိုတာ မုန်လာဥနီကိုခေါ်တာပါ။

    ReplyDelete
  16. Thanks so much Sin Dan Lar.

    ReplyDelete
  17. တခါမှ လုပ်မစားမိပါဘူး
    အပေါ်ကတယောက်က နာမဟုတ်ဘူးမလား

    ReplyDelete