စိတ်ပြေလက်ပျောက်...




ဒီနေ့ တခြားမြို့တစ်မြို့ကို သွားဖြစ်ပါတယ်။။
အဲ့ဒီမြို့လေးမှာ မြန်မာပြည်ကလူတွေများသလို ထိုင်းတွေလည်း
ရှိပါတယ် ။။ အဲ့ဒီမြို့လေးကိုသွားဖြစ်တိုင်း ထိုင်းတွေရောင်းတဲ့ ဆူးပုပ်
မကျည်းသီးစိမ်း ငှက်ပျောပေါင်း(ဒီနေ့အဲ့ဆိုင်ပိတ်ပါတယ်) ယူနန်ခေါပုပ်
ဝယ်ဖြစ်ပါတယ် ။။

ဒီနေ့တော့ ဆူးပုပ်နဲ့ မကျည်းသီးစိမ်း ခရမ်းသီးသေးသေးလုံးလုံးလေး တွေပဲ
ဝယ်ဖြစ်ပါတယ်။။ ခရမ်းသီးသေးသေးလုံးလုံးလေးကို ရှမ်းပဲပုပ် ကြက်သွန်ဖြူ
ငြုပ်သီးစိမ်း နဲ့ မီးဖုတ် ထောင်းစားရတယ် လို့ သူငယ်ချင်းက သင်ပေးပ်ါတယ်။။


မြို့လေးကိုသွားတဲ့လမ်းတစ်လျှောက်မှာ ပန်းခင်းဝါ၀ါလေးတွေတွေ့လို့ ကားပေါ်ကနေ
ဓါတ်ပုံလှမ်းရိုက်လာခဲ့ပါတယ် ။။ ဘတ်စ်ကားနဲ့သွားတာမို့ ကားပေါ်ကနေ
ဖြစ်သလို ရိုက်လာခဲ့ရပါတယ်။။

(ဆူးပုပ်နဲ့ပုံကင်မရာနေ့စွဲမှားပြန်ပြီ ..။။ချိန်ပြီးပြီလို့ထင်ထားတာ..
အခုတော့......ဟီးဟိ)

14 comments:

ပေါက်ရေ ဆူးပုပ်လေးတစီး။ ငရုပ်သီးစိမ်းလေး ၂ ထုပ်လောက်နဲ့ မန်ကျည်းသီးစိမ်းလေး ဒီဖက်ပို့လိုက်စမ်းပါနော်။
ပေါက်ရေ စိတ်တွေ ပင်ပန်းနေသလား။ နေလို့ကကောင်းလား။ အလုပ်တွေလျှော့နော်။ ချန်းချန်းလည်း လည်လည်လိုက်သလား။

ငှက်ပျောပေါင်း မစားရတာ နာတယ်ကွာ။
ဘာမြို့လေးလဲ ချစ်စရာလေးနော်။

ပေါက်ရေ.. ငရုတ်သီးစိမ်းတွေ အများကြီးပဲနော်.. ပြီးတော ရှောက်ရွက်က မဇနိလေး ပြောမှ သေချာ သွားကြည့်ရတယ်.. ဆူးပုတ်ရယ် ရှောက်ရွက်လေးရယ် ငရုတ်သီးစိမ်းရယ် လှမ်းပစ်ပေးလိုက်.. ဆူးပုတ်ရွက်ကို တို့စားမယ်.. ပေါက်တို့ဆီကမှ စားစရာတွေ ပေါပေါများများ မြင်ရသေးတယ်.. :)

စုံပလုံစိလို့ ပါ ပေါက်ရေ။ ပြီးရင်တော့ ဟင်းချက်ပြီး တင်ပေးနော်။ လင်းလဲ ဒီနေ့  ယိုးဒယား ဘုန်းကြီးကျောင်းရှေ့ က ဈေးတန်းသွားတယ်။ အစုံစားခဲ့တယ်။

တို့လဲ ဆူးပုပ်နဲ့ ငရုတ်သီးစိမ်းနဲ့ ငါးခူကြော်နဲ့ချဉ်ပေါင်ကြော်ဝယ်တယ်ဆရာ.

အုန်ူသီးစိမ်းအနုကလးလဲ ညနေက ခွဲစားလိုက်သေးတယ်။အရည်သောက် အဖတ်ချစ်
မင်းဘာတတ်နိုင်သေးလဲမိချိုသဲ။

နိရေ..
မန်ကျည်းသီးစိမ်းဘာလုပ်စားရကောင်းမလဲ..
ပြောပြပေးပါ..
မချိုသင်းက အချိုပဲ တ တတ်တယ်နော်..
中壢 (ကျူံး လိ) ဆိုတဲ့မြို့လေးပါ...
နုရေ..
ဒီမှာအစုံရတယ်..
ဘာမှသိပ်မလုပ်တတ်တော့ခက်တယ်..
ရှောက်ရွက်ဆို..ဘယ်မှာထည့်ချက်ရမှန်းမသိဘူး
ပဒဲကော ဆိုတာလည်းတွေ့တယ်..ဒါတောင် သူငယ်ချင်းကပြောတာ ဒါပဒဲကော တဲ့..
ဘာလုပ်စားရမှန်းမသိ..ဂျင်းတက်လိုလို
လင်းရေ..
စုံပလုံစိနေတာအမှန်ပဲ..
မသုံးတတ်တာပဲခက်တယ်..

မန်ကျည်းသီးထောင်းပြီးကြော်စားပါ မမပေါက် ဟီး ကိုယ်စားချင်တာပြောတာ :P

အများကြီးပဲ ၀ယ်လာတယ်ကြည့်စမ်း။
ယုံဘူး။ receiptပြ။ :P

ဆူးပုတ်ကြော်ချက်၊ မန်ကျည်းသီးစိမ်းထောင်းကြော်၊
ပဒဲကောက အာပုလျှာပူထံထည့်ရတာထင်တယ်။
စားချင်လိုက်တာ

ဝယ်လာတာ မနည်းပါလား။ ငရုတ်သီးစိမ်းထုပ်တွေ အဲလောက်အများကြီးနဲ့ ဘာချက်ပြီးပြီလဲဟင်။ ငှက်ပျောပေါင်းဆိုမှ စားချင်သွားတယ် သိလား။

ပေါက်ကြီးလာလည်သွားတယ် ဒါပေမဲ့ စာတွေ က ကောင်းကောင်းဖတ် မရဘူး စကားလုံးထည့်တာ ဘာကြောင်နေလဲ မသိဘူး နောက် မှ ကောင်းကောင်း လာဖောဦးမယ် ဟီး

ပေါက်...
မကျည်းသီးစိမ်းကို ငပိချက် ချက်စားလေ...
ငြုတ်သီး ကြက်သွန်ဖြူ နီ၊ ပုဇွန်ခြောက်မှုန့် ၊ မျှင်ငပိ တစ်ခုချင်းစီထည့် ဆီသပ်ပြီး မညက်တညက် ထောင်းလားတဲ့ မကျည်းသီးစိမ်းကို ရောပြီး ကြော်... ချခါနီးရင် အပေါ့အငန်မြည်း... ငြုတ်သီးစိမ်းလေးအုပ်...
ထမင်းမြိန်တယ် ညီမရဲ့ ...

ပေါက်ရေ… ဒီမှာလဲ ထိုင်းဆိုင်ဆို အဲလိုလေးတွေရတယ်… ငါးပိရည်လဲ ရတယ်… ပေါက်တော့ ရိက္ခာဖူလုံနေတယ်ပေါ့… ပုံထဲက ကလေးချီထားတာ ပေါက်တို့ သားအမိလား…

မေမိုး..ဆင်ဒဲလား..ပြောတဲ့အတိုင်းကြော်လိုက်တာ
သုနှင်းဆီ..ယုံချင်ယုံမယုံချင်နေ..
ဝယ်တယ်လို့ပြောထားတာပဲ..
(ခပ် မာမာပဲဟေ့)
ဟီးဟိ
ရွှေဂျမ်းရေ..
ရိုက်လာတာပါ..၀ယ်လာတာမဟုတ်ဖူးအေ့..
မသက်ဝေရေ..ကျေးဇူးပါ
လုံးဝမချက်တတ်လို့..
မတန်ခူးရေ..
စီဘုံးအောက်က ချန်းချန်းလေ...
ဘတ်စ်ကားပေါ်ကရိုက်လာတာပါ..
ကဖြိုးရေ...
အားတဲ့ရက် အာလူးဖုတ်ရအောင်..
နင်မကောင်းကြောင်း..ငါကောင်းကြောင်းတွေပေါ့