khin oo may: again..

khin oo may: again..



ဖြစ်တာလဲ ဖြစ်ပြီးသွားပြီ...




နောက်ဆက်တွဲသတင်း...
Chris Cornell နဲ့ Timbaland
Part of me..........'' ပါတဲ့...


ရောက်တတ်ရာရာ...

ကြာရွက်ကို ခြံထဲမှာ အလှစိုက်ထားတာ..တဲ့လေ
သူငယ်ချင်းနဲ့ လိုက်သွားတဲ့ ခြံဝင်းတစ်ခုမှာတွေ့လို့ သဘောကျလို့ရိုက်လာတာ..(ရန်ကုန်)



ဒီပုံလေးကတော့..
မနေ့က လက်ဆော့ပြီး ရိုက်လိုက်တာ..
မယ်နိတို့ နုစံတို့ ကြိုက်တတ်မယ့်ပုံလေး ထင်တာပဲ..
ကိုယ်နဲ့ တော့ လားလားမှ မသက်ဆိုင်ပါ...။။


ဒီငှက်သိုက်လေးက..
အလုပ်သွားတဲ့နားက တိုက်နံရံလေးမှာ အသိုက်လုပ်ပြီးနေနေတာ..
နှစ်တိုင်းလိုလို ဒီအသိုက်လေးဆီပြန်လာတတ်တယ်တဲ့..
`` မိုးဦးဝင်ရောက်လာတဲ့အခါ ရိုးမကိုဖြတ်ကျော်ရင်းးး....´´
ဆိုတဲံ သီချင်းလေးကို သတိရမိတယ်..
သေချာကြည့်ရင် ငှက်မလေး ဗိုက်ပူနေတယ်..
နောက် ဘယ်နှစ်ရက်ကြာရင် ငှက်ပေါက်လေးတွေကို မွေးဖွားလာလေမလဲ...
...................................
..........................
..........................

တွေးမိတွေးရာ..
ရေးမိရေးရာ..
တင်မိ တင်ရာ...
ရောက်တတ် ရာရာ...

သီချင်း




至少還有你 :林憶蓮


我怕來不及 我要抱著你
အချိန်တွေ ကုန်ဆုံးမှာစိုးလို့... မင်းကိုပွေ့ဖက်ထားပါရစေ..

直到感覺你的皺紋 有了歲月的痕跡
အချိန်တွေရဲ့ တိုက်စားမှုကြောင့် မင်းရဲ့ အရေပြားလေးတွေတွန့်တဲ့အထိ...

直到肯定你是真的
မင်းဟာ (ငါ့အတွက်) စစ်မှန်တဲ့ အထိ

直到失去力氣
ငါ့ရဲ့ အားအင်တွေ ကုန်ခမ်းတဲ့အထိ....

為了你
မင်းအတွက်....

我願意
ငါကျေနပ်ပါတယ်...

動也不能動
(မင်း) အိပ်ယာပေါ်မှာ လဲနေပါစေ..

也要看著你
(ငါ) မင်းကို တစိမ့်စိမ့်ကြည့်နေရင်း...

直到感覺你的髮線 有了白雪的痕跡
မင်းရဲ့ ဆံပင်တွေ ငွေရောင်သမ်းတဲ့အထိ....

直到視線變得模糊
အမြင်အားတွေ လျော့နည်းလာတဲ့အထိ....

直到不能呼吸
(နောက်ဆုံး) ၀င်သက် ထွက်သက် မရှိတော့တဲ့အထိ....

讓我們 形影不離
တို့တတွေ မခွဲခွာကြေး....

如果.................全世界我也可以放棄
(အကယ်လို့) ကမ္ဘာလောကကြီးကိုတောင် ငါ လက်လွတ်ဆုံးရှုံးနိုင်ပါတယ်..

至少還有你
အနည်းဆုံးတော့ မင်းရှိနေတယ်လေ....


值得我去珍惜
ငါ့မှာ တန်ဖိုးမဖြတ်နိုင်ပါဘူး..(မင်းရှိနေတဲ့အတွက်)


而你在這裡
မင်းရှိနေတဲ့အတွက်ကြောင့်ပဲ...

就是生命的奇蹟
(ငါ) အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိပါတယ်....

也許 .........
(may be...)

全世界我也可以忘記
တလောကလုံးကို ငါမေ့ပျောက်ထားနိင်ပါတယ်...

就是不願意 失去你...
မင်းကိုတော့ ငါအဆုံးရှုံးမခံနိုင်ဘူး...


မှတ်ချက် ။။ ။။ သီချင်းဟောင်းလေးတစ်ပုဒ်ပါ....
ဘာသာပြန်တာ လွှဲကောင်းလွှဲနေပါမယ်..
ဒါမဲ့ အနီးစပ်ဆုံးပြန်ပေးလိုက်ပါတယ်....

မေမြို့ အလွမ်းစာလေးများ ၂


ဒါက ထမင်းဝါတဲ့ ..(黃飯) ထမင်းကို ပြားနေအောင် ဒလိမ့်တုံးနဲ့ ပြားထားပြီး..
ကိုက်ကျေးနဲ့ ကိုက်ထားတာ..
ပြီးတော့ ခရမ်းချဉ်သီးချက်..ကြက်သွန်ဖြူကြော်..ဂျူးမြစ်...ငြုပ်သီးကြော်နဲ့တွဲဖက်စားရပါတယ်..


ဒါက ချောင်ဖိန်း တဲ့. ..တိုဟူးလိုအပြင်လိုက်မဟုတ်ပဲ...ဇလုံထဲမှာခဲထားပြီး
ဂျစ်လေးနဲ့ ခြစ်ထားတာ...ချဉ်ချဉ်လေး...တော်တော်ကောင်း..
ပဲရေ...
ဒီနှစ်မျိုးက န.န.အ မှာသွားစားတာမဟုတ်..(န.န.အ မသွားဖြစ်ပါ..ဒီနှစ်)
ရုံဖန်းရဲ အိမ်က သွားဝယ်လာပေးတာ..


နွားနို့...မလိုင်လုံး..ပူတင်းး...တစ်သျှူးး(စားသောက်ပြီး သုတ်ဖို့ရာလေ..)


မုန့်ဆပ်တဖူး..တဲ့..အထဲမှာ အုန်းသီးနဲ့ သကြားပါတယ်..
အိမ်ပြန်ရင် မစားမဖြစ် အစာပါ..


ဒါက..ဒိန်ဘရာ တဲ့..
ဒိန်ချဉ်ထဲမှာ မတ်ပဲကြော် (အပေါက်ကြော်..ဘရာကြော်) နှစ်ထားတာ..


ကုလားပဲသုတ်ထဲမှာ ဒိန်ဘရာ ထည့်စားတာ..ကြက်သွန်နီလေး..အကြော်စုံလေးလဲပါတယ်..
´` ပက်ကရာ ´` တဲ့..အဟီးခေါ်တတ်သလိုခေါ်လိုက်တာနော်..ဒါက သူငယ်ချင်းအိမ်က ဖိတ်ကျွေးတဲ့ အုန်းထမင်း..
ပဲပြုပ်ကြော်..ကြက်သားဟင်း..အမဲကြော်..သရက်သီးသဘောက်..ငြုပ်သီးကြော်..
ထမင်းလာမချခင်ရိုက်ထားတာ..



ပေါင်းတင်းဝါး...
အိမ်က အမေ သိပ်ကြိုက်..


မန်းလေးက လာတဲ့ နွားနို့ခဲ...
ခရမ်းချဉ်းသီးလေးနဲ့ချက်စား..ကောင်းမှကောင်း..
ယို့တ် ကျီးကျုံး လေးနဲ့ ကြော်စား..ဂွတ်မှဂွတ်..စိမ့်စိမ့်လေး


နွားနို့ယို..အချို..
၁ထောင်ဖိုး တစ်စက်ကလေးရတာ..
တထိုင်တည်းစားပစ်လိုက်တယ်..
ဘာမှတ်လဲ...


ဒါက..သယ်ရင်းအိမ်မှာသွားစားတဲ့ ဟော့ကော့( 火鍋 )
မဲမဲလေးက ကမ်းပါး(အမဲသားခြောက်ပြား) အသားရောင်က ကြက်သား..

ရှမ်းနံနံပင်..
မွှေးနေတာပဲ...

၃ လ ၂၁ရက်


ဟိုမှာ...
နေပျော်ရဲ့လား...
နေသားကျသွားပြီလား...
................
.....................
ဒီမှာတော့....
အလူးအလဲ မဟုတ်တောင်...
တနုံ့နုံ့ ဖြစ်နေတုန်း...
....................
....................
ခုထိတော့...
တိုက်ခိုက်ခံရတုန်း...
ထိုးနှက်ခံရတုန်း.....
...............
....................
၃လ ၂၁ရက်နေ့တွေ..
ဘယ်နှစ်ခုများ ...
ငါ့အတွက် ကျန်သေးလဲ ။။




happy birthday to Chein Chein


ဒီနေ့ချန်းချန်းမွေးနေ့ပါ..။။
မမသီတာ..မမသက်ဝေ..မမမွန်..မမဆင်ဆင်..မမမီယာ..မမနိ...မမ မမ(kom)...မမသိင်္ဂီ...
မမမေမိုး..မမမျိုး...မမတန်ခူး..မမဆောင်း..မမGrace..မမထက်..မမဒေးဒေး..မမမိုးကောင်းသူ
မမReader..မမနု...ဘကြီးဖြိုးနှင့် မမဘလော့ဂါများ...(နာမည်ကျန်ခဲ့ရင်ခွင့်လွတ်တော်မူကြပါ...)
အားမနာပါနဲ့ ..ကြိုက်တာသုံးဆောင်ကြပါရှင့်...



ဒါက ပင်လယ်စာပီစာနဲ့ အမဲသားသုတ်..
အမဲသားသုတ်က အအီပြေပါ( ချန်းမေမေက ပီစာချည်းမစားတတ်လို့ အသုတ်တစ်ခုပြင်ဆင်ရပါတယ်အဟီး)
နောက်ကန်ဇွန်းရွက်အချဉ်ဟင်းလည်းချက်ပါတယ်...ဒါလည်းအအီပြေပါပဲ(မရိုက်မိဘူး)

ဒီကိတ်လေးတွေက ဟိုးတစ်ပတ်က သူ့မွေးနေ့ကိတ်အတွက်သွားကြည့်ခဲ့ရင်းရိုက်လာတာတွေပါ..
အမှန်တကယ်ဝယ်တဲ့ကိတ်က သေးသေးလေး...
ဒီနေ့ ကိတ်မုန့်ခွဲတော့ မရိုက်မိဘူး..
(ဖြစ်ရလေ..)



အဟီး..ဒါတွေက ဟိုတစ်ပတ်ဆန်းဒေးက ဒူးရင်းသီးဦးဦးဖျားဖျားပေါ်တော့..
မနေနိုင် မထိုင်နိုင်ဝယ်စားမိတာတွေပါ..


တိုဟူးသုတ်....

အိမ်မှာရှိတာ အကုန်ချကျွေးနေတာ...

ဗိုက်ဆန့်သေးရင် ဘဲကင်ပါသုံးဆောင်ကြပါရှင့်...
မွေးနေ့ဆုတောင်းပေးတဲ့ မမ များကို အထူးကျေးဇူးပါရှင်...


မှတ်ချက်..။။ ။။ ချန်းချန်း မားမားက မမတို့ကို အန်တီ (သို့) ကြီးကြီး လို့ ပေးမခေါ်ပါဘူးရှင့်။။
မမ လို့ပဲ ခေါ်ဖို့ရာ သင်ပေးထားပါတယ် ရှင့်..။။(ဟီးဟိ)

ချန်းမွေးနေ့မှာ ပီစာနဲ့ အမဲသားသုတ်နဲ့ ကိတ်အသေးလေးပဲအမှန်တကယ်စားပါတယ်..
ကျန်တာတွေက အိမ်မှာရှိတာ ချကျွေးထားတာပါ...
ပုံ
ချန်းချန်းမားမား

ကိုရီးယားပင်လယ်စာကပ်ကြော်..



တစ်ရက်က ကိုရီးယား ပင်လယ်စာကပ်ကြော်(အဟီး ကိုယ့်ဖာသာကိုယ်အမည်ပေးလိုက်တယ်..မြန်မာလိုမခေါ်တတ်လို့)
လုပ်စားပါတယ်။။ ၁ )ပုံပါအတိုင်း ပုဇွန်နဲ့ ပြည်ကြီးငါးအသေးမျိုး...အသင့်ပြင်ထားပါ..
ပြည်ကြီးငါးကို အပေါ်ယံ အရေခွံကို ဆွဲဖြုတ်ပြီး အကွငိးလိုက်လှီးထားပါ..
ပြီးရင်..ပုဇွန်နဲ့ ပြည်ကြီးငါးကို ရေနွေးဖျောပေးပါ။။၁မိနစ်ဆိုလုံလောက်ပါပြီ။။


ကိုရီးယားက လာတဲ့ အမှုန့်ထုပ်ပါ...
ဒီ ဂျုံမှုန့်သုံးရင် ဆား ထည့်စရာမလိုပါဘူး။။ ရယ်ဒီမိတ် အထုပ်ထဲမှာ ပါပြီးသားပါ..။။
အကယ်လို့ ဒီ ရယ်ဒီမိတ်ထုပ် ၀ယ်ဖို့ အဆင်မပြေရင် ရိုးရိုးဂျုံမှုန့်နဲ့ ပြောင်းဖူးမှုန့်ရောပြီး
အသုံးပြုနိုင်ပါတယ်။။



နောက်..မြန်မာတွေ ကျူဆိုင် လို့ ခေါ်နေကြတဲ့ 韭菜 (leeks)ပါ။။
ရေစင်စင်ဆေးပြိး တစ်လက်မအနေလောက်လှီးထားပါ။။
ခါကျက်ဥ အနည်းငယ်ကို ဂျစ်နဲ့ ခြစ်ထားပါ။။
ကြက်သွန်မြိတ် တစ်စီးလောက် တစ်လက်မအနေ လှီးဖြတ်ထားပေးပါ။။


ဇလုံတစ်လုံးထဲမှာ မုန့်နှစ်ရည်ကို ဖျော်ထားပါ။။
ပြီးရင် ပင်လယ်စာနဲ့ လှီးဖြတ်ထားတဲ့ သုံးမျိုးကို ထည့်ပြီး မွှေပြီးလျှင် အသင့်ကြော်စားနိုင်ပါပြီ။။
ကြော်တဲ့အခါ မီးသေးသေးနဲ့ ကြော်ပါ။။ အိုးပြားမှာကြော်ပါ။။

ကဲ...သုံးဆောင်နိုင်ပါပြီ။။
အချဉ်ရည်ကိုတော့...ရူးနှမ်း...အဲ့လေ..ယူနန်ဆန်ဆန်ဖျော်ပြီးတွဲဖက်စားနိုင်ပါတယ်။။
အချဉ်ရည် ...
ကြက်သွန်ဖြူ ထောင်းအနည်းငယ် ..သံပုရာသီး...ငြုပ်သီးစိမ်းနုတ်နုတ်စိတ်...ကြာညို့အငန်အနည်းငယ်
ကိုရီးယားစတိုင်ကတော့...
chili paste နဲ့ တွဲစားကြပါတယ်။။

အမှတ်တရ...

မသိဂီ င်္ Tag လာတဲ့ ´´အခုချိန်မှာ အမှတ်တရ..အဲဒီတုန်းက အူလည်လည်´`
ဆိုတာကို ဘယ်လိုရေးရမှန်းမသိဘူး..။။
နောက်ပြီး ကျွန်တော်က အမြဲလွှဲနေတတ်တဲ့သူ ဆိုတော့ ကိုယ့်အလွှဲကို ကိုယ်ရှာမတွေ့
ဖြစ်နေပါတယ်။။ (အလွှဲတွေ များလွန်းလို့..)


ငယ်ငယ်က ကျွန်တော်တို့ အိမ်နားမှာ အပျိုကြီး ညီအစ်မတွေရှိပါတယ်။။
ရန်ကုန်က ပြောင်းလာတာပါ ။။ သူတို့ညီအစ်မများဟာ နတ်ပွဲတွေ ဇာတ်ပွဲတွေကို
အလွန်ဝါသနာပါပါတယ် ။။(စကားမစပ် ..လွတ်လပ်ရေးပွဲက ဇာတ်ပွဲကို သူတို့နဲ့
ကြည့်ခဲ့ဖူးပါတယ်..ကိုယ့်အောက်က မောင်လေးနဲ့ ကိုယ်နဲ့ အခုထိ လွမ်းတသသ..ဟီးး)


တစ်ခုသော တောင်ပြုံးပွဲကာလမှာ အဲဒီ အပျိုကြီးတွေနဲ့ အိမ်နီးနားချင်းတွေ စုပြီး
တောင်ပြုံးပွဲ သွားကြပါတယ် ..။။ ကိုယ်ကလည်း လိုက်ချင်လိုက်တာ ထွန့်ထွန့်လူးလို့..
သူတို့သွားတာကလည်း သောကြာနေ့ ။။ ကိုယ်က ကျောင်းတက်ရဦးမှာ ။။ကျောင်းပျက်ခံ
ပြီးလို့တော့ အိမ်က မိဘက ပေးမသွားဘူး ။။ မှတ်မှတ်ရရ အဲဒီတုန်းက ၆တန်း ။။
နတ်ပွဲဆိုတာ ဘာမှန်းမသိ ။ တောင်ပြုံးဆိုတာ ဘာမှန်းမသိတဲ့ ကျွန်တော်...
အိမ်ကိုဂျီကျပါတယ် ။။ သွားကို သွားလည်ချင်တယ်ဆိုပြီး..။။ နောက်ဆုံး အဖေက
လိုက်ပို့မယ်ဆိုပြီး လိုက်လျော လိုက်ရပါတယ် ။။

စနေနေ့ မှာ မန်းလေးဆင်း ပြီး အမျိုးတွေရှိရာ X X ၀င်းမှာတည်း။။ အမျိုးတွေကတော့
အံ့တွေသြလို့ ။။ ကိုယ့်လူမျိုးနဲ့ မဆိုင် ကိုယ့်ဘာသာနဲ့ မပတ်သက်တဲ့ ပွဲကို ပူစာလို့တဲ့လေ။။


အမျိုးအိမ်မှာ တစ်ညအိပ် မနက်စောစောမှာ သုံးဘီးကားငှားပြီး တောင်ပြုံးကို သွားပါတယ်။။
ဖုန်က ထူထူ ။ ဘယ်ကနေ ဘယ်လိုသွားရမှန်းမသိ ။ အူလည်လည်နဲ့ သားအဖနှစ်ယောက်သား။။
ပန်းဆက်စရာမလို ။ နတ်ဆက်စရာမလိုတဲ့ အဖေနဲ့ ကျွန်တော် ဟိုကြည့် ဒီကြည့် နဲ့ ။။
တိုးလိုက်ကြတဲ့လူတွေ ။။ ယာမကာနံ့တသင်းသင်းနဲ့ ။ အအေးပုလင်း တစ်လုံးသောက်ပြီး
ပြန်ခဲ့ရပါတယ် ။။

မန်းလေးရောက်မှပဲ အဖေ့သူငယ်ချင်း စားတော်ဆက်မှာ ဘဲကင်နဲ့ ထမင်းစားခဲ့တာကိုတော့
ဒီနေ့ထိ အမှတ်တရ ရှိနေတုန်း ။။ အိမ်ပြန်ရောက်တော့ အမေက ဘာတွေ့ခဲ့လဲတဲ့။။
အမူးသမားတွေပဲ များပါတယ် အမေလို့ ပြောတော့ ရယ်လိုက်ကြတာ။။


နောင် နတ်ပွဲသွားချင်ရင် ကိုယ်တို့အိမ်နောက်မှာရှိတဲ့ ကိုးမြို့ရှင်နတ်နန်းကိုပဲ ပြေးပါတော့မယ်။။

(မသိဂီ င်္ ဆီးတော နော် ..အခုမှရေးဖြစ်လို့)


by your side..




" By your side '' - Sade


You think I'd leave your side baby...
You know me better than that...
You think I'd leave you down when you're down on your knees..
I wouldn't do that....



I'll tell you you're right when you want...
And if only you could see into me...


Oh... when you're cold...I'll be there...
Hold you tight to me...


When you're on the outside baby and you can't get in..
I will show you..., you're so much better than you know...
When you're lost and you're alone and you can get back again..
I will find you darling and I will bring you home...



And if you want to cry...
I am here to dry your eyes.....
And in no time , you'll be fine....


You think I'd leave your side baby....
You know me better than that...
You think I'd leave you down when you're down on your knees...
I wouldn't do that....


I'll tell you you're right when you want...
And if only you could see into me...


Oh...when you're cold...I'll be there...
Hold you tight to me...
Oh....when you're low...
I'll be there by your side baby......



ဒီသီချင်းလေး နားမထောင်ရတာ ကြာပြီ..
ဒုမ်ဒုမ်မှာ...ကို ၀ီရှီဝါရှိတင်ထားတာတွေ့လို့ သတိရပြီး...ဒီမှာပြန်တင်လိုက်ပါတယ်..






12nd march 2009 က တင်ဖူးထားတာကို ပြန်တင်လိုက်ပါတယ်..။
ဘာရယ်တော့ မဟုတ်...
စိတ်ထဲရှိရာ လုပ်လိုက်ပါတယ်..။

နွေရာသီကျောင်းပိတ်ရက်...


နွေကျောင်းပိတ်ရက်ရောက်ရင်...
ကလေးတွေရော..မိဘတွေပါ ဦးနှောက်စားပါတယ်..
ကလေးတွေက...သူတို့ရဲ့ နွေကျောင်းပိတ်ရက်ရှည်မှာ...ဘာအစီအစဉ်ရှိမလဲ..ဆိုတာကို
တွေးပါတယ်...( စိတ်ထဲမှာတွေးတဲ့အတိုင်း မိခင်ကိုလဲမေးတတ်ပါတယ်
သူ့နွေကျောင်းပိတ်ရက်အတွက် ဘာအစီအစဉ်ရှိပါသလဲ..တဲ့)
ပြီးခဲ့တဲ့ နွေကျောင်းပိတ်ရက်( July ~ August '08)နှစ်လ သူ့အမျိုးတစ်ယောက်ရှိရာ
သွားလည်တဲ့ပုံလေးတွေပါ ။။
ရီစရာကောင်းတာက အဲဒီကို သူတစ်ယောက်တည်းသွားပါတယ်။။(နွေရာသီကျူရှင်ကို
မသွားချင်လွန်းလို့လေ)။။
လေယာဉ်ရုံး ကိုတော့ အပ်ရတာပေါ့နော်။။(ပိုက်ပိုက်ပေးရတယ်)



သူကစားကွင်းမှာ....(ရှာကြည့်ပေါ့နော်..)




ဒါက သိမ်းမြစ်မှာထင်တယ်(ယောင်ရွှီးလုပ်လိုက်တယ်)

ဒီနေ့တော့ ကလေးက ကျနော့်ကိုမေးပါတယ် ။
ကျနော်တို့ ငယ်ငယ်က စနေ တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာ ဘာတွေလုပ်သလဲတဲ့။။
ဆိုင်မှာ မိဘကို ကူညီတာပေါ့ လို့ပြန်ဖြေလိုက်တယ်(အရသာရှိစွာ..)
လူကြီးတွေ လစ်ရင် လစ်သလို အိမ်ရှေ့မျက်စောင်းထိုးက စာအုပ်ဆိုင်ကိုပြေးတတ်သေးတယ်။။ငှဲငှဲ