စိတ်ကူး


ငယ်တုန်းက ဖန်ခုန်တမ်းကစားရင်....
ပထမ ရချင်ခဲ့တယ်..(ဒါပေမယ့် ဘယ်တုန်းကမှ မရခဲ့ပါဘူးလေ)
အထက်တန်းရောက်တော့...
မယ်နိ တို့တက်တဲ့ကျောင်းကို စိတ်ကူးယဉ်ခဲ့သေးတယ်.။။
(တကယ်တော့ ကိုယ့်နဲ့ အဝေးကြီး)
နောက်တော့ ...
ကိုယ့်မြို့လေးကို ထားပြီး ထွက်ပြေးချင်နေတယ်။။
(တကယ်လည်း ထားခဲ့တာပါပဲ)
အခုတော့လည်း....
ကိုယ့်မြို့လေးမှာ ပြန်ပြီး အေးအေးချမ်းချမ်း နေမယ်ဆိုတဲ့
စိတ်ကူးလေး ခဏ ခဏ ယဉ်နေမိတယ်။။
နောက်တစ်ခုက..
အိမ်တစ်လုံး....
ခမ်းနားစရာမလိုတဲ့...
ရိုးစင်းတဲ့အိမ်လေး တစ်လုံးပေါ့။။


(အန်ကြီးရေ...
နင်မေးတာနဲ့ ထပ်တူကျအောင်လိုက်ဖြေဖို့ အတော်စဉ်းစားလိုက်ရတယ်
တက်ဂ်တွေ ရေးရတာ တော်တော် ခက်ခဲတာပဲ..
ချန်းချန်းစိတ်ကူးထဲက အိမ်ပုံလေး တင်လိုက်ပါတယ်။။
သူဟိုတလောက ဆွဲထားတာပါ။။)


11 comments:

မဖြစ်ခဲ့တာတွေက ထားခဲ့တော့
မယ်ပေါက် - ဖြစ်လိုတာတွေ ဖြစ်ရပါစေ..

ချန်းချန်းရဲ့ အိမ်လေးက ဂီတသံတွေ ဖုံးလို့ပါလား။ မားမားရဲ. ဂီတသံစဉ်တွေ ထင်ရဲ့။ ပေါက်ရေ.. စိတ်ကူးနဲ့ လက်တွေ. ထပ်တူကျတဲ့အခါလည်း ရှိလာမှာပါ။ တခါတလေတော့လဲ စိတ်ကူးတိုင်း ဖြစ်လာပေမယ့် ပျော်ချင်မှ ပျော်ရတာပါ။ ပေါက်နဲ့ ချန်းချန်းလေးရဲ့ ပျော်ရမယ့် စိတ်ကူးတွေ လက်တွေ.ဖြစ်လာပါစေ..

ချန်းချန်းဆွဲတဲ့ ပုံလေး အိမ်က ဖြစ်ကတတ်ဆန်း ညီအစ်ကို ကိုပြရဦးမယ်။

ချန်းချန်း ဆွဲအိမ်လေး ကချစ်စရာလေး

ပေါက်.. ချန်းချန်းက ပုံဆွဲထားတာ တော်တယ်.. ပေါက်ရေ.. တို့တွေလည်း ဒီလိုပါပဲဟယ်..လုပ်ချင်တာ ဖြစ်ချင်တာတွေ ရှိတယ်.. ရခဲ့တာတွေ ဖြစ်ခဲ့တာတွေ ရှိသလို မဖြစ်ခဲ့တာတွေလည်း ရှိခဲ့တယ်.. ဒါပေမယ့် စိတ်ကူးအိပ်မက်ကတော့ လူတိုင်းမှာ ရှိသင့်တာပေါ့.. ဖြစ်လာတာ မဖြစ်လာတာ နောက်တပိုင်းပေါ့.. ပေါက်လိုပဲ တို့လည်း အေးအေးချမ်းချမ်း နေရာလေးမှာ အိမ်လေး တလုံးလောက် လိုချင်တယ်.. အသက်ကြီးရင်နေဖို့.. မေမိုးလေးလည်း အဲဒီလို ပြောဖူးသလိုပဲ.. အိမ်နီးနားချင်းလုပ်ရအောင်လေ နော်.. မကောင်းဘူးလား.. :D

အသက်ကြီးရင် ပေါက်တို့အိမ်ကိုလာလည်မယ်....

မကြီးပေါက်ရေ.. ခမ်းနားမှုမပါပေမယ့် နွေးထွေးပြီးငြိမ်းချမ်းစေမယ့် အိမ်လေးတစ်လုံး အမြန်ရနိုင်ပါစေနော်.. ဆုတောင်းပါတယ်.. ချန်းချန်းက တယ်ဟုတ်ပါလား။ ဆွဲထားတာ ချစ်စရာလေး။း)

ပန်းသီးတလူံနဲ့စာတစ်အုပ်ထည့်လိုက်ချင်သေးတယ်။ ပေါက်။

အပင်ကိုက ပန်းသီးပင်ပဲဟာကို
ပန်းသီးတစ်လုံး လိုအပ်သေးလို့လား..
ဟားဟ
(ချန်း ပြောတာပါ..ပန်းသီးပင်လို့..ဆိုတာ)

လှတဲ့ အနာဂတ်က အရှေ့မှာ ရှိနေပြီလေ။ ချန်းချန်းရဲ့ အိမ်လေးက နိမိတ်ကောင်းလေး။ တောင်ကြီး ဖ၀ါးအောက် တဲ့ပေါက်ရေ။ တနေ့တော့ မျှော်မှန်းထားတာတွေ ဖြစ်လာရမှာပေါ့။

ချန်းချန်းအိမ်လေးက ချစ်စရာလေး။
ပေါက်နေချင်တဲ့မြို့လေးမှာ နေရတဲ့အချိန် ရောက်လာအုံးမှာပါ။
ရိုးရှင်းတဲ့အိမ်လေးက ပိုချစ်စရာကောင်းမှာ။