အာလူးခရမ်းချဉ်ကြော်..





အာလူးကို ဘယ်လိုလုပ်စားကြလဲတော့မသိဘူး။။
ကျနော်တို့ရွာမှာတော့ အခုလို လုပ်စားဖြစ်တာ များပါတယ်။။
ဒီဟင်းကို အဖိုး နဲ့ အဖေ ကြိုက်ကတ်ပါတယ်။။ အမြဲလိုလိုလည်း
ချက်စားဖြစ်တဲ့ ဟင်းလေးပေါ့။။
ကျနော့ညီမလေး ဒီဟင်းကို သတိရပြီး ချက်စားချင်စိတ် ရှိအောင်
တင်ပေး လိုက်ပါတယ်။။( အားလုံးစားလို့ ရတယ်နော် ..မနေ့ကလိုဖြစ်မှာ
စိုးလို့....အဟင့်)

၁ ) အာလူးအလတ်စား ၂လုံး ကို အခွံခွာပြီး
ထက်ခြမ်းခြမ်း ပါးပါးပြန်စိပ်ထားပေးပါ။။
ကြက်သွန်ဖြူ နှစ်ဥလောက် ဓါးပြားရိုက်ပြီး စိတ်ထားပေးပါ။။

၂ ) ခရမ်းချဉ်သီးတစ်လုံးကို စိတ်ထားပါ ။။

၃) ငြုပ်သီးခြောက် ၃..၄..တောင့်ကို အစေ့ဖယ်ထားပါ။။
ငြုပ်သီးခြောက်ကို ကျွမ်းအောင်ကြော်ထားပါ။။


ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ၁) ကိုထည့်ကြော်ပါ
၁မိနစ်လောက် မွှေပေးပါ ။။ဆားအနည်းငယ်ထည့် ။
ရေကို အာလူးမြုပ်လောက်ထိ ထည့်ပေးပါ။။ အိုးဖုံးပိတ်ထားပေးပါ။။
မကြာခဏ အိုးဖုံးဖွင့် မွှေပေးပါ။။ ၅မိနစ် မှ...ရမိနစ်ထိ ဖုံးထားပါ။။
အာလူးကျက်လောက်ရင် ပန်းကန်ပြားထဲမှာ ဆယ်ထားပါ။။
ဒယ်အိုးကို ဆေးပြီး ဆီထည့် စိတ်ထားတဲ့ ခရမ်းချဉ်ကို ကြော်ပေးပါ။။
ခရမ်းချဉ်သီးမကြေ တကြေလောက်ဖြစ်ရင် ကြော်ပြီးသား အာလူးကို
ထည့်ပါ။။ ရေနည်းနည်း ထပ်ထည့်ပါ။။ ကြာညို့အငန်(အကြည်) နဲ့ ဆား
နည်းနည်း ထည့်ပါ။။ ၂မိနစ်လောက်ဆို ကျက်ပါပြီ။။ ကြော်ပြီးသား
ငြုပ်သီးခြောက်နဲ့ ကြက်သွန်မြိတ် ပါးပါးစိတ် ဖြူးပြီး မွှေပေးပါ။။
သုံးဆောင်နိုင်ပါပြီ။။



ပဲ...ဆူးကျီး(酥雞) မလုပ်ဖြစ်သေးဘူး အဲ့ဒါလုပ်ရတာ ရှုပ်လို့
ဒီဟင်းပဲ အရင် ချက်စားနော်။။





8 comments:

ဦးအောင် စားတယ်
ဘာမှ မကြည့်ဘူး
နောက်ကျမှာစိုးလို့
ပြီးမှာ ဖတ်မယ်
ကိုဇနိ

ပေါက်ရေ ရက်စက်လိုက်တာ။
ဓါတ်ပုံက မနည်းပြူးပြဲကြည့်နေရတယ်။
စားမှာစိုးလို့ မှုန်ထားတာလား ဟင်။
ဟား ဟား ကိုနိတို့ကတော့ ဘာကျွေးမှန်းမကြည့်ဘဲ ဦးအောင်တီးတာတဲ့။
နိနိကတော့ ပေါက်လို ချက်ဘူး။
ခရမ်းချဉ်အာလူးအတူရော လှိမ့်ချက်လိုက်တာ။
ပေါက်နည်းကိုလည်း မှတ်ထားလိုက်ပီ။

တူတို့နှစ်ယောက် တယ်လည်းဟုတ်နေကြပါလားကွယ်ရို့။
ကောင်းလေသတည်း။ အန်ကြီးလာစားပါတယ်။ အာလူးဆို ဘာလုပ်လုပ်ကြိုက်ပြီးသား။း)

အလဲ့..မဆိုးပါလား။

အင်း.. အာလူး အာလူး၊ ခရမ်းချဉ်သီး ခရမ်းချဉ်သီး၊ ငရုတ်သီးခြောက်.. ငရုတ်သီးခြောက်..။
ဂေါက်သွားပြီ မထင်နဲ့ ပေါက်။
မှတ်နေတာ မှတ်နေတာ။ တတွတ်တွတ်ရွတ်ပြီး ပြန်သွားပြီ။

အဟီး.. ချက်စားကြည့်ဦးမယ်... ဘယ်တော့ ချက်ဖြစ်မလဲတော့ သိသေးဘူးရယ်.. ပေါက်ရေ.. ခရစ်စမတ် နားရလား.. တို့တော့ ရုံးကနေ ဘလော့လည်နေတာ.. မန်နေဂျာ အလစ် အဟီး.. :D
Merry Christmas!!

ပေါက်စ် တခါမှမစားဘူးဘူး။ မပျင်းတဲ့အခါ လုပ်ကြည့်မယ်။ ဟိုဒင်း အာလူးထောင်းချဉ်ရည်ရော ချက်တတ်လား။ တတ်ရင် နည်းလေး လုပ်ပါအုန်း။
ပြီးတော့ အာလူးထောင်း

KFC ကြက်ကြော်ဆိုင်က အာလူးပေါင်းပေါ်မှာ ဘာရည်တွေ ဆမ်းထားလဲမသိ၊ အဲဒါမျိုးလည်း လုပ်ပါဗျိုးး