အပြန်လမ်း...





၅ရက်နေ့ မနက် ၆နာရီလောက်နိုးနေတယ်..
လေယာဉ်က ၁၂း၃၅ မှဆိုပေမယ့်...စိတ်လောပြီး စောစောနိုးနေတယ်..
၈နာရီလောက်မှာ..မနေ့တစ်နေ့ကမှတွေ့ဖူးတဲ့ သူငယ်ချင်းလေး ထ.ထ လာတယ်
ပုန်းရည်ကြီးနဲ့ ချိတ်ထမီ ကို အပြေးလာပေးရှာတယ်...။။(ကျေးဇူး ထက်ထက်)
၉နာရီကျတော့ မသီတာရောက်လာပြီး နုတ်ဆက်စကားတွေပြောနေတယ်..။။
၁၀နာရီမှာ အိမ်ကထွက်တယ်..။။မောနင်းစတားမှာ ကြက်ဆီထမင်းဝင်ဝယ်ပြီး
(လေယာဉ်ပေါ်မှာ အစားအဆင်မပြေဖြစ်မှာစိုးလို့) လေဆိပ်သွားတယ်..။။
လေဆိပ်ထဲ စရောက်ကတည်းက ကိုယ့်စိတ်တွေ ဟိုးအောက်ဆုံးမှာ..။။
အိမ်ကို လွမ်းနေတယ်..။။
အိမ်သားတွေကိုလွမ်းနေတယ်..။။
သူငယ်ချင်းတွေ ကို မခွဲချင်ဘူး..။။
မေမြို့ကို လွမ်းတယ်..။။
ရန်ကုန်ကနေ အဝေးကို ထွက်မသွားချင်ဘူး..။။
အထူးသဖြင့် ရန်ကုန်မှာ ၆ရက်လုံး တူတူရှိနေတဲ့သူငယ်ချင်းကို သိပ်သတိရတာပဲ...။။
(သူ့ကို အဲ့လောက်ခင်တွယ်မှန်း အခုမှ သိတော့တယ်...မမီးကတော့ ရယ်ချင်နေမယ်။
စိတ်မပူပါနဲ့ မမီးကို အခင်တွယ်ဆုံး.ဆိုတာ..သူ့ကိုဝန်ခံဖူးတယ်)
လေယာဉ်ပေါ်တက်ခါနီး ငိုချင်သလိုလို..။။
တိမ်တွေ စီးနေတုန်း အောက်ကို ခုန်ချခဲ့ချင်တာ...အခါခါ..။။



8 comments:

ခုန်ချလိုက်တော့..ချစ်တော့ဘူး။ ကိုယ့်ကိုမှ မချစ်တာ..

သူကလည်းဇွတ်...

အိမ်ပြန်တိုင်း ငိုရတာပါပဲ ပေါက်ရေ... ဓါတ်ပုံလေးတွေ က အမြည်းပေးထားတာလား။

ပေါက်ကတော်ပါသေးတယ်.. အိမ်ပြန်လိုက်ရလို့ ခဏတော့ အလွမ်းပြေသွားမှာ.. တို့ကတော့ နောက်ထပ် ၂ လလောက် စောင့်ရဦးမယ်... ဓာတ်ပုံတွေ ကြည့်မိတော့ ပိုပြန်ချင်တယ် ပေါက်ရေ... :)

မမခင်ဦးမေ ပြောတာ ဟုတ်တယ်.. တို့တွေလည်း ပါဘူး.. :P

ပေါက် ခေါ်တော့ပါဘူးကွယ် အားငယ်သွားတယ် ဒို့ကိုမှမချစ်တော့တာ။

အားလုံးစိတ်မဆိုးကြပါနဲ့နော်..
ဟီးဟီ..
ဒီလိုနည်းနဲ့ သူတို့ကို ချွဲကြည့်တာပါ..

ပေါက်ရာ..မတွေ့လိုက်ရတာ နာတာပဲ..တကယ်ဆို...။

အပြန်ဆို အဲလိုပဲ..စိတ်က ကျန်ရစ်ခဲ့ပြီး လူကသာ... အင်း..ကိုယ်ချစ်တဲ့သူတွေ ကျန်ရစ်ခဲ့ရင်ပေါ့လေ..