12/07/2008
အမြင်ကပ်ဖွယ်ကောင်းသော........
လင်းစ်က တက်ဂ်လာတယ်..
ကိုယ့်ကိုယ်ကို မုန်းတဲ့ အချက်(၁၀) ချက်တဲ့...
ကိုယ့်ကိုယ်ကို မုန်းသလား..မမုန်းသလားတော့ မသိဘူး
ပြုပြင်သင့်တယ်လို့တော့ ထင်တာ အမှန်ပဲ...
ထင်ပဲ ထင်တာနော်.....ပြင်မယ်လို့ မပြောရဲသေးဘူး။။
၁) မျက်နှာထား တင်းမာတာ...ကိုနိ ရှစ်ခေါက်ချိုးထက်ဆိုးတယ်။
ကိုယ့်ကိုစတွေ့တွေ့ချင်း ဘယ်သူကမှ အဖက်မလုပ်ချင်ဘူး။။
(ကိုယ့်ရင်ထဲကတော့ နွေးထွေးတဲ့မေတ္တာတွေနဲ့ အပြည့်နဲ့သူပါ..)
၂)ဒေါသကြီးလွယ်တာ ..
၃)ဒေါသပြေလွယ်တာ (ဒေါသကြီးတာ ၃မိနစ်တောင်မခံဘူးထင်တယ်)
၎)အညိုးမထားနိုင်တာ (လူတစ်ယောက်ကို စိတ်ဆိုးပြီးရင် အညိုး
ကြာကြာမထားနိုင်ပါဘူး..ပျော့ညံ့လိုက်တာနော်)
၅)မိသားစုထက် အလုပ်ကို တွယ်တာလွန်းတာ...
(ချန်းချန်းက ဆန္ဒပြနေကျ..)
၆)အပြင်ပန်းကကြည့်ရင်မာသလိုနဲ့
အတွင်းစိတ် ပျော့ညံ့လွန်းတာ...
၇) အိမ်အလုပ် မလုပ်ချင်တာ...
၈) ဆတ်ဆတ်ထိမခံတာ (အခုတော့ ဥပေက္ခာပြုသင့်တာ ပြုနေပါပြီ)
၉)...........................
(ချောမောလှပ လွန်းတာ......ကဲ..မမေးမိရင်အကောင်းသားလို့
ကိုယ့်နဖူးကိုယ်ရိုက်နေကြပြီမဟုတ်လား)
၁၀) ဘလော့စွဲလွန်းတာ...
)စိတ်မြန်တာ...
)စိတ်မရှည်တာ....
)အားနာတတ်တာ..
အမှန်ကထပ်ရေးရရင် အချက်တွေအတော်များများကျန်သေးတယ်..
လင်းစ်က ၁၀ချက်ပဲတောင်းဆိုတော့...ဒီလောက်နဲ့ပဲ ကျနော့ကို
အမြင်ကပ်ကြတော့ပေါ့....နော်...(နော်...ဆိုတာ နွဲ့ကြည့်တာ)
စကားပြော ယောင်္ကျားဆန်ပြီး မာလွန်းတော့ တစ်ချို့က ကိုယ့်ကို
ကိုပေါက် တဲ့.။။
14 comments:
  1. သူများချစ်အောင် မျက်နှာထားလေးပြင်ပါ. မပြုံးတောင် မတင်းပါနဲ့ ဈေးရောင်းမကောင်းဘဲနေမယ်
    ဒေါသကြီးတာလဲလျှော့ပါလေ. ကောင်းမှမကောင်းဘဲ.
    ဒေါသပြေလွယ်တာလဲမကောင်းဘု အချော့မခံရဘူးပေါ့
    အညိုးမထားတာတော့ကောင်းတယ်။ အားပေးတယ်။ဆက်လုပ်စိတ်အေးချမ်းတယ်
    ချန်းချန်းကို ဂရုစိုက်ပါ. မစိုက်နိုင်ရင် ဒီဘက်ကို ပို့လိုက်ပါ။
    စိတ်ပျော့တာမကောင်းပါဘူး။ ခဏခဏဝမ်းနည်းရတယ်
    အိမ်အလုပ်မလုပ်ချင်တာလဲ မကောင်းဘုး ။
    ကိုပေါက်ရေ. မငိုပါနဲ့ကွယ်။
    ReplyDelete
  2. မမရေ...
    မကောင်းတာချည်းပဲ..
    စိတ်မြန်တာလည်းပါတယ်..
    ဘာကိုမှ ဘာကိစ္စအတွက်နဲ့မှမစောင့်နိုင်ဘူး
    ဟီးးဟိ
    စိတ်မရှည်တာပေါ့နော်..
    ReplyDelete
  3. ကိုပေါက်ရေ နံပါတ်၉ ကဘာလို့  ....... ဖြစ်နေတာလဲ? အဲဒါလေး ပြောပြရင် အမြင်မကပ်ဘူး။ ချစ်စရာ ကောင်းသော အကျင့်လေးများလို့ ပြောင်းသတ်မှတ်မယ်လေ။
    ကျေးဇူးအထူးတင်ရှိပါကြောင်း
    ReplyDelete
  4. အော်..ကိုပေါက်က မျက်နှာထား တင်းတယ်လား။ မမ စီဘောက်စ်မှာတွေ.တာတော့ ပြုံးပြုံးလေးပါပဲ။
    နံပါတ် ၉ က ကွက်လပ်ဖြစ်နေတယ်။ အဲဒီနေရာက တမင်ချန်ထားပေးရတာလား။ ဘယ်နှယ့် တစ်တွေ နှစ်တွေ တစ်ဆယ်တွေ မချန်ပဲ ကိုးမှ ချန်ထားရတာပါလိမ့်.. တွေးသွားပါတယ်။
    မပူနဲ့ပေါက်ရေ... ပြင်နိုင်ရင်ကောင်း၊ မပြင်နိုင်လည်း အဖော်ရှိတယ်နော်.. ဟဲဟဲ
    ReplyDelete
  5. နံပါတ် ၉ က ဘာလဲဗျို့...
    သားသားကိုတိုးတိုးလာပြောပါ..။
    ReplyDelete
  6. ဟင်းနော်.. သူနော်....
    တူပြန်ပြီလား..
    :P
    ReplyDelete
  7. ကိုမပေါက်
    မဆိုးပါဘူးေ်..
    စိတ်တူကိုယ်တူတွေဆိုတော့ ပေါင်းသင်းလို့ ရတာပေါ့
    နော်....
    ကိုမပေါက်
    ReplyDelete
  8. မျက်နှာက ၁၆ ခေါက်ချိုးလား...အင်....
    အားလုံးသိချင်တဲ့ နံပါတ် ၉ ..ဘာလို့ချန်ခဲ့တာလဲ..
    မပြောပြရင် ထင်ချင်တာထင်လိုက်မှာနော် (ခြိမ်းခြောက်ခြင်း) :P:P:P
    ReplyDelete
  9. ကိုယ့်နဖူးကို ကိုယ် ၁၀ခါလောက် ရိုက်လိုက်တယ် ကိုပေါက်ရေ..
    ReplyDelete
  10. မျက်နှာထားလည်း မတင်းဘဲနဲ့။ ဟင်း ဟင်း သဘောကောင်းတာ အသိသာလိုက်ကြီး။
    မုန်းစရာအချက်တွေ မဟုတ်ပါဘူး။ ကိုပေါက်လို့လည်း မခေါ်ချင်ပါဘူး။ အတင်းယောက်ျားလေးဆန်မနေပါနဲ့။
    ReplyDelete
  11. ပေါက်ကြီး ဘာကိုပေါက် ချင်နေတာလဲ။ မဆိုးပါဘူး ငါ့သယ်ချင်း တိုးတက်လာတယ်..ညကျမှပဲ ရစ်တော့မယ် ဟိဟိ။မျက်နှာသာရှစ်ခေါက်ချိုးတာ ဈေးလာဝယ်တဲ့လူဆိုရင်တော့ရွှင်ပြုံးလို့ဆို ဟုတ်စ။
    ဒေါသကြီးလွယ်တယ်ပြေလွယ်တယ်ဆိုပဲစမ်းကြည့်ဦးမှ.
    ဒီတခါ တော့ ချန်းကို အပီထောင်ပေးဦးမယ် ဟီးဟီး
    ဒါဖြစ်သင့်တယ် ချန်းမှန်တယ် လို့ .. နောက်မှဆက်ဆွေးနွေးမယ် .. ဗိုက်ဆာလာလို့
    ReplyDelete
  12. လင်းစ်ရေ...မေးမိတာမှားပြီဟုတ်..
    မသိဂီ င်္ရေ..တူတူတင်းကြတာပေါ့..နော့
    မောင်အန်ကြီးလည်း..နောင်တတွေရနေပြီ..
    မွန်ရေ..ဘာတူတာလဲ..
    ခင်မောင်တိုး..မွန်းအောင်ကြိုက်တာပဲတူတာပါ
    ဟောဒီမှာဗျိုး..
    ကိုသစ်နက်ဆူးစာလုံးပေါင်းမှားတယ်
    “မဆိုးပါဘူးေ် ”
    နောက်တာနော်..ကိုသစ်နက်ဆူး
    စန်ဒါလင်း...
    ထင်ရာတွေ မမြင်ရ..
    “စိတ်ညစ်တဲ့အခိုက်မှာ..လူတိုင်းဟာ
    ထင်ရာတွေမြင်ကြတယ်”
    လှထုံ...ဖြေးဖြေးရိုက်နော်..
    နိနိ..ပျားရည်ငုံပြီးပြောနေသလားထင်ရတယ်
    ကြိုက်တယ်ဟေး
    ကိုဖြိုး...
    နေရာတကာ..ငါ စွဲထားလို့မဖြစ်သေး..
    ချန်းအတွက်တော့မပူနဲ့..
    မမကေအိုအမ်က သူ့ဆီပို့လိုက်တဲ့...
    ဒီ..စကားတစ်ခွန်းပဲစောင့်နေတာ..
    ReplyDelete
  13. ပေါက်ကို မမြင်ဖူးပေမယ့် ခင်ဖို့ကောင်းတယ် စိတ်ရင်းကောင်းမယ် ဆိုတာ သိပါတယ်။ ဒေါသလည်းလျော့နော်.. ချန်းချန်းကိုလည်း ပစ်မထားနဲ့။ ကျန်တာတွေကတော့ မမခင်ဦးမေ ပြောသလိုပါပဲ.. အဟီး..:D အခုဓာတ်ပုံက ပေါက်ရဲ့ ပုံဟုတ်.. ဘာလုပ်နေတာလဲဟင်.. ခေါင်းလည်း မမော့ဘူးတော့.. :P
    ReplyDelete
  14. ဟင့်အင်း နတ်သမီးတော့ မထင်ဘူး...
    မမကို နုညံ့တဲ့နေရာတစ်ခုတွေ့လိုက်ရလို့...
    မမရဲ့ နှလုံးသား...
    ReplyDelete