2/21/2009

အမဲသားသုတ် ချဉ်စပ်







ဟိုတရက်က အမဲသားသုတ် လုပ်စားပါတယ်..။။
အမဲသား (အသားအကြောပါ)တုံးကို ဂျင်း တရုတ်မဆလာ( ချောင်ကော့)
ငြုပ်သီး ကြာညို့အငန် ကြက်သွန်မြိတ် တို့နဲ့ နှက်ပြီး ရေနဲ့ပြုပ်ပါတယ်..
၁နာရီလောက်အကြာမှာ (အမဲသားလည်းနှူးလောက်ရင်) ဆယ်ပြီး
အအေးခံပါ.။။
ပြီးရင် အမဲသားတုံးကို ပါးပါးစိပ်ပါ..။။
သခွားသီးအသေးကို ဓါးပြားနဲ့ရိုက်ပြီး ပြန်စိပ်ထားပါ..။။
အချဉ်ရည်အတွက်...
၁။ ရှာလကာရည်
၂။ကြာညိုအငန်
၃။ ကြက်သွန်ဖြူ ဓါးပြာရိုက်နုတ်နုတ်စင်း
၎။ငြုပ်သီးဆီ နဲ့ ငြုပ်သီးစိမ်းပါးပါးလှီး
၅။။နံနံပင်
၆။ သကြားအနည်းငယ်
တို့ကို ပန်းကန်လုံးထဲတွင် အရည်စပ်ထားပါ။။
ပြီးရင် အမဲသားပြားပေါ်မှာ လောင်းချပြီး သုံးဆောင်နိုင်ပါပြီ။။

အမှန်က သီချင်းတင်ချင်တာ...Lily Allenသီချင်း...
စိတ်ပါပုံမရကြဘူးး။။။
တရက်လောက် တင်အုန်းမယ်...ဟီးဟိ

16 comments:

  1. စားချင်စရာကြီး ပေါက်ရေ
    ကျနော်က အသားကို အစုံစား၊ ဘယ်လိုလုပ်လုပ် စား..
း)

    ReplyDelete
  2. ကိုနိကို သစ်သားသုတ်ကျွေးမယ် ဟိဟိ အသားအားလုံးစားတယ်ဆိုလို့ :P

    ReplyDelete
  3. မေမိုးရေ နူးအောင် ပြုတ်ခဲ့နော် ဟီးဟီး
    အချဉ်နဲ့တို့စားပစ်မယ်

    ReplyDelete
  4. သွားရည်ကျပြီး ၂ ဖတ်လောက်ဝှိုက်သွားတယ် ပေါက်ကြီးရေ။

    ReplyDelete
  5. ကောင်းမှာပဲ..ကျွတ် ကျွတ်.. ကြည့်တာနဲ့ကို.. သွားရည်ကျချင်လာပြီ...အမဲသားမစားတော့ ၀က်နဲ့ သုတ်စားပစ်လိုက်မယ်..။ သီချင်းလည်း တင်ပါ ပေါက်ရဲ့..။ အဲ.. အစားအသောက်ကတော့ ပိုဆွဲဆောင်အားကောင်းတာပေါ့လေ..။ :)

    ReplyDelete
  6. အိမ်မှာ လုပ်စားကြည့်ဦးမယ်။ ပုံက အရမ်း ဆွဲဆောင်မှုရှိတယ် ပေါက်ရေ။

    ReplyDelete
  7. အမလေးးးစားချင်လိုက်တာပေါက်စ်ရယ်
    အိပ်မပျော်လို့ လာချောင်းတာ ဗိုက်ဆာပြီးပြန်သွားပြီ

    လင်းစ်

    ReplyDelete
  8. စားချင်လိုက်တာ ပေါက်ရာ။ တို့လဲ အမဲသားတုံးကြီး ၀ယ်ထားပြီး ဘာလုပ်ရမှန်းမသိလို့ အခုတော့ သိပြီ.. (မင်းကို ကိုယ်ချစ်သည်..ဆိုင်လဲ ဆိုင်ဘူး)
    အမဲသားကို အဲဒီလို သုတ်စားမယ်။ ချဉ်ချဉ်စပ်စပ်လေးပဲ။ ပြောရင်း သွားရည်တောင် ကျတယ်။ :))

    ReplyDelete
  9. ခြေလေးချောင်းထဲမှာ ခုတင်နဲ့ အမဲသား မစားပါ။ :D

    ReplyDelete
  10. လုပ်စားကြည့်အုန်းမယ်

    ReplyDelete
  11. အမဲသားကို ဆားလေးနဲ့ အရင်နယ်ပြီး
    ရေခဲသေတ္တာထဲမှာ ၃နာရီလောက်ထားထားပေးပြီးမှ
    လုပ်ရင်..အမဲသားနှူးလွယ်တယ်

    ReplyDelete
  12. လုပ်လေ.. အမဲသားသုတ်..ကောင်းမဲ့ ပုံလေးပါနဲ့ ...တဂျီဂျီလုပ်နေပြီ...
    ဒါ)))..တရားခံ..ပေါက်စ်စ်စ်

    ReplyDelete
  13. လုပ်လို့လွယ်သားပေါက်ရ.. တရက်တော့ လုပ်စားကြည့်ဦးမယ်... သို့သော်... ဘယ်နေ့လဲ မသိသေးဆိုသလိုပဲပေါက်ရေ.. အမဲသားသုတ်ပန်းကန်ကြည့်ရတာ သွားရည် ကျစရာ.. :)

    ReplyDelete
  14. ကောင်းမဲ့ပုံဘဲ။

    ReplyDelete
  15. မိုးချိုသင်းက ဟုတ်တိပတ်တိ ပြောသွားပြန်ပြီ.နောက်နေ့ပြန်စစ်ဆေးပါပေါက်။
    သူအဲဒီလိုဘဲပြောနေကျ။

    ReplyDelete
  16. ကြာဆံဟင်းခါးနဲ့ လဲမလားး)

    ReplyDelete