နိနိ မေမိုး မမ အမ်အမ် လင်းစ် ထုံ မသိဂီ င်္နဲ့ ဘလော့ညီအမများအတွက်...




နိနိရေ...
ဖြစ်သလို ပေါင်းလိုက်တယ်..
နောက်ရက်အားမှ သေချာ ပြန်တင်ပေးပါ့မယ်...
အခုတော့ ဂတိခံထားလို့ တင်နိုင်အောင် ကမန်းကတမ်း ပေါင်းလိုက်တာ..
၁ ) ပုံပါအတိုင်း မှိုခြောက်( မှိုခြောက်ပန်းခြောက်မဟုတ်ပါ) ကို ရေနွေးနဲ့
နာရီဝက်စိမ် ပေးပါ။

၂) ကြက်ဥလေးလုံးကို ဆာားအနည်းငယ်ထည့်ပြီး ခလောက်ထားပါ။။

၃) အမဲသားကြိတ်သား(သို့) ကြက်ရင်အုပ်သား နုတ်နုတ်စင်းကို ကြက်ဥထဲထည့်ပါ။။

ရေစိမ်ပြီးသား မှိုပွင့်ကို နုတ်နုတ်စင်းပြီး ကြက်ဥထဲ ထည့်ပါ။။ နှမ်းဆီမွှေး နှစ်စက်
သုံးစက် ခန့်ထည့်ပါ။။ နှမ်းဆီမွှေး မရှိရင် ရိုးရိုးဆီထည့်နိုင်ပါတယ်။။
ကြက်သွန်မြိတ်တစ်ပင်လောက် ပါးပါးစိတ်ပြီး ဖြူးပါ။။

ဒယ်အိုးထဲမှာ ရေ ၃ပုံ ၁ပုံထည့်ပြီး ဆူအောင်တည်ပါ။။ ရေဆူရင် ကြက်ဥပန်းကန်ထည့်ပြီး
အဖုံးအုပ်ထားပေးပါ ။။ မီးကတော့ မသေး မကြီး ထားထားပေးပါ။။
မိနစ် ၂၀ လောက် အိုးဖုံးဖွင့်ပြီး ပုံပါအတိုင်း တူကို ကြက်ဥပေါင်းထဲ ထိုးစိုက်ကြည့်ပါ။။
တူမလဲရင် ကြက်ဥပေါင်းကျက်ပါပြီ ။။ တူအလွယ်တကူလဲရင် ကြက်ဥအတွင်းသား
မကျက်သေးလို့ပါ။။

နောက်ရက်အားရင် ထပ်လုပ်ပြီး ပုံပြန်တင်ပေးပါ့မယ် ။။

မှတ်ချက် ။။ ။။ ညီအမတွေ မကုန်ရင် ကျန်တဲ့ ညီအကိုတွေကို ကျွေးလိုက်ကြပါနော်။။
သနားပါတယ် ။။

16 comments:

အဲ သာမီးလဲ ကြက်ဥပေါင်းကြိုက်ပါတယ် ဆို မမနိနိအတွက်ပဲတဲ့ ဟွန့်ဝမ်းနည်းသွားပြီ အကုန်စားတွားပြီ ဝမ်းနည်းလွန်းလို့ :P

နိနိအတွက်ဆို နိနိအကုန်ယူသွားမှာနော်။
ဒီနည်းက တမျိုးပါ့လား။
ပေါက်ရေ ဒီနေ့ ဂျုံပြားဝယ်ခဲ့ပြီသိလား။
ဖက်ထုပ်အရည်ပျော်လုပ်စားမယ်။
ပေါက်ကိုလည်း ကျွေးမယ်နော်။

ပေါက်စ် ချစ်လိုက်တာ ။ အဲဒါလုပ်စားချင်နေတာလေ မလုပ်တတ်လို့ အိမ်ကိုတောင် ဖုန်းဆက်မေးမလို့ စဉ်းစားနေတာ။ ကြက်သားပေါင်းလေးနဲ့  ချဉ်ပေါင်ချဉ်ရည်ဟင်းလေးနဲ့ စားချင်လို့ . ကျေးဇူးးးးး

ညီအစ်မများအတွက်လို့ ခေါင်းစဉ်တပ်လိုက်တော့လည်း အန်ကြီးတို့ငတ်ပေါ့။း(

ရွေရင်အေးလို့ထင်လို့.(ကိုယ်စားချင်တာပြောသွားသည်)

ခုတလော ဒီဂျီးဒေါ် သူပြောသလိုတကယ်များဂေါက်သွားလေရော့သလား။
းP ကြားသွားမှဟုတ်ပေ့။

အမ်အမ်ဆိုတာခုမှတွေ့လို့ပြန်လာတားD
အာဘွား။

ပေါက်ရေ.. လာစားသွားပါတယ်.. အတော်ပဲ.. ဘာစားရရင်ကောင်းမလဲ စဉ်းစားနေတာ..ဒီညီမတွေနဲ့ ပေါင်းမိတော့လည်း အစားအသောက်ဘက် စိတ်ဝင်စားလာပြီ...။ နေကောင်းသွားပြီလား ပေါက်..

နည်းနည်းလေး ကျွေးတာ မလောက်လို့၊
များများကြီး ကျွေးပါအုံးလို့...
mm

စားမှာပဲ..၀ါးမှာပဲ

ခေါ်လဲ လာစားမှာဘဲ...
နာမည်မပါလဲ လာစားမှာဘဲ...

နာ့နာမည်မပါဘူး.. ဒါပေမယ့်
စားမှာပဲ.. စားမှာပဲ..နာ့ကိုလာမတားနဲ့

သူများလည်း ပါဘူး.. ဒါပေမယ့် ပေါက်ရဲ့ ကြက်ဥပေါင်းကို လာကြည့်ပြီး ငမ်းသွားတယ်.. (ဘလော့ညီအမများလို့ ဆိုထားတဲ့အတွက် ကိုယ်လည်း ပါတယ်လို့ ယူဆပြီး လာစားပါတယ် ပေါက်ရေ.. အဟီး.. ငတ်မရှက်လေ.. :D)

ပေါက်ကြီး လုံး ၀ မတရားဘူး .. မင်းနဲ့ ငါ နဲ့ တွေ့ ကြပြီပေါ့ကွာ .. ကေကြီးနဲ့ တိုင်မယ် . ဒါပဲ

မနေ့ညက နောက်နေလို့..
ခေါင်းစဉ်ကို အခုလို ကလိလိုက်တာပါ..
ဆောတီးနော်..
မသီတာ..မသက်ဝေ..စန်ဒါလင်း
နု...ဟီးဟီး...
ဘလော့ဂ်ဂါညီအမတွေလို့ပြောထားသားပဲ..
(ကဖြိုးကလဲ ..ညီးလဲပါတယ်လေအေ..)
အားလုံးအတွက်ပါနော်...

ကြက်ဥ သိပ်ကြိုက်တဲ့သူကို ကြက်ဥပေါင်း မကျွေးဘူး တဲ့။
ငိုပြီး ပြန်သွားပြီ။
တောက်..တောက်..တောက်
(သွားရည်ရော မျက်ရည်ပါ ရောကျသံ..)

ထုံ = မချိုသင်းလေ..
မချိုသင်းထုံရဲ့.....
ထုံချိုင်းနဲ့ဘာတော်လဲ မသိ..
ဟီးဟိ