2/22/2009

မေမြို့ဈေး


အပေါ်တန်း အထည်တန်းဖက်....


မုန်ညှင်းစိမ်းတင်ကားကြီးး


တခါက ပြောခဲ့ဖူးတဲ့ အော်စွန်း ဆိုတဲ့အရာ..
အဆစ်လေးတွေကို အခွံခွာ ..ဓါးလေးနဲ့ပါးပါးစိပ်ပြီးသုတ်စားလိုက်ရ..


ဒေါ်မေဦးတဲ့ဟေးး
အမဲသားသည်ကြီးး
တစ်ပိဿာ၆၅၀၀ ဆိုလား...



ဒါက မန်းလေးကုန်တွေရောင်းတာထင်တယ်..
ဘူးသီးတွေ...
ကန်ဇွန်းရွက်တွေ..



ဈေးအောက်ဖက်..ပျံကျဈေးတန်းး..
ဈေးအတွင်းကုန်စိမ်းတန်းကို ခဏ ခဏ သွားဖြစ်ပေမယ့်...
မရိုက်ဖြစ်ဖူး..


ဈေးကြီးကုန်း...
ငွေစန္ဒာအရှေ့နားကနေ ရိုက်တာပါ..

သွားနေကျ ပွဲရုံအိမ်ကနေ ဈေးအပြင်ဖက်တန်းကို
လှမ်းရိုက်လိုက်တာ...
မနက်စောစော..မြူနှင်းဝေနေတဲ့ ဗျူးလေးး

မှတ်ချက်။။ ကူးကူး ဈေးပုံတွေတင်တာမြင်တော့..
ကိုယ်ကလည်း မနေနိုင်လို့ လိုက်တင်မိတယ်..။။

13 comments:

  1. အသီးအရွက်တွေ တောင်လိုပုံနေတာ။ ကြော်လှော်ချက်ပြုတ်စားချင်ပါ့။ ဟင်း ဟင်း။ ပြန်လို့ကတော့ စားပြီသာမှတ်။

    ReplyDelete
  2. ခုမှ ကြည့်ပြီးတာ ခွိ.....
    အထည်သည်ကြီး၊ အမဲသားသည်ကြီးနဲ့ ဟင်းရွက်သည်ကြီး
    သူတို့ ဓာတ်ပုံတွေ "ဝဏခွာပေါက်စ် " လက်ချက်နဲ့ ကမ္ဘာကျော်ဖြစ်သွားတာ မသိကြရှာဘူးနော်....

    ReplyDelete
  3. အမဲသားသည်ကြိးက တယ်ဝပါလားဝေး

    သုပ်စားလိုက်ရ။

    ReplyDelete
  4. အော်စွန်း ဆိုတာ အခုမှမြင်ဘူးကြာဘူးတော့တယ်။

    ReplyDelete
  5. အော်စွန်ကို ရေ... ဘာလဲမသိ ရန်ကုန်ကလူတွေ ခေါ်တယ်။ ရှမ်းဆိုင်တွေမှာ စ စားဖူးတာ.. အရမ်းကောင်းတယ်။ ပေါက်ရေ အသီးအရွက် လတ်လတ်ဆပ်ဆပ်တွေ စားခဲ့ရတာပေါ့နော်

    ReplyDelete
  6. ပေါက်ကမှပိုစုံတာ..
    ဒေါင့်စုံကိုရိုက်ထားတာ...
    ကောင်းမှကောင်းးး ဝေးးးးး

    ReplyDelete
  7. မေမြိုဈေးကြီးထဲ ၀င်လည်သွားတယ်။

    ReplyDelete
  8. ပေါက်ရေ.. ဈေးထဲက အနွေးထည်ဆိုင်ကြီးကို သဘောကျတယ်.. ဦးထုပ်လေးတွေ လှမှလှ.. အော်စွန်းဆိုတာ အခုမှ မြင်ဖူးတော့တယ်.. ဟင်းသီးဟင်းရွက်တွေ မြင်ရတော့ ၀ယ်ပြီး အားရ ပါးရ ချက်စားချင်လိုက်တာ.. :)

    ReplyDelete
  9. မယ်နိရေ...ပြောသာပြောရတာ..
    ကျုပ်ပြန်တော့ ဟင်းကိုမချက်မိပါဘူး..
    ဂလေရိုက်နေတာ များတယ်..
    အိမ်ကလဲ ပေါက်ကိုဖမ်းလို့ကိုမမိဘူး..
    sin sin
    သူတို့နဲ့ ရင်းနှီးပါတယ်..
    ဈေးဝယ်နေကျပဲ..
    နေကြတာလည်း မျက်နှာချင်းဆိုင်ရပ်ကွက်..
    မမ နဲ့ နု..
    နောက်ရက် အော်စွန်းသုတ် လုပ်စားမယ်..
    ဒီမှာလဲ ရှိတယ်..
    မမီယာ..ဒီမှာလဲ ဆောင်းတွင်းဆိုအသီးအရွက်ပေါတယ်
    ကူးကူးလောက်ရိုက်ချက်မပြင်းပါဘူးအေ..
    က်ု ၀ဲကမ်း...ဘာတွေ တွေ့လဲ..ဟီးး

    ReplyDelete
  10. အော်စွန်းဆိုတာ ရန်ကုန်က ခေါ်တော့ အာသာလွတ်ဥတဲ့။ အရွက်တွေနဲ့ စိမ်းပြီး လတ်နေတာဘဲနော် ရန်ကုန်မှာတော့ အခွံက ခြောက်ပြီး ဂျင်းရောင်းသလိုရောင်းတာ အရွက်နဲ့ တွဲပြီး မမြင်ဖူးဘူး သိလား

    ReplyDelete
  11. မမတောင်း..
    အဲ့ဒါ အာတာလွတ် မဟုတ်ဖူး..
    အော်စွန်းး...အစိမ်းသုတ်စားလို့ရပါတယ်
    အာတာလွတ်က အဖြူရောင်.
    သုတ်စားမရ..ချက်စားမရ..
    အာတာလွတ်ကို ပြုပ်ပြီး ဆီ။ဆားနဲ့တို့စားရပါတယ်။
    နောက်ပြီး အာတာလွတ်မှုန့် ဆိုပြီး လုပ်ရောင်းကြပါတယ်..
    အရင်အိမ်က သုံးတဲ့ကော်ရည်က အာတာလွတ်မှုန့်
    သြုးတာပါ..

    ReplyDelete