ချယ်ရီမြေ





ဒီနေ့...ကြည်နှူးနေလို့..
မေမြို့ကန်တော်ကြီးမှာပါ...
ချယ်ရီတွေ တုံးခါနီး....
အကြွင်းအကျန် ချယ်ရီလေးတွေနဲ့ လမ်းလေး...

7 comments:

ပေါက်ရေ ဘယ်နေရာကို ရိုက်ထားတာလဲ ပြောဦးလေ.. အဲ့ဒီ လမ်းကလေးကို လျှောက်ခဲ့ရလို့ ကြည်နူးနေတာလား...

တစ်ယောက်ထဲ ကြိတ်ပြီး မကြည်နှူးပါနဲ့ လေ။။ ဒီနေ့ တို့လဲ ဒေါသထွက်နေတယ်။ ဟွန်း။

ချယ်ရီမြေကို လာလည်မယ်။ စက်ဘီးပန်းရောင်လေးကိုလည်း စီးမယ်။ အသုပ်တွေလည်းစားမယ်။

ပေါက်ရေ… ချယ်ရီပင်လေးတွေ လှလိုက်တာ… တုံးသွားပြီလား… ပေါက်မှီလိုက်တာ ကံကောင်းတာပေါ့… တို့ က ချယ်ရီတွေပွင့်တာ အပြင်မှာ မမြင်ဖူးဘူး…

လှလိုက်တာအေ.....
တို့မြို့မှာလည်း ချယ်ရီပင် တချို့ရှိတယ်...
သူများတွေကပြောတော့ အဲဒါ ချယ်ရီပင် အတုတဲ့..၊ရှမ်းပြည်က ချယ်ရီကမှ အစစ်တဲ့။
ပန်းချင်းတော့ တူသလိုပဲ...။


sin dan lar

မမီယာ..ကန်တော်ကြီးမှာ(မေမြို့)
မမရေ...ကြည်နှူးတယ်ဗျိုးး..
ဖုံးဖိလို့မရအောင်..
မယ်နိ...ပန်းရောင်စက်ဘီးလေးတဲ့..
မှတ်မိသားပဲ..
အသုပ်တွေလည်းကျွေးမယ်နော်..
မတန်ခူး..ကျနော်က ချယ်ရီတုံးခါနီးမှ
ရောက်တာ..
ချယ်ရီပင်မှာ အရွက်တွေပေါက်ပြီဆို..ပန်းတွေ
တုံးသလောက်ရှိနေပြီ..
ပန်းတွေချည်းဆို...တစ်ပင်လုံးပန်းရောင်ထနေတယ်..
အရွက်မရှိဘူး..
တအားလှတာ..
ဆင်ဆင်က ဘယ်မြို့ကလဲ..

ဟုတ်တယ် တို့လဲ မတန်ခူးလိုပဲ။ ချယ်ရီပွင့်တာ အပြင်မှာ မမြင်ဖူးဘူး။ မြင်ဖူးတဲ့ ချယ်ရီကျတော့လဲ မဟုတ်ပြန်ဘူး တဲ့။ စင်ကာပူမှာ မလေးရှားပိတောက်တွေကို မချစ်တတ်သလိုပေါ့။ တို့ မြေက ချယ်ရီကိုမှ ချယ်ရီထင်မိသလိုပဲ။