ဒန်ပေါက်









ဒီနေ့ ဒန်ပေါက်ချက်ဖြစ်ပါတယ်။။ နုကြောင့် ချက်ဖြစ်တယ်ဆို မမှားပါဘူး။။
ဒန်ပေါက် မဆလာကြိတ်ပြီးသားကို ကြက်သွန်နီကြော် နဲ့ ဆား သကြားကို
ရောထားတဲ့ အစာကို အမေက အမြဲလုပ်ပေးလေ့ရှိပါတယ်။။ ကိုယ်ပြန်ရင်ဖြစ်ဖြစ်
အသိပြန်ရင်ဖြစ်ဖြစ် ထည့်ပေးတတ်ပါတယ်။။ ကျနော်က ဒန်ပေါက် သိပ်မကြိုက်ပါဘူး။။
ချက်ရင်တော့ စားဖြစ်တယ်။ မဆလာအနံ့ မခံနိုင်လို့ပါ။ သကြားထည့်ရတဲ့အကြောင်းရင်းက
အိမ်က မားရော ကျနော်ပါ အချိုမှုန့် မကြိုက်လို့ပါ။။ အချိုမှုန့်ကြိုက်တတ်တဲ့သူများ
အချိုမှုန့် ထည့်ချက်နိုင်ပါတယ်။။


ဆားနဲနဲနဲ့ ထောပတ်ထည့်ထားတဲ့ ဆန်ကို အရင်ချက်ပါ။။(ပုံမှာ ထမင်းအဖြူထည်ချည်းက
ဆားနဲ့ ထောပတ်ချက်ထားတဲ့ ထမင်းပါ) ထမင်းကျက်ရင် ထမင်းကို တူနဲ့ သမအောင်
မွှေပေးပါ ။။ ပြီးရင်အပေါ်မှာပြောထားတဲ့ လေးမျိုးစပ်အစာ နဲ့ စပျစ်သီးခြောက် ကို
ထမင်းပေါ်မှာ ဖြူးလိုက်ပါ ။။ ဒန်ပေါက်အရောင် အနီနဲ့ အစိမ်းကိုလည်း ရေဖျော်ပြီး
အနည်းငယ် ဖျန်းပေးပါ ။။ ပြီးရင် ၅မိနစ် ခလုပ် ထပ်နှိပ်ပြီး ချက်ပါ ။။


သုံးဆောင်နိုင်ပါပြီ။။ ကြက်သားကို မနေ့ညကတည်းက ဆားနဲ့နှက်ထားပါ။။
ဂျင်းစိမ်းရည် ညှစ် ။ကြက်သွန်ဖြူထောင်း ပြီး နှက်ထားပါ ။ ကျနော်ကတော့
ဒယ်အိုးထဲမှာ ဒီအတိုင်း မီးသေးသေးနဲ့ ချက်ပါတယ်။။ ဆီထပ်မထည့်ပါဘူး။။
(နိုင်ငံခြားက ကြက်တွေ အဆီတွေတအားများလို့ပါ) ချက်ရင်း သူ့ဟာသူ
အဆီတွေ ထွက်လာပါတယ်။။မဆလာကြိုက်တတ်ရင်တော့ နဲနဲထည့်
ချက်နိုင်ပါတယ်။။ ဒီတစ်ခါ ကြက်သားမှာတာ..ပေါင်ကို နှစ်တုံးပဲတုံးပေးခိုင်းတာ
ချက်ဟင်းလို အတုံးသေးသေးတွေ လုပ်ပေးလိုက်တာနဲ့..အခုလို ကြက်သား
အတုံးလေးတွေ ဖြစ်သွားရပါတယ်။။ သည်းခံစားပါနော် ။။ (စားရတဲ့ သူငယ်ချင်းက
”” ကမ္ဘာ့စီပွားရေးပျက်တာနဲ့ နင်လည်း ကပ်ဆိုက်ပြီး ကြက်သားတုံးသေးသွားတယ်””
တဲ့..)


အရည်သောက်ကတော့ မြန်မာတန်းဖက်မရောက်လို့ စွန်တန် (酸湯)ချဉ်ရည်နဲ့ပဲ
ဖြစ်သလို စားကြပါနော်။။ ပုံထဲက စွန်တန်မှာ ရေနွေးပူမလောင်းရသေးဘူး ။
ကိုယ့်ဟာကိုယ်...ရေနွေးလာင်းစားကြပါနော်။။

(
နုရေ......ချက်ကျွေးပြီနော်..ဟီးးဟိ)

9 comments:

တီးသွားပြီ နှစ်ပွဲ.. :)

ဗိုက်ချာနေတာ ဂယ်ချားချင်တယ် ပေါက်
ကြက်သားတုံးက သေးသွားတာ ရှယ်ယာတွေမကောင်းတော့လို့လား ဟင်။

စွန်တန်ထဲလောင်းဖို့ ခုမှရေနွေးကျိုတုံး
ဒန်ပေါက်မစားရသေးဘူးး
ပေါက်...လူဆိုးးးးးးးးးးးး

မပေါက်....
ဒန်ပေါက်ဆို ကြိုက်မှကြိုက်ဗျာ...
ချက်နည်းရသွားပြီ...စမ်းတော့မယ်...
မမိုးချိုဆီကလဲ...ကြက်ဥကြော်နည်းရထားတယ်...
နောက်ပြီးစွန်တန် ဟင်းချိုထဲမှာ အနုပညာတစ်ခုတွေ့ ထားတယ်...ကျနော် မျက်လုံးလေးထည့်ပြီး ကျနော့်ဆီမှာ တင်ခွင့်ပြုပါ...
လာကြည့်နော်....။

မပေါက် ...
ရွှေချည် ဆနွင်းမကင်း မလုပ်တတ်ဘူးလား....
သိရင် နည်းလေး တင်ပေးပါလားဗျာ...။

ပေါက်က ရန်ကုန်က လုပ်ပြီးသား ဒန်ပေါက် မဆလာနဲ့ ချက်တာပေါ့နော်.. ပြီးတော့ ဒန်ပေါက်အရောင်ဆိုတာက ဆိုင်တွေမှာ မေးဝယ်ရတာလား.. ပေါက် ချက်ထားတာက ဆိုင်က အရောင်လိုပဲ.. စားချင်လိုက်တာ..

အခုမှ ရုံးကပြန်ရောက်ပြီး ထမင်းမစားရသေးဘူး.. ပေါက် အိမ်ကို လာလည်လိုက်တာ အရမ်းဗိုက်ဆာလာတယ်.. အခုလို တကူးတက ချက်ကျွေးတာ ကျေးဇူးပါ.. တို့လည်း ကြိုးစားပြီး ချက်ကြည့်ဦးမယ်.. :D

မချိုသင်းတစ်ပွဲပဲစားသင့်တယ်...ဟီး
နိနိရေ..ရှယ်ယာတွေလုံးဝ..မကောင်းဘူးးးးးးးးးးးးး
သတင်းကိုမကြည့်ဘူး..
စန်ဒါလင်း..ရေနွေးလေးတော့ကျိုသင့်ပါတယ်..
ကိုသစ်နက်ဆူးရေ..ကြိုက်သလောက်စားပါနော်..
ဆနွင်းမကင်းမလုပ်တတ်ဖူးဆို..
စွန်တန်အနုပညာတော်တော်လှတယ်..
ကိုဆူးမို့မြင်တတ်တယ်..
နုရေ..
မဆလာက..ပေါက်လိုချင်ချင် မလိုချင်ချင်
မားက ဇွတ်လုပ်ပေးနေတာ..
ချန်းချန်းက..ဒန်ပေါက်ကြိုက်လို့လေ..
ပေါက်က အလွယ်နည်းနဲ့ချက်လိုက်တာ..
အဲ့ဒါ..မားကပဲသင်ပေးတာလေ..ဟီးး
အငယ်မတောင် ..အဲ့လိုချက်ရဲ့လားမသိ..

တော်တော်ကောင်းတယ် ကြက်သားရောင်လေး နဲနဲ တင်လိုက်ရင် ပိုကောင်းမလားပဲ ကြက်ဖြူ ဖတ် ဖြူရော်လေး နဲ့ အားမရလို့တာ ဟိဟိ စတာနော် ရမ်းကောင်း သကွ .. ငါ့ အကြိုက် စွန်ထန် ပါ ပါလို့

ဟား ကောင်းလိုက်တာဗျာ
စွန်တန်ဟင်းရည်ပါတော့ အအီပြေတာပေါ့