1/10/2009

မေမြို့(သို့)ပြင်ဦးလွင်...(၂)


ဒါလေးက အ၀င်ဝ အသစ်လေး..
ဟိုရှေးရှေးတုန်းက...
ဒီနေရာ ဘယ်ဟုတ်ပါ့မလဲ...
အရင်ကတော့ စက်ဘီးနဲ့ သွားတာများပါတယ်။။
အခုတော့.....
့ တိုးတက်လာပြီ မြင်းလှည်း(ရထားလုံး)နဲ့..


ဒီလမ်းလေးက အမြဲပန်းခင်းလေးတွေနဲ့ ..
ဝန်းရံနေကျ လမ်းလေးး
မဖြတ်မဖြစ် ဖြတ်လျှောက်မိတဲ့ လမ်းလေး...
အရင်က..ဒီလမ်းလေးဆုံးရင်..ညာဖက်မှာ အမြဲပိတ်ထားတတ်တဲ့သစ်ခွရုံရှိတယ်..
အခုတော့ သစ်ခွရုံအသစ်ကို ၀င်ကြေးနဲ့ ၀င်ရောက်လေ့လာနိင်ပါတယ်။။
ဘယ်တော့မှ မကြည့်ဖြစ်ပါဘူး။။( ဈေးကြီးလွန်းလို့..၅၀၀ကျပ် ထင်ပါတယ်)



ဒါကတော့ ချန်းချန်း လက်ရာပါ။။
သူက ပန်းလေးတွေ အနီးကပ်ရိုက်တတ်တယ်။။


ဒီနေရာလေးလည်း လှတယ်။။
ဓါတ်ပုံအလှ ရိုက်ချင်သူများအတွက်ပေါ့..။။


ဒါလေးကလည်း ချန်းချန်း လက်ရာပါပဲ။။


ထင်းရှူးတော...
အရင်ကဆို...ဒီထင်းရှူးတောမှာပဲ ကစားကြ..စားသောက်ကြနဲ့ပေါ့..။။
လွမ်းစရာ..။။

၂၀၀၈ ဖေဖော်ဝါရီလဆန်းရဲ့ ချယ်ရီအကြွင်း အကျန်လေးတွေ.....


ဒီရုံးကတော့ အရင်က ကန်တော်ကြီးရုံး(ထင်ပါတယ်)
အရင် ကန်တော်ကြီးသွားရင် ဒီရုံးရှေ့က ဖြတ်ရပါတယ်။။
အခုတော့ သူလည်း ကန်တော်ကြီး ထဲရောက်နေပါပြီ။။


အဆောက်အဦးရှေ့က ထင်းရှူးပြာပင်။။
ထင်းရှူးပြာ ရှားတယ်။။(ကျနော့အတွက်တော့)

ဒီပုံလေးက စိတ်ချမ်းသာစရာလေးမို့....

ပုံတွေကတော့ အများကြီးပဲ...
မတင်ဖြစ်တော့လို့..။။
ပဲ...
ဂျီး မများနဲ့တော့။။


အခုတလော ဘာဖြစ်နေလဲ မသိ..
အိမ်တော်တော် ပြန်ချင်နေတယ်..
နှစ်ကူးရောက်တော့မှာမို့ထင်ပါတယ်။။
စိတ်ကြည်လင်နေလို့လားမသိ....
ဇော်ဝင်းထွဋ်ရဲ့ သီချင်းဟောင်းကို
စိတ်ထဲကနေ ညည်းတွားသီဆိုနေမိတယ်..။။
´´ ငှက်ကလေးများတို့ရယ်...
မနက်ခင်း မိုးလင်းတိုင်းကွယ်...´`
ဆိုတတ်တဲ့သူများ ဆက်ဆိုကြပါလေ......။။



13 comments:

  1. ပေါက် ကြည့်သွားတယ်... ပထမဆုံးပဲ...
း)
    ဓာတ်ပုံဆိုတော့ ကြည့်ယုံပဲ ကြည့်သွားတယ်..
    အစားဆိုရင်တော့ နောက်လူအတွက် မကျန်အောင် ကုန်အောင် စားမလို့ပဲ..
း)

    ReplyDelete
  2. ကန်တော်ကြီးထဲရောက်ရင် အေးချမ်းသွားတာပဲနော်.. ပန်းတွေကလည်း အရောင်စုံဆိုတော့ စိတ်ချမ်းသာရတယ်။ စကားမစပ်..ပေါက်ရေ..တို့လည်း မေမြို့သူပဲ.. ဟိဟိ..ဘယ်နေရာမှမသိဘူး..မွေးပြီး ပေါက်စနလေးပဲနေခဲ့ရတာ.. ခဏလေးပဲ

    ReplyDelete
  3. အန်တီtgကမေမြို့သူလား.. မကြီးပေါက်ရောပဲလား.. မိုက်တယ်ကွာ.. သားကမေမြို့ကိုကြိုက်လွန်းလို့ ၂၀၀၈ ဧပြီ၊ မေ နှစ်လအတွင်း ၅ ခေါက်လောက် ရောက်အောင်သွားခဲ့တာ။ အမှတ်တရတွေအများကြီးပဲ (အထူးသဖြင့်.. .............. ဟဲဟဲဟဲ)
    ဓာတ်ပုံထဲက နေရာတွေအားလုံးမှာ သားရဲ့အမှတ်တရလေးတွေရှိခဲ့တယ်။ အရမ်းသွားချင်တာပဲမကြီးပေါက်ရာ။ မေမြို့ကိုလွမ်းလိုက်တာ..။

    ဟုတ်တယ် သစ်ခွပန်းရုံက၀င်ကြေး ၅၀၀။ မျှော်စင်က ရိုးရိုးတက်ရင် ၂၀၀။ ဓာတ်လှေခါးနဲ့တက်ရင် ၅၀၀။ ကန်တော်ကြီးဝင်ကြေးကပဲ ၁၀၀၀။ ကားကလွဲရင် ဆိုင်ကယ်၊ စက်ဘီးဝင်လို့မရဘူး။ ကားတောင်အခွန်ဆောင်ရတယ်ဗျ။ ကင်မရာယူရင်လည်း အခွန်ဆောင်ရသေး။ ၁၀၀၀ ပဲ။း(

    ReplyDelete
  4. ပေါက်ရေ ဒီတခေါက် ပြန်ဖြစ်ရင် မေမြို့ သွားလည်ရ မလား စဉ်းစားနေတယ်။ သူငယ်ချင်းတစ်ယောက်ဆို ပန်းတွေနဲ့ ဓါတ်ပုံရိုက်ဖို့ကို သက်သက်သွားတာ။ အပန်းပြေမယ်နော် ပန်းလေးတွေကြားထဲ လမ်းလျှောက်သွားရတာ။ တည်းခိုခန်း ကောင်းကောင်း ဘယ်မှာ ရှိလဲ နောက်မှ ပေါက်ကို မေးမယ်နော်။

    ReplyDelete
  5. မယ်နိရေ..
    ပန်းတွေကို စားချင်လည်း စားသွားပါလေ..
    မသိဂီ င်္ရေ..မေမြို့သူ ဟုတ်လား..
    ပြည်သူ့ဆေးရုံကြီးမှာမွေးတာလား..
    အဟီး..
    ကျနော့်ကို ဆေးရုံကြီးမှာမွေးတာ..
    မွေးပေးတဲ့ ကရင်ဆရာမကြီးကို အခုထိမှတ်မိသေးတယ်
    အိမ်အမြဲလာလည်လို့လေ..
    အန်ကြီးနော်..
    ဘယ်ချောင်ထဲမှာအိပ်နေတာလဲ..
    အခုမှသိလား..ငါ မေမြို့ကဆိုတာ...
    ဘုံး..ဘုံး..
    ၂ချက် နာနာလေးအုပ်လိုက်သည်..။။
    မမီယာ
    ဟိုတယ်တွေ တည်းခိုခန်းတွေ ဘယ်ဟာကောင်းလဲ
    ကျနော်တို့ မသိဘူး
    မကောင်းတာတော့ သိတယ်..
    မေးပေးထားပါ့မယ်နော်..

    ReplyDelete
  6. ဓါတ်ပုံရိုက်တာမှာ ချန်းချန်းက တို့ထက်တော်တယ်။
    အရမ်းလှတယ်ပေါက်ရေ...။မေမြို့ကို ၁ ခေါက်ထဲရောက်ဖူးတာ...ပေါက်တင်တဲ့နေရာတွေမှာ ဓါတ်ပုံရိုက်ဖူးတယ်။ အပေါ်ဆုံးပုံတော့ မမှတ်မိဘူး..

    ReplyDelete
  7. မယ်နိက ခုမှလာတာပါလေ ပေါက်ရေ။
    ဓါတ်ပုံတွေက အင်မတန်လှတယ်။
    မေမြို့မှာ အိမ်လေးတလုံးလိုချင်တယ်။
    ပေါက်အိမ်ပြန်ရင် ဓါတ်ပုံတွေ အများကြီးရိုက်ခဲ့အုံးနော်။
    အစားအသောက်တွေရော ရိုက်ယူခဲ့နော်။
    ပေါက်အိမ်ပြန်တုန်း တူတူပြန်ရရင်ကောင်းမယ်။

    ReplyDelete
  8. ပေါက်ရေ
    မေမြို့ကို လည်ရတာရော၊ နေရတာရော ပျော်ပါတယ်။ မေမြို့ကို ၂ခါ ရောက်ဖူးတယ်။ ဟန်းနီးမွန်းတုန်းကလဲ အဲဒီကို သွားခဲ့တယ်။ ပန်းတွေကြားထဲ ခေါင်းလေးပဲ စပ်ဖြဲဖြဲ ပေါ်နေတဲ့ ဓာတ်ပုံ ရိုက်ဖူးတယ်။ အမှတ်တရတွေ ပေါ့။ မေမြို့မှာ ရထားလုံး စီးရတာတော့ အပျော်ဆုံးပဲ။

    ReplyDelete
  9. မပေါက် အခွင့်ကြုံရင်လာလည်မယ်နော် မသိဘူးမပြောပါနဲ့ မေမြို့ကိုသဘောကျတယ်

    ReplyDelete
  10. တိုးတက်လာတယ်။ ပေါက် .. အိမ်ပြန်ချင်တဲ့စိတ်များလာတာတိုးတက်လာတာပဲ .. ဟို ကန်တော်ကြိးစောင်းမှာ ထိုင်ငေးချင်နေပြန်ပြီလား ဟဲဟဲ လာလည်သွားတယ် ဒီ ပိုစ်လေး ကောင်းတယ် . မင်းအေးချမ်းပါစေ။

    ReplyDelete
  11. ပေါက်ရေ.. ချန်းချန်းလက်ရာပုံတွေက တကယ်လှတာပဲ.. မရောက်ဖူးတဲ့သူဆိုတော့ ဓာတ်ပုံတွေ ကြည့်ရင်း သွားချင်တဲ့စိတ်ကို အာသာဖြေရတယ်.. ပေါက် ပြန်ဖို့ ပြင်ဆင်နေပြီလား.. နှစ်ကူးက ၂၆ ရက်နေ့ဆို.. :)

    ReplyDelete
  12. ဆင်ဆင်ရေ...
    အပေါ်ဆုံးကပုံက မြင်းလှည်းနဲ့သွားမှဝင်ရတဲ့
    ဂိတ်ပါ..
    ဧည့်သည် အ၀င်နည်းတယ်..ဒီဂိတ်ကနေ..
    မယ်နိရေ..
    စိတ်ကူးနဲ့လိုက်ခဲ့လိုက်တော့..
    အခွင့်ကြုံရင်..မ9လေးနဲ့ တွေ့ဦးမယ်..
    ကိုနိကိုပြောပြလိုက်ပါ..
    မချိုသင်း
    နောက်တခါကရော..ဘယ်တုန်းကလဲ..
    ပန်းတွေကြားကပုံတင်ပေးကြည့်ပါ့လားး
    မေမိုး..
    စောကပဲလိုက်ခဲ့လို့ခေါ်ထားတယ်နော်..
    သူ့ဟာသူမလိုက်တာကို..
    ကဖြိုး..ငါအေးချမ်းလွန်းလို့ နှာစေးနေတယ်
    နုရေ..
    သင်္ကြန်ပြန်ဖြစ်ရင်သွားလည်လေ..

    ReplyDelete
  13. ပေါက်ရဲ့ ပုံတွေကအရမ်လှတယ်။
    မေမြို့ ရှိတဲ့ပွဲတွေလဲမနွှဲရတာကြာပြီဗျာ

    ReplyDelete