K T V



ဒီည................
သူငယ်ချင်းတစ်ယောက် စိတ်ညစ်။ စိတ်ကျ။ စိတ်မကောင်း။စိတ်မပျော်
ဖြစ်နေလို့ KTV လိုက်ပို့ပေးလိုက်ပါတယ်။။
ကိုယ် ဖြစ်ရင်လည်း ဒီသူငယ်ချင်းက ဒီလိုပဲ ကိုယ့်ကိုပျော်အောင် လုပ်ပေးခဲ့တတ်
သူပဲလေ။။
တလျှောက်လုံး ငြိမ်သက် သည်းခံခဲ့သမျှ ဒီKTVမှာပဲ ပေါက်ကွဲနိုင်တော့တယ်။။
သူငယ်ချင်းရေ...
အရာရာအဆင်ပြေပါစေ...
ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ...
ဖြစ်နေတာတွေကို လက်ခံလိုက်ပါ။။

KTVကို ဒီညမတိုင်ခင်နောက်ဆုံးသွားခဲ့တဲ့အခေါက်က သြဂုတ်လတုန်းက။။
အဲဒီတစ်ခေါက်က ကျွန်တော်စိတ်ညစ်လို့...။။
အင်း...ငယ်တုန်းက(အထူးသဖြင့်ကိုယ့်မြို့လေးမှာနေတုန်းက)KTVကိုပျော်လို့သွားကြတာ..
နှစ်ပတ်တစ်ခါ ။ဒါမှမဟုတ် တစ်လတစ်ခါလောက် ။။သွားဖို့ချိန်းတော့လည်းပျော်ပျော်ပဲ
KTV(အဲဒီတုန်းကတော့ ကာရာအိုကေပေါ့)ထဲမှာတုန်းကလည်းပျော်ပျော်ပဲ။အလွမ်းအဆွေး
သီချင်းတွေဆိုနေဦးတော့ ခပ်ပျော်ပျော်ပဲ။။
တကယ်တော့...
KTV ဆိုတဲ့ဦးတည်ချက်ချင်းတူပေမယ့် သွားတဲ့ခံစားချက်တွေမတူပါဘူး။။

(အိပ်မပျော်လို့ အတွေးထဲမှာရှိနေတာလေးတွေ ထပ်ဖြည့်လိုက်တာ..)
ကလေးပါတယ် ကဖြိုးရ..
အစားနဲ့ ရေနွေးပဲမှာလို့ရတယ်..
သြဂုတ် တုန်းကသွားတုန်းကယစ်ပြီးနင့်ဆီဆက်မိသေးတယ်လေ..အဟီးး


10 comments:

အဆင်ပြေပါစေဗျို့ -
း)

စိတ်ဖြေရာပေါ့...ထောက်ခံပါတယ်...

ကိုနိရေ..
သယ်ရင်းနဲ့ဒီနေ့တွေ့တယ်..ပြေသွားပြီ..
စန်ဒါလင်း...ကျွန်တော်တို့တွေ့ရင်လည်း
စိတ်ညစ်တာအကြောင်းပြပြီး သွားအော်ကြတာပေါ့။
ဟီးး

အမရဲ့စီဘောက်မှာ စာရေးရင် လင့်လေးထားခဲ့ပေးနော် စီဘောက် တပ်ပေးပါလား။ မပေါက်က ရှမ်းလူမျိုးလားဟင်။ ၀က်သားချဉ်၊ ရှမ်းထမင်းချဉ်၊ ဟင်းထုတ်၊ စသဖြင့်ရေးပြပေးနော်.နော်. နော်.

လာလည်တယ်ဗျိုးးးး
စီဘောက်စ် မတွေ့လို့ ဒီလာအော်တာ...
စီဘောက်စ် တကယ်မရှိတာပါနော်..နမော်နမဲ့နိုင်လွန်းလို့ refresh လုပ်၊ နောက်တစ်ခါ ထပ်ကြည့်ပြီးမှ လာရေးတာ
:))

ဘယ်မှာလည်း ပဲထမင်း ...............ကာရာအိုကေကြီး။
ငါးမရ ရေချိုးပြန်ကွာ သီချင်းဆိုသွားမယ်။ အို....ALAN GREENSPAN ။။ ALAN GREENSPAN ... ALAN GREENSPAN
..

စန်ဒါလင်းရေ...
ဒီနေ့ဘာလုပ်စားဖြစ်လဲ...
အစ်မ...
အိမ်မှာတကယ်လုပ်စားတာ..
ပို့စ်မတင်ဖြစ်တာပါ..
မယုံရင်..
ပုံတင်ပြမယ်

KTV က တရုတ်စာတွေလား (မဟုတ်ရင် ရွှီးတယ်မှတ်နော်.. :P) ဒီမှာတော့ KTV သွားရင် ဆိုစရာ သီချင်းက ရှားတယ် ပေါက်ရေ.. မြန်မာလို အော်ဟစ်ပစ်လိုက်ချင်တာ.. အခုတော့.. :(

အဟီးး
နုရေ..တရုတ်စာတွေ မှန်ပါတယ်တော်..
အမှန်ကိုဝန်ခံရရင်...မြန်မာသီချင်းအသေကြိုက်ပြီး
ကေတီဗွီကို မြန်မာလိုမဆိုဖူးသေးဘူး...

ကေတီဗွီ မှာ ရေ နွေးအိုးနဲ့လား ကီးမကိုက်ပါဘူ ပေါက်ကြီးရာ