3/07/2009

နွေရာသီကျောင်းပိတ်ရက်...


နွေကျောင်းပိတ်ရက်ရောက်ရင်...
ကလေးတွေရော..မိဘတွေပါ ဦးနှောက်စားပါတယ်..
ကလေးတွေက...သူတို့ရဲ့ နွေကျောင်းပိတ်ရက်ရှည်မှာ...ဘာအစီအစဉ်ရှိမလဲ..ဆိုတာကို
တွေးပါတယ်...( စိတ်ထဲမှာတွေးတဲ့အတိုင်း မိခင်ကိုလဲမေးတတ်ပါတယ်
သူ့နွေကျောင်းပိတ်ရက်အတွက် ဘာအစီအစဉ်ရှိပါသလဲ..တဲ့)
ပြီးခဲ့တဲ့ နွေကျောင်းပိတ်ရက်( July ~ August '08)နှစ်လ သူ့အမျိုးတစ်ယောက်ရှိရာ
သွားလည်တဲ့ပုံလေးတွေပါ ။။
ရီစရာကောင်းတာက အဲဒီကို သူတစ်ယောက်တည်းသွားပါတယ်။။(နွေရာသီကျူရှင်ကို
မသွားချင်လွန်းလို့လေ)။။
လေယာဉ်ရုံး ကိုတော့ အပ်ရတာပေါ့နော်။။(ပိုက်ပိုက်ပေးရတယ်)



သူကစားကွင်းမှာ....(ရှာကြည့်ပေါ့နော်..)




ဒါက သိမ်းမြစ်မှာထင်တယ်(ယောင်ရွှီးလုပ်လိုက်တယ်)

ဒီနေ့တော့ ကလေးက ကျနော့်ကိုမေးပါတယ် ။
ကျနော်တို့ ငယ်ငယ်က စနေ တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာ ဘာတွေလုပ်သလဲတဲ့။။
ဆိုင်မှာ မိဘကို ကူညီတာပေါ့ လို့ပြန်ဖြေလိုက်တယ်(အရသာရှိစွာ..)
လူကြီးတွေ လစ်ရင် လစ်သလို အိမ်ရှေ့မျက်စောင်းထိုးက စာအုပ်ဆိုင်ကိုပြေးတတ်သေးတယ်။။ငှဲငှဲ

17 comments:

  1. စက်ဘီးစီးတယ်။ ချောင်းထဲမှာ ရေချိုးတယ။်စာအုပ်ဆိုင်သွားတယ။်

    ReplyDelete
  2. ဟုတ်ပါတယ။် ပါရီမြို့မှာပါ။ (ဝင်ယောင် ထောက်ခံသွားသည်)

    ReplyDelete
  3. ဟီးဟီး။ မပေါက်က သိမ်းမြစ် မဂွိစ်က ပါရီဆိုလို့ မျက်စိတောင် လည်သွားပြီ။ :D

    ReplyDelete
  4. မော်စကိုမြစ်လယ်မှာ သင်္ဘောစီးနေတာပဲ
း)

    ReplyDelete
  5. ဟုတ်ဘူး lankawi မှာ

    ReplyDelete
  6. ပေါက်တစ်ယောက်လဲ ချန်းချန်းနဲ့တင်.. ပိုက်ပိုက်ရှာရတာ လျှာထွက်နေလောက်ပြီနော်။
    mm

    ReplyDelete
  7. ပျော်ရွှင်တဲ့
    နွေရာသီ ကျောင်းပိတ်ရက်လေးတွေ
    ဖြစ်ပါစေလို့ ........

    ReplyDelete
  8. ဘယ်နေရာလဲ.. သူများလိုဝင်ယောင်ဖို့တောင်
    ဂျီကေမရှိတဲ့ နာ့ဘဝပါလား

    ReplyDelete
  9. ပြောလိုက်ပါလားစင်စင် ကလည်း အညံမခံပါနဲ့ စလုံးက မြစ်ထဲမှာပါလို့။

    ReplyDelete
  10. ချန်းချန်း နောက်တခါ ကျောင်းပိတ်ရင် လွှတ်လိုက်လေ.. ခဏ ထိန်းထားပေးမယ် (ခဏနော်) ချစ်စရာလေး...နောက်တီးနောက်တောက် ပုံလေးက ပေါက်နဲ့ တူမယ်ထင်တယ် :P

    ReplyDelete
  11. နွေရာသီကျောင်းပိတ်ရက်..ပျင်းလွန်းလွန်လို့လေ..
    စာအုပ်အငှားဆိုင်က စာအုပ်တွေကတော့ အကုန်ပဲ..။

    နေဦး.ကမ္ဘာ့မြေပုံက မြစ်တွေ ကြည့်ပြီးမှ ပြန်လာဦးမယ်..ဟင်း။

    ချန်းလေးက တယ်သတ္တိကောင်းပါလား။ ကျူရှင်မတက်ချင်လို့တဲ့လား..ဟားဟား။ ကောင်းတယ်..။

    ReplyDelete
  12. မမ ချောင်းထဲမှာရေကူးတာမှုတ်လား..
    ကို ZT အမှန်က ဧရာဝတီမြစ်..
    ကိုနိ မော်စကိုမှာမြစ်ရှိလို့လားး..
    snow နဲ့ vodka ပဲရှိတာမို့လား..
    လင်းစ် မကြားဖူးဘူး..
    အမ်အမ်..ထွက်ယုံမကတော့ဘူး...
    ကိုဝင်းဇော်နိုင် ကျေးဇူး..
    ဆင်ဆင်..ဒီနှစ် ဆင်ဆင့်ဆီပို့မလို့..
    မမီယာနဲ့ မနှစ်က မသိလို့ သိရင် ညီမလေးကို
    ပို့ခိုင်းလိုက်မှာ..(ဟီးဟိ)
    မသိ ဂီ င်္ရေ..မသီ ဂီ င်္ကလေးတွေတော့မသိ..
    ချန်းကတော့ ကျုရှင်ဆိုမတက်ချင်ဘူး..

    ReplyDelete
  13. ပေါက်..
    ချန်းချန်းက တယ်စွမ်းပါလား...
    တစ်ယောက်တည်းသွားတာ...။
    ပေါက်ကတော့ ချန်းချန်းရှိတာနဲ့ ဘ၀က ပြည့်စုံပျော်ရွှင်နေမှာသေချာတယ်..။

    ReplyDelete
  14. ပေါက်ရေ.. ချန်းချန်းလေးက သတ္တိကောင်းလိုက်တာ.. တစ်ယောက်တည်း ခရီးထွက်တယ်နော်.. ကလေးလောက် အဖြစ်မရှိတဲ့ ကိုယ့်ကိုကိုယ်တောင် ရှက်သွားပါပြီ... :) တူမလေးကို အိုဆာကာ လွှတ်လိုက်ပါပေါက်ရေ.. :D

    ReplyDelete
  15. ချန်းချန်းလေးက ကံကောင်းတယ်
    ကျောင်းပိတ်ရက်မှာ ပျော်ရွှင်ပါစေ...
    ဒီမှာလည်း ကျောင်းပိတ်ရက်ဆို ကလေးတွေက သူ့တို့ သူငယ်ချင်းတွေ ဟိုသွားမယ် ဒီသွားမယ်ဆိုတဲ့ အစီအစဉ်တွေကို အားကျရှာကြတာပေါ့။ ကိုယ်တွေက မတတ်နိုင်ပါဘူး။ အခွင့်သာမယ်ဆိုရင် မြန်မာပြည်ပဲ ပြန်ဖို့ ခြေလှမ်းပြင်တာ ကလား။ ဒါကြောင့် မသီတာနဲ့ သားနှစ်ယောက် ကပ်လျက် မလေးရှားတောင် မရောက်ဖူးပါကွယ်။ (ကိုဧရာ ဒီကော်မန့်လေး ဖတ်မိပါစေ။ ကြားပါစေ။ မြင်ပါစေ။)

    ReplyDelete
  16. ပေါက်ရေ… ချန်းချန်းက ချစ်စရာလေး… သူက လိမ္မာလို့  တယောက်ထဲ လွှတ်လို့ ရတာပေါ့… အမကတော့ သားကို မြို့ တွင်း လေ့လာရေးတောင် ထည့်ဖို့  စိတ်မချဘူးဖြစ်နေတာ… ဆော့လွန်းလို့ လေ… ငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ်ရင်လား သစ်ပင်တက်တယ်၊ အိုးပုတ်တမ်းကစားတယ်၊ အရုပ်လေးတွေလုပ်ပြီးဆော့တယ်၊ သရက်ဖူးတွေကို တပည့်လုပ်ပြီး စာသင်တမ်းဆော့ရင်တော့ အမေကရိုက်ရော…

    ReplyDelete
  17. အားကျလိုက်တာ ချန်းချန်းကို။ ကစားနေတာများ ချစ်စရာလေး။

    ReplyDelete