ငါ့ရဲ့ လမင်း( နေမင်း)


ငါ့ရဲ့ လမင်း (ဆို- လေးဖြူ)

အရှုံးတွေထဲ ငါလဲပြိုရင်း
အတိတ်တို့ထဲ ငါပျောက်ဆုံးချိန်
မြင်နိုင်တယ် ငါ့အနာဂတ်တို့မှေးမှိန်
ငါဟာ ကျဆုံးချိန်
ငါ့ရဲ့ နံဘေးကို မင်းဝင်လာပြီး
လဲုပြိုကျသူ ငါ့ကိုထူပြီး
အဆီအငေါ် မတည့်တဲ့ ငါ့ရဲ့စကားတွေ
နင်ဟာ ခွင့်လွတ် သည်းခံရင်း


တန်ဖိုးများမရှိတော့ဘူးလို့ ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာ ငါတစ်ခါပြန်လည်ကာ အသက်ဝင်တောက်ပ
နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကို ဆယ်ရင်း
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လို ကပ်ရင်း
နင်ဟာ ငါ့အတွက်တော့...
နင်ဟာ ငါ့အတွက်တော့.....
ငွေလမင်း....


ငါ့အိပ်မက်တွေ ခြောက်ကပ်ရင်း
လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေ မရှိတော့ပါ...နင်ဖန်ဆင်းတဲ့ ငါ့ဘ၀မှာ
အားငယ်စိတ်တွေ မရှိဘူး
ဘ၀ရဲ့ ပန်းတိုင် ငါတွေ့ပြီ...
နင်ဟာ လမ်းပြတယ်..
နင်ဟာ ငါ့ရဲ့ နတ်သမီးး။။



ဒီသီချင်းကို ဒီနေ့မှ သေချာနားထောင်မိလို့..။။
တခြား အထူး ကိစ္စ မရှိပါကြောင်း...။။
ပုံတင်ချင်တာ ကိုယ်ရိုက်ထားတဲ့ပုံတွေထဲမှာ လမင်းပုံမရှိလို့
ရှိတဲ့ နေမင်း ပုံပဲ တင်လိုက်ရပါတယ်..
(ငါး မရှိလည်း ပုဇွန်ပေါ့..)

9 comments:

ပေါက်ထုံ ဆိုးတယ်..
လ မရှိလို့ နေ ပုံ တင်တယ် တဲ့။ ငါးပုဇွန် နဲ့ နှိုင်းစရာလားကွဲ့.. Hmmm...

ဟားဟား...
လမင်းပုံကို ကိုယ်ရိုက်ထားတာပဲတင်ချင်တာ..
စောကတောင်...အိမ်အပြင်ထွက်ကြည့်သေးတယ်..
လမင်းကိုများတွေ့ရမလားလို့..
ကြယ်လေး တစ်ပွင့်လား တွေ့မိတယ်..
ဆိုးပါတယ်လေ..
ဟီးးဟီ(သည်းခံပါနော်.လှထုံ.)
´`ငါးမရှိပုဇွန်က ´´ဒီနိုင်ငံက တင်စားပုံ
တိုက်ရိုက်မြန်မာပြန်လိုက်တယ်..ဟားဟား

ဟားဟား..ပေါက်ကတော့လေ.. အခု လကြီးက လှလိုက်တာ.. လပြည့်ကျော်စ ဆိုတော့..လင်းထိန်နေတာပဲ.. ရန်ကုန်မှာသာတဲ့ လပေါ့ကွယ်..

ငါးမရှိလို့ ပုဇွန်တဲ့ ပုဇွန်က ပိုတောင်ကောင်းသေး ဒါကြောင့် ငါ့ရဲ့လမင်းဆိုပြီး နေစောင်းချိန် လုပ်ထားပါလားလို့။ တမင်တင်စားထားတာလို့တောင် ထင်သေး ဟီးဟီး

ဘာလဲဝေ့ ငါးနဲ့ပုစွန်ဆိုတာ...

သြော်.. သနားစရာပေါက်စ်.....
သီချင်းတစ်ပုဒ်တင်ရင် ကိစ္စအထူးမရှိကြောင်း၊
တင်ချင်လို့တင်တာဖြစ်ကြောင်း ဖြေရှင်းနေရတယ်...ဟိဟိ

အယ် ဘယ်လိုလူကြီးလဲ ဆိုးလိုက်တာလွန်ပါရောလား။
ပေါက် အားကြီးဆိုးတယ။်
လူလည်ဆိုးနည်းပဲ။ ငါးနဲ့ပုဇွန်ကို သူက ငါးဖက်ကတောင် နစ်နာနေသလိုလုပ်ထားပါ့လား။
လုပ်ပါလေ အိမ်ပြန်ခါနီး စိတ်ချမ်းသာသလိုသာ လုပ်။

ပေါက်ကလဲကွယ်…
နောက်ဆို တို့ ဆီအီးမေးလ်ပို့ လိုက်…
လမင်းပုံလေးရှိတယ်…
အင်တာနက်ထဲက ရှာပေါ့…
ဒီပုံလေးလဲ လှပါတယ်… နေဖြစ်နေတာ တခုပဲ…
မုန့် ဟင်းခါးဆို ငါးနဲ့ မှ ကောင်းတာ… ပုဇွန်နဲ့ ဘယ်လိုမှ မကောင်းဘူးလေ…

link လဲမပါဘူး။