1/04/2009

မေမြို့(သို့)ပြင်ဦးလွင်...(၁)

မြူရယ်..
နှင်းရယ်..
ငါရယ်...

ကန်တော်ကြီးလမ်း မြို့ပတ်လမ်း ဆုံလေး

ဒီလိုကျတော့လည်း လွမ်းစရာလေး
ဒီပုံလေးကတော့ ကန်တော်လေးကို မျက်နှာမမူပဲ..
မြို့ဖက်ကို မျက်နှာမူတဲ့ဖက်...
ပုံပါတဲ့အိမ်က နေ့ကြာစေ့ ထုပ်တဲ့အိမ်(နာမည်မသိပါ..မေ့နေပါတယ်)
နေကြာစေ့ တော်တော်မြတ်တယ်နဲ့တူပါတယ်..
တိုက်ကြီး အကြီးကြီးပဲ..(ဟားဟ)

ဒါက ကန်တော်လေးမှာ မြူနှင်းတွေကို ထိုင်ငိုင်ကြည့်ပြီး..
ကန်တော်ကြီးဖက်လမ်းဘေးက ရွှေကိန်နရီ ဆိုတဲ့ နာမည်မကြီးတဲ့
လက်ဖက်ရည်ဆိုင်လေးမှာ ကော်ဖီ ၂ခွက် (သို့)၃ခွက် ကို အီကြာကွေးနဲ့ စားပါတယ်..
မြန်မာက ကော်ဖီခွက်တွေ တစ်နေ့တစ်ခြားသေးသေးလာတယ်..


ကန်တော်လေး မနက်ခင်းလေး
ငိုင်လို့အကောင်းဆုံးနေရာလေးပေါ့...
ထိုင်ပြီး နေရောင်ထိုးဖောက်လာတာကို စောင့်ရင်း....




15 comments:

  1. လှတယ်။လွမ်းစရာလေး။ ငိုခဲ့သေးလား။

    ReplyDelete
  2. ပေါက်ရေ.. လွမ်းစရာလေးနော်.. တို့တော့ တစ်ခေါက်လောက် ရောက်ဖူးချင်တယ်.. မေမြို့မှာဆိုရင် ပွေးကောက်ရေတံခွန်နဲ့ ပန်းခြံ (နာမည်မေ့နေတယ် ပေါက်.. :P) ကိုတော့ ရုပ်ရှင်ထဲ ခဏခဏ မြင်ဖူးတယ်.. :) ရာသီဥတု အေးလို့ ပန်းတွေ လန်းဆန်းနေတာ သဘောကျမိတယ်.. ၁ ဆိုတော့ ၂ တွေ ၃ တွေ စောင့်နေမယ် ပေါက်ရေ.. :)

    ReplyDelete
  3. အင်း ဒေါ်ပေါက် လွမ်းနေတယ်ပေါ့လေ...

    ReplyDelete
  4. မနက် ၈ နာရီခွဲ ဓာတ်ပုံ ထရိုက်နိုင်တယ် ဆိုတော့ အတော် ဝိရိယ ကောင်းတာပဲ။ ကျွန်တော်သာဆို အဲဒီလို ရာသီဥတုမျိုးမှာ အိပ်ရာထဲမှာ ကွေးလို့ ကောင်းတုန်းရှိဦးမှာ။

    ReplyDelete
  5. မမရေ..
    ငိုပါဘူး..
    နုရေ...ပွေးကောက်ရေတံခွန်..ကန်တော်ကြီး
    ပိတ်ချင်းမြှောင်..တရုတ်ဘုံကျောင်း..ဓါတ်တော်ချိုင့်
    အကုန်ရောက်အောင်သွားနော်..
    ကိုနိ မေမြို့ကိုလွမ်းတာပေါ့..(ငှဲငှဲ.)
    လွီုင်လင်..
    မနက်ရနာရီ အိမ်ကနေ ၆နာရီ ၆ခွဲလောက်ထွက်တာ..
    ၈ခွဲဖြစ်နေတာက ဒီက အချိန်မပြောင်းမိလို့
    ဒီက၈ခွဲဆိုတော့ မြန်မာက ရနာရီလေ..

    ReplyDelete
  6. မေမြို့ကို ၁ ခေါက်ပဲ ရောက်ဖူးတယ်...
    ၁ ခေါက်ဆို ၊ ဆိုသလောက် အရမ်းပျော်ခဲ့တယ်။
    ထပ်ရောက်ချင်သေးတယ်။
    ၁ နှစ်ခွဲလောက် တစ်ခန်းထဲ တူတူနေခဲ့ရတဲ့ မေမြို့သူလေးက "တောင်လှေခါးမြို့တော် " သီချင်းနေ့တိုင်းဆိုလို့လည်း
    မြို့လေးကို ပိုရင်းနှီးနေတယ်...
    *** ပန်းနုရောင်စက်ဘီးကလေးနဲ့
    လက်ဖက်ရည်ဆိုင်လေးကို အကြာကြီးကြည့်သွားတယ်

    ReplyDelete
  7. ပေါက် ၂ ခွက် ၃ ခွက်တဲ့ မလွန်ဘူးလား ဟင်။
    ဓါတ်ပုံလေးတွေက လွမ်းစရာလေးတွေနော်။
    မနက်ခင်းမှာ စက်ဘီးလေးစီးရင်း အေးအေးချမ်းချမ်းလေးနဲ့ ကြည်နူးစရာနေမယ်။
    သူအစားပုပ်တာကို ဆိုင်ကခွက် သေးလာတယ်ဆိုသေးတယ်။

    ReplyDelete
  8. ထီးလှိုင်ကျတော့ မပါပါ့လား။

    ReplyDelete
  9. စင်စင်..ရော့ ..ယူလိုက်နော်..
    ပန်းနုရောင်လေးကို..
    ကျုပ်တို့လို...
    rocker လိုလို..
    rapperလိုလို..
    လူတွေက အနုအရွတွေနဲ့ မထိုက်တန်ပါဘူး..
    မယ်နိ..မြန်မာက ကော်ဖီခွက်တွေ တကယ်သေးတာ
    ၃ခွက်လဲ မ၀ဘူး..(သူများရီမှာစိုးလို့သာ)
    လင်းစ်..
    ထီးလှိုင်က သထိန်းတွေမှသွားနိုင်တာ..
    ကိုယ့်ဘတ်ဂျက် ကိုယ်သိ..
    ဆိုတော့..ဈေးပေါတဲ့ဆိုင်လေးတွေပဲ ထိုင်နိုင်ပါတယ်...
    (အမှန်က အခုသွားတဲ့လက်ဖက်ရည်ဆိုင်က
    အလယ်တန်း အထက်တန်းကျောင်းသူဘ၀ကတည်းက
    သွားတတ်တဲ့နေရာလေး..
    မြို့ထဲကလူမရှိဘူး..အနီးအနားရွာကလူတွေများပါတယ်
    ဆိုင်ရှင် အကိုကြီးတွေ အမကြီးတွေနဲ့လည်းခင်နေတာနဲ့..
    ပြန်တိုင်းသွားဖြစ်တဲ့နေရာလေး..
    ကျုပ်တို့အဖွဲ့ကိုလည်းကောင်းကောင်းသိတဲ့ဆိုင်လေးပေါ့

    ReplyDelete
  10. ပေါက်....
    မန္တလေးမှာ ခဏတာနေခဲ့ ပေမယ့် မေမြို့ ကို မသွားခဲ့ ရဘူး....
    တော်တော်ရောက်ဘူးချင်တာ....နောက်မှ..။
    ဓါတ်ပုံတွေတော့ သိမ်းထားလိုက်ပြီ...
    ကြည့်ရတာလွမ်းစရာကောင်းနေတယ်...
    ပေါက် ကင်မရာမဲန်လုပ်လို့ ရနေပြီ...
    ရေမျှောထားတဲ့ရေဆေးပန်းချီ ကားလေးတွေလိုဘဲဗျ...
    ရွှင်လန်းချမ်းမြေ့ပါစေ

    ReplyDelete
  11. မေမြို့က လှတယ်နော်.. မေမြို့သူတွေကလည်း လှတယ်..မေမြို့ရောက်တုန်း ကလေးတွေကို ဟိုတယ်မှာ မေမေနဲ့ထားခြဲ့ပီး နှစ်ယောက်သား နှင်းတွေကြားလမ်းလျှောက်တာကို လွမ်းမိသေးတော့..။

    ReplyDelete
  12. ပုံတွေက ဘာကို ရိုက်ချင်တာလဲ မသိဘူး။ အိမ်နှစ်လုံးကြားထဲကို ရိုက်ထားတော့ ဟိုဖက်အိမ်ကို ကြည့်ရမှာလား။ ဒီဖက်အိမ်ကို ကြည့်ရမှာလား။ ဟို လမ်းပေါ်က round about ကျတော့လည်း ဘာကိုမှ သေချာမမြင်ရဘူး။ ဒီတစ်ခါပြန်ရင် ကောင်းကောင်းရိုက်ခဲ့ပါ။ ဟို ပါရမီလမ်းကြားထဲက ပါကောင်တာ ဆိုင်ရယ်၊ ဈေးအောက်က ကောက်ညင်းပေါင်းသယ်တွေရယ်၊ နာမည်ကြီး ပွဲရုံရယ်၊ နာရီစင်ရယ်၊ ဈေးထဲမှာတွေရယ် အကုန်သာ လျှောက်ရိုက်ခဲ့။ လက်မတုန်စေနဲ့နော်။

    ReplyDelete
  13. ဂန္ဒမာမြိုင်ဟိုတယ်ရှေ့က အ၀ိုင်းက ရူးလို့ လုပ်ထားတာ။ အဲဒီနားက ခနခန တိုက်တဲ့ဟာကို။ ဟိုမြို့ပတ်လမ်းက ဆင်းလာတဲ့ ရထားလုံးနဲ့ ဒီဖက်က ဆိုင်ကယ်နဲ့ တိုက်တာတွေ အများကြီး။ ပြီးတော့ အဲဒီနားက လမ်းလေးခွ တည့်တည့်ဆုံ မဟုတ်ဘူး။ ၆ခွလောက်ကို စောင်းပြီး ဆုံနေတာ။

    ReplyDelete
  14. ပဲ..နော်..
    ဂဂျီဂဂျောင်လာမများနဲ့..
    တိုက်နှစ်လုံးကြားကမြူတွေကိုရိုက်တာပေါ့ဟဲ့..
    ရိုက်ချက်က ကမ်းကုန်တယ်မှတ်လား..
    ကိုဆူးကတောင် အမှတ်တွေပေးနေတာကြည့်တော့..ငှဲငှဲ
    ပရော်ဖက်ရှင်နယ်လ်မှမဟုတ်တာ..
    ငါ့မှာကင်မရာရှိတာတောင်ကံကောင်း..
    ပါရမီကြားက ပါကောင်တာ ဆိုင်ဆိုလို့
    စဉ်းစားလိုက်ရတာအမော...၃ခါမြှောက်ဖတ်အပြီးမှာ
    အဖြေကို သိရတယ်..
    ငါ့သယ်ရင်း စီးရီးတို့အိမ်ဘေးကဆိုင်ကိုပြောတာကိုးး..
    ဈေးအောက်က ကောက်ညှင်းပေါင်းဆိုင်က
    ပြီးခဲ့တဲ့နှစ်ငါပြန်တော့ အလကားကျွေးလိုက်တယ်..သိလား ပဲ..
    ဆိုတော့ ၁ခေါက်ပဲသွားရဲတယ်..
    အပြောကြမ်းတဲ့ ပွဲရုံလား...
    နင်က ပုံမြင်ချင်သေးတာလားး
    ပွဲရုံပိုင်ရှင်ကြီးသိရင်တော့ ပြုံးဖြဲဖြဲနဲ့
    နင့်ကို အော်ဆဲတော့မယ်(မြင်ယောင်သေးတယ်)
    နင့်ရဲ့ ဒုတိယ ကော်မန့်အတွက်
    အဖြေကတော့..........
    ငါ စည်ပင်သာယာရုံး ကမဟုတ်..

    ReplyDelete
  15. အိမ်ကိုလွမ်းနေလား။ တို့လည်း မေမြို့ သွားလည်ချင်တယ်။

    ReplyDelete