2/15/2009
မေမြို့ အလွမ်းစာလေးများ
ဒီ နို့ထမင်းသည်က ဒေါ်ညို တဲ့...
မေမြို့ဈေးကြီး အောက်က ပျံကျဈေးတန်းမှာရောင်းတာ..
လမ်းမဘေးဆိုတော့..
ဖုန်တထောင်းထောင်းနဲ့ပေါ့..
ငုတ်တုတ်လေးထိုင်စားရတာပျော်စရာကြီး..ဟီးဟိ
ပြန်တိုင်းစားဖြစ်တဲ့ နို့ထမင်းနဲ့ ဂျုံယိုပေါ့..
နို့ထမင်း...အုန်းသီးဖတ်ဖြူးထားတာ..
ငါးချဉ်စပ်ကင်..
အမေ့လက်ရာ..
တိုဟူးကြော်...(အိမ်က..)
ဈေးကြီး ကုန်းကြီးညဈေးတန်းက မုန့်ပေါင်းသည်..
ဒါက ပဲနဲ့ အငန်
ကျနော်က အချိုပိုကြိုက်တယ်..
ဒါကလည်း အမေငါးကင်...မကင်ခင်ရိုက်ထားတာ..
ဟော...ဒီက မုန့်လင်မယား...
ပူပူကြွတ်ကြွတ်လေး...
ဒီဆိုင်လေးက ကျနော်တို့ ငယ်ငယ်ကတည်းက စားခဲ့တဲ့ အသုတ်စုံဆိုင်လေး..
အုန်းထမင်း...ထမင်းချဉ်...လည်းရပါတယ်..
အရင်ကတော့ ဈေးကြီးထဲမှာပေါ့..
နောက် ...ယာယီဈေးမှာ..
အခုတော့...ရကွက်ထဲမှာ..
တစ်ပွဲမှ..၂၀၀ ထဲ..
အချိုတည်းစရာ..ဆနွင်းမကင်း လည်းစားလို့ရတယ်..
အများတောင်းဆိုချက်အရ...နို့ထမင်းနဲ့ ဂျုံယို ရောရာ တင်ပေးလိုက်ပါတယ်..
သာကူနဲနဲပါတယ်...
လုမစားကြနဲ့နော်..
17 comments:
  1. 15 Feb 09, 23:03
ုkom: စကော့ဈေးထဲမှာတေကြအသုပ်တပွဲ ၁၀၀၀ုဆိုလား ၁၅၀၀ ဆိုလား
    15 Feb 09, 23:03
ုkom: အသုပ်စုံ ကတော့လမ်းဘေး ရောက်လေ ပိုစားကောင်းလေ ဘဲုဆိုင်ကြီးတွေ မှာစား အရသာ မရှိ. တို့ဟူးသုပ် အထမ်းသည်ကလေးများဆို လွမ်းပါက့
    15 Feb 09, 23:02
ုkom: မုနှ်ုလသ်မလယယလဲ မိုက်တယ်။ စာရင်းယူသွားရမယ်။ ပေါက် စာရင်းကြီးဘဲ ရေးပေးပါ။ ရန်ကုန်ရောက်ရင်စားဘို့စာရင်း
    15 Feb 09, 23:01
ုkom: အမေ့ဆီ သွားလည်ပါရစေ
    15 Feb 09, 23:01
ုkom: ငါဟာ အငတ်ငတ်အပြတ်ပြတ်ဖြစ်နေတာ ကြာပြီဘဲ
    15 Feb 09, 23:01
ုkom: အနီးကပ် ရှူပြီးတဲ့အခါ မှာ ဂလုဖြစ်သွားတယ်
    15 Feb 09, 23:00
ုkom: မုန့်ပေါင်းလေးက မိုက်သကွယ်။ အနီကပ် ရှူစားသွားသည်
    15 Feb 09, 23:00
ုkom: တိုဟူးကြော် က Pesta ကျနေတာဘဲ
    15 Feb 09, 22:59
    kom: ငါးကင် မမြင်ဘူး
    15 Feb 09, 22:59
    kom: နိုထမင်းမှာ အုန်သီးဖြူါ်ထားတယ်လို့ပြောပါ
    15 Feb 09, 22:52
ုkom: မတက်သေးပါ
    15 Feb 09, 22:48
    kom: ပုံ အသစ် တက်မလာသေးပါ.ပြီးမှ တစ်ခါပြန်လာကြည့်မည်
    ReplyDelete
  2. 15 Feb 09, 22:59
    kom: ငါးကင် မမြင်ဘူးဘူး လို့ပြင်ဖတ်ပါ။
    ReplyDelete
  3. စားချင်စရာတွေ ချည်းပဲ။ :D
    ReplyDelete
  4. အသုပ်စုံရယ် မုန့်ပေါင်းရယ် အများကြီးစားချင်တယ်။ နို့ထမင်းကတော့ မကြိုက်လောက်ဘူး။ တို့ဟူးကြော်နဲ့ငါးကင်လည်းစားမယ်။
    ReplyDelete
  5. ဒေါ်ပေါက်ရယ် အပီအပြင် စားလာလိုက်တာ..
    သွားရည်ကျတယ်...တကယ်ကိုပဲ...
    ဓာတ်ပုံလေးတွေ စားရလည်း နည်းမှတ်လို့..
း)
    ReplyDelete
  6. ဂျုံယိုတော့ ကြိုက်တယ်... တို့ဟူးကြော်တွေက စားချင်စရာပဲနော်.. အများကြီးပဲ...။ မမကွန် ကော်မန့်တွေဖတ်ပြီး ရယ်လိုက်၇တာ..။ အမေ့ဆီသွားလည်ပါရစေ..တဲ့..ဟားဟား။
    ပေါက် တအားကို စားခဲ့တာပါလား။ ၀ိတ်တွေ တက်မလာဘူးလား..းဝ
    ReplyDelete
  7. ဂျုံယိုတော့ ကြိုက်တယ်... တို့ဟူးကြော်တွေက စားချင်စရာပဲနော်.. အများကြီးပဲ...။ မမကွန် ကော်မန့်တွေဖတ်ပြီး ရယ်လိုက်၇တာ..။ အမေ့ဆီသွားလည်ပါရစေ..တဲ့..ဟားဟား။
    ပေါက် တအားကို စားခဲ့တာပါလား။ ၀ိတ်တွေ တက်မလာဘူးလား..းဝ
    ReplyDelete
  8. မုန့်လင်မယားတော့ တို့အတွက် အထုပ်ကြီးကြီးနဲ့ တထုပ်လုပ်ပါအေ..
    ကြိုက်လွန်းလို့ပါ။
    ReplyDelete
  9. ပေါက်ရေ ငါးကင်နည်းလေးပြောပါဦး။ စိတ်ဝင်စားတယ်။ ဒီတခေါက် အိမ်ပြန်ရင် မေမြို့သွားလည်မယ် စိတ်ကူးတယ်။ ဂျုံယို ဆိုတာ မစားဖူးဘူး။ တို့ဖူးကြော် ကို အချဉ်ရည်လေးနဲ့ တို့စားရတာ ကြိုက်တယ်။ သွားရည်ကျစရာချည်းပဲ။
    ReplyDelete
  10. သူနော်............သိပ်နိပ်စက်နေပါလား
    mm
    ReplyDelete
  11. နို့ထမင်း၊ ဂျုံယို မစားဖူးသေးဘူးလေ...မြင်တောင်မမြင်ဖူးလို့ ကိုဧရာကိုမေးတော့ ဂျုံယိုဆိုတာ သာကူလိုပဲတဲ့...သူက သာကူမကြိုက် ဂျုံယိုပဲကြိုက်ပါတယ်တဲ့။
    ပေါက်အမေရဲ့ ငါးကင်နဲ့ မသီတာအမေရဲ့ ငါးရံဆန်လှော်ဟင်း လဲစားမယ်။ သဘောတူရင် လက်မှတ်ထိုး
    ReplyDelete
  12. ဒေါ်ကြီးပေါက်.. ရှိတာတွေ ဒါအကုန်ပဲလား??. ဂလု.. ဂလု.. :D
    ပေါက်ရေ.. မေမြို့အစားအစာတွေရယ်လို့ သီးသန့်တော့ မစားဖူးဘူး.. ပေါက်ပြောတဲ့ နို့ထမင်းနဲ့ ဂျုံယိုဆိုတာလည်း မစားဖူးဘူး.. အသုပ်စုံရယ် တိုဖူးကြော်ရယ် ငါးချဉ်စပ်ကင်ရယ်တော့ စားချင်တယ်.. ငါးချဉ်စပ်ကင်နည်းလေးပါ ပြောပြနော်... :)
    ReplyDelete
  13. မုန့်လင်မယားလုပ်တာ မိုက်တယ်နော်..။
    လက်ကို ခရော့စ် လုပ်ပြီးကြော်တာ။
    မသီတာရေ NTUC မှာ ဂျုံယိုလုပ်တဲ့ ဂျုံစေ့ရောင်းတာတွေ့တယ်။
    ယိုထိုးနည်းတော့ မသိဘူး...:P
    sin dan lar
    ReplyDelete
  14. ဖုန်ဘယ်လောက်ပဲ ထထ
    လမ်းဘေးမှာ ရောင်းတဲ့ မုန့်သရေဆို
    အကုန်စားဖြစ်တယ်
    ကောင်းရင် ဒုတိယအကြိမ် သွားစားဖြစ်တယ်။
    စားချင်တာရွေးစားသွားတယ်....
    ReplyDelete
  15. ဟုတ်ပါတယ်ဗျို့ ...ငါးကင်နည်းကင်နည်းလေးပြောပြပါ။ ကင်တော့ကင်တတ်တယ်..ပုံထဲကငါးကင်က ပိုမိုက်လို့။ အဲလိုလေး ကင်စားချင်လို့ပါ။
    ကြည်
    ReplyDelete
  16.ီစားချင်လာပြီနော် မော်နီတာကြီးကို ၀ါးမိတော့မယ်
    ReplyDelete
  17. မမ...သွားလည်ပါဆို..ပြောထားဖူးသားပဲ
    ZT..ဖြည်းဖြည်းစားနော်..
    မယ်နိ..နို့ထမင်း အတော်ကောင်း...
    စားကြည့်..အားရှိ..
    ကိုနိ...မယ်နိဆီက လုမစားပါနဲ့..
    မသီဂီ င်္ရေ...
    ၃ကီလို တက်လာခဲ့တယ်..
    မမလည်း...အဲ့တုန်းက လာလို့ရရင် ကောင်းမှာပဲ
    ကံမကုန်ရင်..နောက်တစ်ခေါက်ဆုံအုန်းမှာပါ
    မချိုသင်းအတွက်..မုန့်လင်မယားရော..မုန့်ရေပါးရော..
    မမီယာရေ...ငါးကင်နည်းကျနော်မသိဘူး
    စားရတာ..အတော်စပ်တယ်...
    မမီယာ ဘယ်အချိန်ပြန်ဖြစ်မလဲ...
    မွန်ရေ...ကြွားစရာ..ဒါလေးတွေပဲလေ..
    ဟိဟိ..
    မသီတာရေ...ကျနော်လည်းဂျုံယိုပဲကြိုက်တာ
    ဒါမယ့်..ဂျုံယိုထဲမှာ ထန်းလျက်ရည်ထည့်တာမကြိုက်ဘူး..
    အခုဂျုံယိုတွေက သာကူရောထားတယ်..
    မသီတာမားမားရဲ့ ငါးရံ့ဆန်လှော်ဟင်း
    ကြားတောင်မကြားဖူုးဘူး..
    တင်ပေးကြည့်နော်..
    လဲစားမယ်...
    နုရေ..
    ငါးကင်အစာ မသိဘူး..
    မားကိုမေးပေးမယ်နော်..
    စားစရာတွေရှိသေးတယ်..
    မုန့်ဆပ်တဖူးတို့....ထမင်းဝါတို့..ချောင်ဖိန်းတို့..
    ကုလားပဲသုတ်+ဒိန်ဘရာ တို့...မလိုင်မုန့်တို့..
    ဆင်ဆင်..ကိုဝင်းဇော်နိုင်...ကြည်..မမဆောင်း
    စားချင်တာ အ၀စားနော်..
    ReplyDelete