မန်ကျည်းသီးငပိချက်နဲ့ ပဲဟင်းဆူးပုပ်ခပ်(တ်)






မန်ကျည်းသီးစိမ်းလေး ၀ယ်ထားတာကြာပေါ့။။
မချက်တတ်တာရယ် မအားတာရယ်နဲ့ပေါင်းပြီး ရေခဲသေတ္တာထဲ
ပစ်ထားလိုက်တာ ။။ မေမြို့အိမ်မှာ တစ်နှစ်နေလို့ တစ်ခါလောက်ပဲ ချက်စားဖြစ်တာ
ထင်တာပဲ ။။ မနေ့ညက ကိုယ့်ညီမလေးနဲ့ ဖုန်းပြောဖြစ်ရင်း ပြောနေကြသေးတယ်။။
အိမ်မှာ သိပ်ချက်မစားဖြစ်တဲ့အကြောင်း ။ ညီအစ်မ နှစ်ယောက်လုံးလည်း မီးဖိုချောင်
မ၀င်ဖြစ်တဲ့အကြောင်း ။(ဟားဟား ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေတာလေ..)

မသက်ဝေနဲ့ နိနိတို့ပြောတဲ့အတိုင်း ကြက်သွန်နီအရင်ကြော်ပါတယ်။ ပြီးရင်
ကြက်သွန်ဖြူနုပ်နုပ်စင်းထည့်ပါတယ် ။။ ငပိ(မျှင်ငပိဆိုတာမသိလို့ ငပိပဲထည့်ပါတယ်)
ထည့် ။ ပုဇွန်ခြောက် ရေစိမ် ကြိတ်ထားတာထည့်ပါတယ် ။ ငြုပ်သီးအစိမ်းကြိတ်ထားတာရော
ငြုပ်သီးမှုန့်ပါ ထည့်ကြော်ပါတယ် ။ ပြီးတော့ မန်ကျည်းသီးစိမ်း မညက်တညက်ကြိတ်ပြီးသား
ထည့်ပါတယ် ။။ ရခါနီး နံနံပင်နဲ့ ငြုပ်သီးစိမ်း အုပ်ပါတယ်။။
(နံနံပင်ထည့်ရလား မသိပါဘူး)

မြည်းကြည့်ပါတယ် ။။
တော်တော် ချဉ်ပါတယ် ။အဟီး
မန်ကျည်းသီးစိမ်းများပြီး အစာနည်းနေလို့ လို့ ကောက်ချက်ချပါတယ်။။
ကြက်သွန်နီ ကြက်သွန်ဖြူ ပုဇွန်ခြောက် ကို ပုံပါအတိုင်း နောက်တစ်ဆ ထပ်ကြော်ပါတယ်။။
ပြီးတော့ ကြော်ပြီးသား မန်ကျည်းသီးငပိကြော်ကို ပေါင်းကြော်လိုက်ပါတယ်။။
ဒီကပဲဝါ တစ်မျိုးကို ဟင်းရည်ချက်ပြီး ဆူးပုပ်ခပ်လိုက်ပါတယ်။။
ငါးကြော်ကတော့ ရုပ်ဆိုးလွန်းလို့ မရိုက်ထားမိဘူး။။

အိုကေသွားပါပြီ။။
ကြက်သွန်နီ သိပ်မညက်သေးတာကလွှဲလို့ပေါ့။။
မသက်ဝေ နဲ့ နိနိရေ ...
မြည်းကြည့်ပါဦး။။

မှတ်ချက် ။။ ။။ ဟင်းချိုမှုန့် မကြိုက်လို့ ထည့်မကြော်ပါဘူး ။။
မြန်မာဟင်းတွေချက်ဖြစ်ပေမယ့် မတင်ရဲဘူး ။


15 comments:

အရမ်းစားကောင်းပါတယ် ပေါက်ရေ...
သိပ်လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်လေးပါ...
အိမ်ဖို့  နဲနဲ ပါဆယ်ယူသွားတယ်နော်...

*** မျှင်ငပိ ဆိုတာ ပေါက်ပြောတဲ့ ငပိနဲ့  တူတူဘဲလို့  ထင်ပါတယ်။ တချို့ ကလဲ စိမ်းစား ငပိလို့  ခေါ်ကြတယ်လေ...။

မန်းကျည်းသီးစိမ်း ငပိချက်ကို ပါဆယ်ပါယူသွားတယ်။ ပဲဟင်းဆူးပတ်ခပ်တော့ ဆူးပုတ်မကြိုက်လို့  စားသွားဘူး

ပေါက်ရေ တံတွေးမျိုချနေရတယ်။ ထမင်းလည်းဆာနေတာ။ တကယ်စားချင်နေတာ။ အစိမ်းထုပ်မြင်ကတည်းက ဘယ်လိုစားချင်မှန်းမသိ ဖြစ်နေတာ။ ချဉ်တာက ငါးပိနည်းလို့နေမယ် ပေါက်။ ချဉ်ချဉ်လေးပဲကောင်းပါတယ်။ ထမင်းမြိန်တာပေါ့။ ပုံလေးကလည်း စားချင်စရာလေ။ တကယ်မစားရတော့ ဘယ်လိုလုပ်ရပါ့။ ဆူးပုပ်ပဲဟင်းလည်း သိပ်ကြိုက်တယ်။ မစားရတာ ကြာချေပြီ။
နိနိ

မန်ကျည်းသီးချက် ဆူပုပ် လိုက်ပနော် သွားရည်သုတ်ပြီးပြန်သွားပါတယ် :D

တယ်ကောင်းပါလား ပေါက်ရဲ.။ တို.အကြိုက်ဆုံးဟင်းဆို ခရမ်းချဉ်သီး ငပိချက်ပဲ..ခုလည်း ပေါက် ပုံတွေတွေ.တာနဲ. သွားရည်ကျချင်လာပြီနော်..

ဟင်းစပ်ကောင်းတယ်ဝေး....
မတင်လိုက်တဲ့ ငါးကြော်နဲ့ဆို ပိုကောင်း

စားချင်တယ်း) အမေ မအားလို့ မချက်ကျွေးရသေးဘူး ငမ်းသွားတယ် အခုတော့ ။

kom: ငါးကြော်လည်းမရှက်နဲ့ ဘာဖြစ်လဲ.
5 Dec 08, 18:17
kom: ကောင်တယ်အေ့ ရှယ်ဘဲ ဒါကြိုက်တယ် . တကယ်မိုက်တယ်။

ပေါက်ကြီး နင့်ဟင်း ရမ်းကောင်းသကွာ မြန်မာဟင်းတွေလဲ တင်လေး စား ချင်လို့ပါ နော့် . . မကြောက်ပါနဲ့ ဒီထဲ မယ် ဝေ ဖန် မဲ့ လူ ဆိုလို့ ကျုပ်ပဲ ရှိတယ် ဟိဟိ.

အားလုံးပဲ ဖြေးဖြေးစားကြပါနော်..
ငါးကြော်နောက်ကိုရိုက်ပြပါ့မယ်
မမရေ..

ဟင်းတွေက ကောင်းလှချည်လား။ နောက်ကျလို့ သူများတွေ စားသွားကြပြီ ဟင့်။ အားကျလိုက်တာ ချက်စားဦးမယ်။ ရှလွတ်း)

ပေါက်ရေ.. မန်ကျည်းသီးငပိချက်မြင်လိုက်ရတာ သွားရည်တောင် ကျတယ်.. စားချင်တယ်.. ဂလု.. :D ပေါက်က ဟင်းချက်ကောင်းမယ့်ပုံပဲ.. ပုံတွေကြည့်ရတာ တကယ်စားကောင်းမယ့်ပုံ.. :)

အဟီး.. မကျည်းသီးစိမ်းငပိချက်.. အနော့်အကြိုက်ပေါ့.. စားသွားတယ် (ထမင်းဖြူပဲလိုတာ)း)

ဟင့်ဟင့်ဟင့် စားချင်လိုက်တာ တကယ်.
ဝါ၀ါ က ပဲကြီးဆူးပုတ်ဟင်း အရမ်းကြိုက်တာပဲ။
ချက်ထားတာတွေ အားလုံးကြိုက်တယ်..တကယ်.ဂလု
ဖြစ်သွားတယ်လေ. ဟီးး

ဘာ.. ညီအစ်မ နှစ်ယောက်လုံး..!! :td: :td: :td: ပြောတော့ ယောက်ျားလေးတဲ့.. သူ့ကိုယ်သူ..။ :td: :td: :td:

Ici