ရန်ကုန် အလွမ်းစာလေးများ


မုန့်လက်ဆောင်းက ရခိုင်မုန့်တီသုတ်ရှူးရှဲလေးစားပြီး သောက်လို့အကောင်းဆုံးပေါ့..
မုန့်လက်ဆောင်းကို ထန်းလျက်ရည်နဲ့ပဲကြိုက်ပါတယ်..။။


နာမည်ကြီး ရခိုင်မုန့်တီဆိုင်မှ အသုတ်
အိုးဒိန်ချဉ်...(ရောက်တိုင်း မစားမဖြစ် ဒိန်ချဉ်)

ဝေဇန္တရာလမ်းမှာနေတဲ့ သူငယ်ချင်းအိမ်အောက်မှာ လာရောင်းတဲ့ သာကူ တဲ့..
ရန်ကုန်က သာကူကို ဒီတခါစားဖူးတာ ပထမဆုံး...။။
မုန့်ကြာစေ့ တဲ့..အပေါ်ကနဲ့ မုန့်သည်တစ်ဦးတည်း..။။
ဒါလည်း ပထမဆုံး စားဖူးခြင်းပါ။။ ကြိုက်ပါတယ်။။
အုန်းနို့ကျောက်ကျော....သူငယ်ချင်းဈေးထဲက သွားဝယ်လာပေးတာ..၃၀၀ ကျပ်ပါတဲ့။။
တအားစားကောင်းတယ်။။

20 comments:

ဦးအောင် စားသွားတယ် အကုန်ကြိုက်တယ်
နိနိက - ရခိုင်မုန်တီစားချင်လို့ တံတွေးမျိုချပြီး အိပ်သွားပြီ

၁ ရအောင် အမြန်တင်တာ ဟင်း ဟင်း - ဘယ်သူ့အတွက်မှ မကျန်တော့ဘူး အကုန်စားသွားတာ..ကျန်လူများ ငေးရုံပဲ ငေးကြပါ

လာဝှိုက်သွားတယ် ရှယ်ပဲ ဗိုက်ကိုကားသွားတာပဲ .

တံတွေးအခါခါ မြိုချသွားပါတယ်... ဂလု ဂလု..
ဂလု...
မုန့်တီသုပ်စားချင်လိုက်တာ အဲ့လိုမစပ်တဲ့ အချိုသုပ်ဆို ငါးဖယ်ကြော်လေးနဲ့ နံနံပင်လေးဖြူးစားလိုက်ရ.. ဂလု...
မုန့်တွေလည်း အကြိုက်တွေချည်းပဲ..း(

အားလုံးစားချင်တယ်ပေါက်။။ စာရင်းမှတ်သွားမယ် ဘုတ်အုတ်နဲ့ ရန်ကုန်ပြန်ရင်စားမယ်။

ဘယ်ဆိုင်က မုန့်တီသုပ်လဲ ပေါက်ရေ..
ငယ်ငယ်တုန်းကတော့ မုန့်ကြာစိ ဆိုတာ အလုံး သေးသေးလေး တွေ လားလို့။ တို့လည်း မုန့်လက်ဆောင်း ကြိုက်တယ်။ ဒါနဲ့ မေမြို့ ပြန်တယ်ထင်လို့

ထမင်း အဝစားပြီးခါစ လာကြည့်မိတာ ကံကောင်းသွားပါတယ်။ လောလောဆယ် ဘာကိုမှ ထပ်မစားနိုင်တော့ပါ။ :D

မုန့်ကြာစေ့က လုံးလုံးသေးသေးတွေပဲ မြင်ဖူးတာ။
ရှည်ရှည်လေးတွေ အခုမှတွေ့ဖူးတယ်။
စားနော်..စား။ ၀လာမယ်
(မနာလိုသံနဲ့..ဖတ်ပါရန်)
mm

ပေါက်...စားဖို့ဟာတွေ မှတ်သွားတယ်...
မမကေအိုအမ်လိုပဲ

ဆောင်းတွင်းအေးအေး ကြီးမို့
ကြိုက်ပေမယ့်လည်း
အအေးတွေမသောက်ဖြစ်ပါဘူး။
ရခိုင်မုန့်တီတော့ စားဖြစ်တယ်။
ဖော်ပြပေးလို့ ကျေးဇူးပါ။

ပေါက်ရယ်.. စားပါ..စားပါ.. ပေါက်စားရတာ တို့တွေ ငတ်သလိုပါပဲ.. (၀မ်းနည်းသံနဲ့ဖတ်ပါ.. )

အခု ဓာတ်ပုံထဲက အစားတွေ အားလုံးကြိုက်တယ် ပေါက်ရေ... စာရင်းမှတ်ထားမယ်.. ရန်ကုန်ပြန်ရင် စားရန်ဆိုပြီး.. ဟွန်း.. :D

မုန့်ကြာစိ ကလွဲပြီး အားလုံးစားချင်တယ် ဂလု :)

ရခိုင်မုန့်တီသုတ်ရယ်၊ အိုးဒိန်ချဉ်ရယ်၊ သာကူရယ် သောက်သွား စားသွားတယ်။ သာကူကတော့ အကြိုက်ဆုံးပဲကွာ..(အားမလိုအားမရသံနဲ့ ဖတ်ရန်..)

ဟားဟား..ပေါက်ကတော့ နှိပ်စက်နေပြီကွာ..

တတ်နိုင်သူတွေ စားကြပါ... သောက်ကြပါ..

ပေါက်ရေ… ပြန်ရောက်ပြီပေါ့…
ဘာလို့ အမားရဲ့ ရှမ်းစာလေးတွေတော့ မတင်လဲ… သွားရည်ကျချင်လို့ …
သမီးလေးလဲပျော်နေမှာပေါ့…
ပေါက်က ဝေဇန္တရာလမ်းမှာ တည်းတာလား… တို့ တွေအိမ်နဲ့ နီးနီးလေး…
အိမ်အပြန်မုန့် တွေယူလာတာ ကျေးဇူး.. အ၀စားပစ်လိုက်ပြီ…

အားလုံးပဲ အားမနာပါနဲ့နော်..
ဝအောင်စားကြပါ..
လင်းစ်လည်း လာရောက်သုံးဆောင်နိုင်ပါတယ်နော်..
(ငှဲငှဲ)
၃၁ရက်နေ့ မနက် ၅း၃၀က အိမ်ကနေထွက်လာတာပါ..
နေ့လည် ၁၀နာရီကျော် ရန်ကုန်ကိုရောက်ပါတယ်..မမီယာ
မင်း...ရခိုင်မုန့်တီဆိုလား..
၃၁ကနေ...၃ရက်နေ့ထိ သူငယ်ချင်းအိမ်မှာ
၃ရက်နေ့ကနေ ၅ရက်နေ့ထိ တက္ကသိုယ်ရိပ်သာလမ်းသစ်က အမျိုးအိမ်မှာပါ..မတန်ခူး

မင်းလမ်းမုန့်တီစားးးးချင်တယ်။
ပေါက်ရေ အားလုံးကို ကျွေးတာပါနော်။ မနိစ်တို့ မထုံသင်းတို့ က အကြိုက်တူလို့  နာမည်ထည့်မိတာပါကွယ် ။ ၀မ်းမနည်းနဲ့ နော် အော်သာငိုလိုက်

မုန့်တီသုပ်လေးကို တွေ့ရတာ ၀မ်းသာဝမ်းနည်းကြီး ခံစားရတယ်။ စားချင်လိုက်တာ။ သူလေးကို ခုတလော တအားးး လွမ်းနေတာ။

စားချင်လွန်းလို့ ငိုတောင်ငိုချင်တယ်... အဟင့်
'လင်း' ရေ မင်းလမ်းမုန့်တီက ဆိုင်နေရာပြောင်းသွားပြီလို့ ကြားတယ်