အမဲသားမုန့်ညှင်းချဉ်ကြော်


မနေ့ကတည်းက အလုပ်တွေပုံနေတယ်..
ည အိမ်ပြန်ရောက်တော့ ဘလော့မလည်ပဲလည်း မနေနိုင်ဘူး။။
ဒီနေ့ နေမကောင်းဖြစ်တယ် ။ ဆန်ပြုပ်ပဲ ပြုပ်သောက်တယ်။။
မမကေအိုအမ် ဟောတာမှန်သွားပြီ။။ ကြက်စွပ်ပြုပ်ပြီး ဘာပြုပ်လဲ။
ဆန်ပြုပ်လားတဲ့ ။။ တကယ်ပဲ ဆန်ပြုပ်ပြုပ်စားပါတယ် ။။ အမှန်က
ဘဲဥဆားငန်လေးနဲ့တင် စားမလို့ပါပဲ။။ မုန်ညှင်းချဉ်တည်ထားတာ
အသင့်ရှိနေတာနဲ့ အမဲသားအကြေသားရှိနေတာနဲ့။ အမဲသားမုန့်ညှင်းချဉ်ကြော်
ကြော်ဖြစ်လိုက်တယ်။။


အရင် အမဲအကြေသားကို ကြက်သွန်ဖြူ ကြာညို့အငန် ဂျင်းနဲ့ နယ်ထားပါတယ်။။
ပြီးတော့ ရှဲကနဲနေအောင် ၃၀စက္ကန့်ပဲကြော်ပါတယ်။။ ခပ်မြန်မြန်လေး ဆယ်လိုက်ပါ။။
ငြုပ်သီး အရှည်ခြောက် သုံး လေးတောင့်လောက်ကို တူးအောင်ကြော်ပြီး ဆယ်ထားပါ။။
ခရမ်းချဉ်သီးတစ်လုံးကို စိပ်ထားပါ ။။ မုန့်ညှင်းချဉ်ကိုလည်း ခပ်သေးသေးဖြစ်အောင်စိပ်ပါ။။
ခရမ်းချဉ်းနဲ့ မုန့်ညှင်းချဉ်ကို ကြော်ပါ ၁မိနစ် ။။ ပြီးရင် ကြော်ပြီးသား အမဲသားနဲ့ ငြုပ်သီးကြော်
ကိုထည့်မွှေပါ ။ကြာညို့အငန် နဲနဲ ထည့်ပေးပါ ။။၁မိနစ် လောက်ဆို ကြက်သွန်မြိတ်စိပ်ထား
တာကို ဖြူးပြီး ဒယ်အိုးပေါ်က ချနိုင်ပါပြီ။။

ဆားမထည့်ပါဘူး ။။ကြာညို့အငန်နဲ့တင် လုံလောက်ပါပြီ။

အမှန်က အမဲသားမုန့်ညှင်းချဉ်ကြော်ကို တင်ဖို့ရာစိတ်ကူးမရှိလို့ အဆင့်ဆင့်
ရိုက်မထားမိပါဘူး ။။ စားခါနီးမှ သတိရပြီး ရိုက်မိတာပါ။။

အမဲသားမစားတဲ့သူများ ကြက်သားကိုအစားထိုးနိုင်ပါတယ်။။

မှတ်ချက် ။။ ။။ ကျနော် မေမြို့မှာနေတုန်းက စချက်တတ်တဲ့ဟင်း...
ဒီဟင်းတစ်မျိုးပဲချက်တတ်ပါတယ် ။။ အဖေကြောင့်ချက်တတ်တယ်ဆို မမှားပါဘူး။။
ဒီရိုးရာဟင်းလေးကို အဖေအရမ်းကြိုက်ပါတယ်။။
လာမယ့် ဇန္န၀ါရီ၂၁ ဆို ၁၁နှစ်ရှိပြီ အဖေရေ..အဖေ့ကို သတိယလိုက်တာ။။


8 comments:

ဒါလေးက စိတ်ဝင်စားတယ်။

ပေါက်ရေ နေမကောင်းဖြစ်နေတာလား။ အလုပ်တွေများနေလို့လား ဟင်။ ဆေးရောသောက်လား။ နေမကောင်းနေတာဆို မုန်ညင်းချဉ်ကြော်နဲ့ရော စားလို့ဖြစ်ပါ့မလား။ နိနိကတော့ စားချင်နေတာ။

မုန်ညှင်းချဉ်ကြော်နဲ့တည့်မတည့်မသိဘူး...
ထမင်းစားပြီး သခွားမွှေးသီးစားမိလို့..
ဆားခြစ်ယူရတယ်..
အခုတော့..သက်သာလာပြီ...နိနိရေ....

ပုံကတော့ အမိုက်စားပဲ။
ပေါက်ပြောသလိုဆို လွယ်လဲ လွယ်တယ်။ လုပ်ကြည့် ကြော်ကြည့်အုံးမယ်လေ။ (တကယ်ပြောတာ မမkom)

နေကောင်းအောင်လဲ နေမှပေါ့။ အားတဲ့အခါ မမရဲ့ စီဘောက်စ်မှာ တွေ့ကြသေးတာပေါ့။ (ကြိမ်းဝါးတာ မဟုတ်ပါ၊ ရိုးရိုးလေသံနဲ့ ပြောတာပါ)

နေမကောင်းဘူးလား ပေါက်ကြီးခက်တာပဲ အဲဒါကြောင့်ပြောတာပေါ့ အစား အသောက်ဆင်ခြင်ပါလို့ ဟိဟိ

ပေါက်ရေ.. နေမကောင်းဘူးလား.. ကျန်းမာရေးကို ဂရုစိုက်နော်... သူများသာ ပြောနေရတာ ကိုယ်တိုင်လည်း ယိုင်နဲ့နဲ့ပဲ.... ပေါက်ရေ.. ဆားခြစ်ယူရတယ်ဆိုတာ ဘာလုပ်ရတာလဲ.. အကြောတက်တာလား.. ဘာဖြစ်လို့လဲဟင်... :O

မုန့်ညင်းချဉ်ကြော်ကိုတော့ စားကြည့်ချင်တယ်..

ဆားခြစ်တယ်ဆိုတာ ဘာလုပ်တာလဲဟင်။
မမွန်တူလေးမှာသလို မှာရမယ်ဆို.. တီတီရယ်
နေကောင်းနေပါနော်။ ကျန်းမာရေးကို ဂရုစိုက်။
တခြားမြို့မှာ နေတော့ စိတ်ပူတယ်။

ဆားဖြစ်တာ..
နောက်ရက်ရှင်းပြပါ့မယ်