2/28/2009
ကြက်သားလုံးပေါင်းး(ဆူးကျီး)
တရုတ်မဆလာသီး (ချောင်း ကော့)ပါ ..။။草
果 လို့ခေါ်ပါတယ်။။
ချောင်းကော့ ကို အမှုန့်ကြိတ်ထားတာပါ..
အသီးကို..ကြက်ဟင်းရည်ပေါင်းတာတို့..
အမဲသားနှက်တာတို့မှာ သုံးပါတယ်..
အမှုန့်ကို ဟင်းကြော်တာမှာ အသုံးပြုတာများပါတယ်..
မန်းလေး ရတနာပုံဈေးသစ်( တရုတ်တန်း) မှာ ရရှိနိုင်ပါတယ်..
မေမြို့..လားရှိုး...မူဆယ်..စတဲ့မြို့တွေမှာလည်း အလွယ်တကူရရှိနိုင်ပါတယ်..။။
တရုတ်ပြည် ယူနန်ပြည်နယ်က ထွက်တာပါ..
အသီးအခြောက်ကို တပိ ဿာ ကျပ်၁သောင်းကျော် ဈေးရှိပါတယ်(မေမြို့ဈေး)
မမြူရှရီ အဆင်ပြေနိုင်ပါစေ..
ကြက်သားလုံးပေါင်း (ဆူး ကျီးး)
ဒီနေ့ ညီမလေးနဲ့ ဖုန်းပြောဖြစ်တော့...ကျနော့ကို ဟင်း ပို့စ်တင်ခိုင်းနေတယ်..
စီဘောက်စ်က Grace ကလဲ လူမျိုးတူထင်တယ်..
ဟင်းချက်တာတွေ လာပြောနေတော့...၂၄ရက်နေ့ကမှ ချက်စားဖြစ်တဲ့
ဒီဟင်းလေးကို တင်လိုက်ပါတယ်..။။
ဒီဟင်းလေးက ကျနော်တို့ရဲ့ ရိုးရာ အိမ်ဟင်းလေးပေါ့..။။
(ဆိုလိုတာက စားသောက်ဆိုင်တွေမှာ တင်မရောင်းတဲ့ အိမ်ဟင်းလေးပါ)
ကြက်သားရင်အုပ်သားကို အတုံးကြီးကြီး တုံးထားပါ..။။
ပြီးလျှင် ဆား ဂျင်း တရုတ်မဆလာ(ချောင်းကော့) နဲ့ နယ်ပြီး တစ်နာရီလောက် နှက်ထားပေးပါ..။။
ဂျုံမှုန့်ကို ကြက်ဥတစ်လုံးနဲ့ ရေပါ ဖျော်ထားပေးပါ..
ပုံပါအတိုင်း မပျစ်မကျဲ..။။
နှက်ပြီးသား ကြက်သားကို ဖျော်ထားသောဂျုံရည်နဲ့ နယ်ထားပါ..။။
တစ်တုံးချင်း ဇွန်းကိုအသုံးပြုပြီးကြော်ရင်...
ပုံပါအတိုင်း ရပါတယ်..။။
ကြက်သွန်နီ ၄ပုံ ၁ပုံ ..ကြက်သွန်ဖြူ ၁၀ဥ...ဂျင်းအနည်းငယ်ကိုပါးပါးစိပ်..
တရုတ်မဆလာသီး တစ်ဝက်ကို အသင့်ပြင်ထားပါ..
အိုးထဲမှာ ကြော်ပြီးသား ကြက်သားလုံးတွေနဲ့ အစာတွေကို ထည့်ပါ..
ကြက်ရိုးဟင်းရည်ရှိရင် ကြက်ရိုးဟင်းရည်ထည့်ပါ..
မရှိရင် ရေထည့်ပါ(ရေထည့်ရင် ဆားနည်းနည်းထည့်ပေးရပါတယ်..ကြက်ဟင်းရည်မှာ ဆားမလိုအပ်
မိနစ် ၂၀လောက် ချက်ပြီးရင် သုံးဆောင်နိုင်ပါပြီ..။။
ပြီးရင် ကြက်သွန်မြိတ် ဖြူးပေးရင် မွှေးမွှေးလေးနဲ့ စားကောင်းပါတယ်...။။
16 comments:
  1. စောင့်နိုင်လေ အကျိုးရှိတဲ့  ပေါက်ရဲ့.. အဟိ.. တို့ အကုန်စားသွားပြီ.. နောက်လူတွေ အတွက် ဘာမှ ကျန်တော့ဘူး.. :)
    ပေါက်ရေ.. ဒီမှာတော့ ၃ နာရီထိုးတော့ မယ်.. ပေါက်တို့ ဆီရော ဘယ်အချိန် ရှိပြီလဲ.. :)
    ReplyDelete
  2. “တရုတ်မဆလာသီး တစ်ဝက်” ဆိုတာ ဘာလဲ ပေါက်။
    နောက်အပတ်ကျမှ ချက်စားကြည့်ဦးမယ်။ စပ်စပ်လေး စားချင်ရင် ဘာထည့်ရမလဲ မသိဘူးနော်။ ကွန့်တာ ဟိ။
    ReplyDelete
  3. လက်ဝင်မယ့်ပုံပဲ.. မထူးပါဘူးဟယ်။ တို့ကိုပါ ချက်ကျွေးပါလားဟင်။
    မနုသွဲ့ စပ်ချင်ရင် ကုလားအော် ၅တောင့်လောက်ပစ်ထည့်လိုက်လေ။
    အဟိ..ပေါက်ရဲ့ ဟင်းတော့ ပျက်တော့မယ်
    mm
    ReplyDelete
  4. ဒါမျိုးဆို သိပ်ကြိုက်။ အမနုစံက အကုန်တီးသွားပြီ ဘယ်လိုလုပ်မလဲ။
    ReplyDelete
  5. စားလိုက်မယ်ကွဲ့ ကောင်းကောင်း
    ReplyDelete
  6. ကြက်သားကို တူနှင့် နှက်ရမည်လော...ကျည်ပွေ့နှင့် နှက်ရမည်လော.. ပြောပြောရှင်းပါ..ခွိ
    စားကောင်းမယ့်ပုံပဲ..(အလဲ့.. ငါတောင် ကိုရီးယားကား ထဲကလို ပြောတတ်လာပြီ)
    ReplyDelete
  7. ကြက်သွန်မိတ်အကြ်ုက်ဘူးကွ။ ဒါပေမဲ့ ဖယ်စားသွား ပါသည်။
    ReplyDelete
  8. ဘိုက်ဆာနေတုံး ညစာ မစားရသေးဘုး
    ReplyDelete
  9. မကြီး ဟင်းကိုကြည့်ပြီး
    ၈ မိုင်က သန်းဖေလေး ဆမူဆာသုပ်ကို
    အရသာချင်းတော့ ကွာပ ..
    ReplyDelete
  10. PAUK said...
    But I'm not gonna let you down
    Darling wait and see
    And between now and then
    Til I see you again
    I'll be loving you
    Love, Me."
    ပြန်ဝင်လာတော့..ပြန်လာနားထောင်ပါတယ်..
    နားထောင်ရင်း ငိုချင်ပါတယ်..
    အချစ်က တခါတလေ..
    မုန်းဖို့ကောင်းတယ်..
    March 1, 2009 5:41 PM
    Ko Boyz said...
    ပေါက်ရေးတာ သဘောကျတယ်...။
    အချစ်က မုန်းဖို့ ကောင်းတယ်တဲ့...။
    မင်းလူများ တွေ့ရင် ယူသုံးမလား မသိဘူး...။
    March 1, 2009 6:19 PM
    နန်းညီ said...
    ထုံးစံအတိုင်း မန့်သွားမယ်.. ဘာမှ ကြည့်မရဘူး.. :P
    March 1, 2009 6:58 PM
    khin oo may said...
    ဒီတစ်ခါတော့ပေါက်ထုံတို့ က ဗိုလ်စွဲသွားပြီ။
    စွဲ ဆို ဒါ က mm တို့ ပေါက်တီု့ရဲ့ခွင်ကိုး။
    တို့မျက်နျာငယ်ရပါတယ်လေ။။
    အချစ်က တခါတလေ..
    မုန်းဖို့ကောင်းတယ်..
    boyz က edit လုပ်လိုက်တော့
    အချစ်က မုန်းဖို့ ကောင်းတယ်တဲ...။
    မင်းလူမသုံးခင် အခုတော့တို့ယူသုံးချင်တာဘဲ။
    အခုတစ်လော သူများစကားလုံးတွေဘဲခိုးခိုးသုံးနေတယ။်
    ဘန်ကောက်ရေ ကိုယ်လာပြီ
    (ကွိကွဘာညာ၊ ဘာညာကွိကွ)
    အချစ်က မုန်းဖို့ ကောင်းတယ်...။
    ပြောင်မြောက်လိုက်ကြတာ။ ဘလော့ဂါကြီးတွေမို့လို့ထင်တယ်။ စာရေးတာတွေလည်းကောင်းလိုက်တာ။
    kom ထိုင်ငိုသွားပါသည်။
    March 1, 2009 7:01 PM
    ReplyDelete
  11. ပေါက်ရေ တင်ပြပုံ ကောင်းမှကောင်း... ကိုယ့်ကိုယ်ကို သိပ်မနှိမ့်ချပါနဲ့ :)
    တို့က အဲ့ဒီ တရုပ်မဆလာသီးကို ဆားငံသီးထင်လို့။ ချက်စားကြည့်ဦးမယ်။
    ReplyDelete
  12. ပေါက်ရေ… ဟင်းအသစ်တမျိုးရသွားလို့  ကျေးဇူးပါ… သားကိုလဲ ကျွေးလို့ ရမယ့်ပုံ ဆိုတော့ အရမ်းစိတ်ဝင်စားသွားတယ်… စမ်းကြည့်ဦးမယ် ညီမရေ…
    ReplyDelete
  13. စားကောင်းမယ့်ပုံလေး..
    ချက်ရမှာတော့ ပျင်းသား ပေါက် ချက်ပြီးသားလေး စားရသော် ကောင်းလေစွ... ဟု တောင့်တသွားပါကြောင်း...။
    ReplyDelete
  14. ပေါက်ရေ.........ပေါက်ရေးတာတွေ့မှ "ချောင်း ကော့" ကို ကျွန်မက "စောကော" လို့ခေါ်နေတာ။ ဟဲဟဲ ကျေးဇူးပါ။
    ReplyDelete
  15. 草 果 ဆိုတာ Cardamom ။ ဒီမှာလဲ တရုတ်ဆိုင်တွေမှာရတယ်။ အိမ်မှာတော့ အဲဒါကို ထောင်း ပြီးရင် ဆီများများနဲ့ လှော်ပြီး အဲဒီဆီကို တရုတ်ဟင်းချက်ရင် ပြန်သုံးတယ်။ ရှမ်းခေါက်ဆွဲမှာလဲ ထည့်စားတယ် မွှေးမှမွှေးပဲ
    ReplyDelete
  16. 草 果 ဆိုတာ Cardamom ။ ဒီမှာလဲ တရုတ်ဆိုင်တွေမှာရတယ်။ အိမ်မှာတော့ အဲဒါကို ထောင်း ပြီးရင် ဆီများများနဲ့ လှော်ပြီး အဲဒီဆီကို တရုတ်ဟင်းချက်ရင် ပြန်သုံးတယ်။ ရှမ်းခေါက်ဆွဲမှာလဲ ထည့်စားတယ် မွှေးမှမွှေးပဲ
    ReplyDelete