ကင်မ်ချီးဟင်းရည်ပူပူလောင်လောင်လေးး






အခုတလော ရာသီဥတုအေးလာတော့ ပူပူလောင်လောင်
အရည်ပါတဲ့ ဟင်းမျိုးပဲ ချက်စားမိတယ် ။။ နိနိလည်း ပူပူလောင်လောင်
ကြိုက်တယ်ဆိုပဲ ။။ အခုချက်တဲ့ ဟင်းရည်ကိုတောင် စားရင်းအေးသွားလို့
ထပ်သွားနွေးပြီး စားပါတယ်။။ (အိုဗာတင်းလေ..)


ကင်မ်ချီး တစ်ထုပ် ။ဝယ်ထားတာအနည်းဆုံး တစ်ပတ် နှစ်ပတ်လောက်ရှိမယ့်
ကင်မ်ချီး ဆို ပိုစားကောင်းပါတယ်။။လတ်ဆပ်တဲ့ ကင်မ်ချီးဆို အရသာပေါ့မယ် ။

ငါးသေးသေးလေးအခြောက် အနည်းငယ် ။ ကြက်သွန်နီဥကြီးတစ်ဝက်ပါးပါးစိပ်ထား
အိုးတစ်လုံးထဲမှာ ရေ၄ပုံ၃ပုံထည့်ပါ ။ကင်မ်ချီးအချဉ်ဖတ်တွေ ထည့်ပါ။ အပင်လိုက်ဆို
ဓါးနဲ့လှီးပေးပါ ။။ ငါးခြောက်လေးတွေကိုရေဆေးထည့်ပါ ။ ကြက်သွန်နီစိပ်ပြီးသားကို
ထည့်ပါ ။။ မီးဖွင့်နိုင်ပါပြီ ။။ဆူတဲ့အထိစောင့်ပြီး မီးသေးသေးပြောင်းပေးပါ ။
၄၅မိနစ်ကနေ တစ်နာရီလောက်ထိ တည်ပါ။ လိုအပ်ရင် ရေထပ်ဖြည့်ပေးပါ။။
ပဲပြား ကြိုက်ရင် တစ်ဗူးအစိပ်သေးစိပ်ပြီး ထည့်ပါ။။
ပြီးရင် tuna fish ငါးသေတ္တာဗူးတစိဗူး ထည့်ပါ ။။ မီး ကို အလယ်အလတ်လောက်ပြောင်းပါ။။
၅မိနစ်လောက်နေရင် စားနိုင်ပါပြီ။။

tuna ကို ချခါနီးမှထည့်ရတာက ချက်တာကြာရင် ငါးအသားတွေရင့်သွားတတ်လို့ပါ။။
ကြက်သွန်မြိတ်ရှိရင် လှီးထည့်ပေးပါ။။

စားသုံးနိုင်ပါပြီ။။ တွဲဖက်စားလို့ကောင်းမယ့် ဟင်းကတော့ ကြက်ဥမွှေကြော်ပါ။။
ကြက်သွန်နီနဲ့ပဲကြော်ကြော် ။ ဒီအတိုင်းပဲမွှေကြော်ကြော် စားကောင်းပါတယ်။

ကင်မ်ချီးနဲ့ ငါးသေတ္တာမှာ အငန်ဓါတ်တွေရှိတဲ့အတွက် ဆားမလိုအပ်ပါဘူး။။
ကြက်သွန်နီထည့်ချက်တဲ့အတွက်လည်း အချိုဓါတ်ပါပြီးသွားပါပြီ။။


14 comments:

ပေါက်ရေ လျှာရည်တောင်ကျတယ်။ စားချင်နေတာ။ နောက်နေ့ လုပ်စားကြည့်မယ်။ ဖြစ်နိုင်ရင် အခုတောင် တပန်းကန်လောက် လာယူချင်နေပြီ။ ကင်မ်ချီကလည်း မရှိရင် စားချင်တယ်။ ရှိရင်လည်း စားလို့မကုန်ဘူး။ တို့ဟူးပြားလည်း ကြိုက်တယ်။

နိနိက ဦးသွားပြီ... စုံတွဲလာ စားတာ ဟဲဟဲ မမ မလာသေးဘူး .. သူ့အတွက် ကျန်ပါ့မလား မသိ
မမထုံသင်းလည်း ပျောက်နေတာ ကြာပေါ့

အစ်မကရောက်နေပါတယ။် သေချာ စိတ်ကူးနဲ့ချက်ကြည့်နေလို့ ကြာသွားတယ်။ ကန်ချီးက တခါမှတောင် မမြင်ဘူးလို့ အစကနေ စဥ်းစားပြီး နေလို့ပါ။ကောင်းမဲ့ပုံဘဲ။ စားကြည့်ချင်လို့တစ်ခွက်ခပ်သွားတယ။်

အမ်မယ်...စုံတွဲတဲ့..
ဟိုမှာ..နိနိကဖြင့် ငိုနေပြီ..
ဇွတ်မလုပ်ရဘူးနော်..ကိုနိ..
မမက စီဘောက်စ်ကနေပဲကမန်းကတန်းလာစားသွားတာပါ
သူက သိတဲ့အတိုင်းပွဲဆက်တွေများနေပြီထင်တယ်..
ရှူး..သွားမပြောနဲ့နော်..
ခုနကလိုဖြစ်နေဦးမယ်....
(နိနိကိုလည်း ပဲော့ာ်နဲ့ ပိတ်ထားဦးမှပဲ..)
မထုံသင်းက အိမ်မှာဧည့်များနေလို့...ချက်ပြုပ်
ကျွေးနေရလို့..မလာအားဘူး..ဆိုပဲ..

လက်စွှမ်းတွေ တယ်ပြနေပါလား ပေါက်ရေ။

သရေကျ သွားတယ်။ ဂလု :))

SMNTL

စားချင်တယ်။ မောင်တော်ဘုရားက အဲဒါကို လုံးဝစားဘူး။ တစ်ယောက်တည်းလဲ ကင်မ်ချီတစ်ဗူးကို မကုန်ဘူး။
ခဏခဏမှိုတက်လို့ နှမြောတယ်။

ပေါက်ရေ.. နေပြန်ကောင်းခါစ အချဉ်အစပ်တွေ လုပ်စားနေတာလား.. ကင်မ်ချီးဟင်းရည်တော့ သောက်ကြည့်ချင်တယ်.. စမ်းပြီး ချက်ကြည့်ရမှာတွေ များနေပြီ။ အခုလောလောဆယ်တော့ ပျင်းလွန်းလို့ ဘာမှ ကို မချက်ချင်ပါ။ :P

ပေါက်ရေ.. စိတ်ဝင်စားတယ်.. စမ်းသပ်ကြည့်လိုက်ဦးမယ်..။ ကြည့်ရင်းတောင် သွားရည်ကျချင်ချင်နော်..။ ဟဲဟဲ

ကင်ချီ ဟင်းရည်လာသောက်တာ ကုန်ပြီလားမသိ :D

ပေါက်ရေ… တော်တော်ထိမယ့်ပုံပဲ… အစာအိမ်သမားမို့ ငေးရုံလေးပဲ ငေးရတဲ့ ဘ၀ပါ… ကြက်ဥမွှေကြော်လေးနဲ့ အတော်လိုက်မယ့်ပုံနော်… သမီးကရော အစပ်စားနိုင်လား…

နန္ဒာရေ..သားရေပြန်ကောက်တင်လိုက်ပါနော်..
မွန်ရေ...တစ်ခါစားမကုန်ရင်ရေခဲရိုက်ထားလိုက်
နောက်..စားချင်တဲ့အချိန်မှ..ထုပ်ပြီးချက်လို့ရတယ်..
မဟုတ်ရင်..သေးသေးစိတ်ပြီး..ကင်မ်ချီးထမင်းကြော်လို့လဲရတယ်..
(နောက်ရက်ကြော်ဖြစ်ရင်တင်ပေးမယ်နော်..လွယ်လွယ်လေး)
နုရေ..အခုထိ လည်ချောင်းနာနေတုန်း..
ပေပြီးစားတာပဲ..သိပ်မစပ်လို့လဲပါတယ်..
မသိဂီ င်္ရေ...ချက်ရလွယ်တယ်..မီးဖိုပေါ်ပစ်ထားယုံပဲ
စပ်မှာစိုးရင်..ကင်မ်ချီးကိုရေတစ်ချက်ဆေးပေးလိုက်..
အချဉ်ပေါ့..အစပ်ပေါ့ ဖြစ်သွားမယ်..
မတန်ခူးလဲ..ဒီလိုပဲချက်စားလေ..
ချန်းချန်းက အချဉ်အစပ်အကုန်စားနိုင်တယ်
အသင့်အတင့်စပ်ရင်ပေါ့...
မေမိုးလေး..ကျန်သေးတယ်..လာလာ..

ပေါက်ကလေးရေ...
နောက်ကျနေတယ်...
ကျန်သေးလားဟင်...
ကျန်သေးရင် စားချင်တယ်...။

ပေါက်ရေ.....
မရောက်လို့ မဟုတ်ဘူး....ခဏခဏ ရောက်ပါတယ်
လာလည်တိုင်း...သွားရည်ယိုပြီး ပြန် ပြန်သွားရတာ....။
နေတာကလဲ မနီး...
နီးရင်လဲ အိမ်လာလည်ချင်ယောင်ဆောင်ပြီး...မီးဖိုခန်းဘက်သွားလို့ ၇သေး....။
ခုတော့ “ရေခြားမြေခြား သွားရည်များ”
ဖြစ်နေပြီ..။း)

မသက်ဝေရေ..
ကျန်ပါသေးတယ်..
အများကြီးချက်ထားတာ..
ကိုသစ်နက်ရေ..
မတွေ့တာကြာလို့..