ကြက်စွပ်ပြုပ်





ဒီနေ့ ရာသီဥတုအေးအေးနဲ့ ကြက်စွပ်ပြုပ် ပြုပ်ဖို့ စိတ်ကူးပါတယ်။။
သိပ်မအေးပေမယ့်လည်း စားချင်စိတ်နဲ့ ဇွတ်အေးတယ်လို့ ယူဆလိုက်တော့တာပါပဲ။။
ဒီနေ့ပြုပ်တဲ့ ကြက်စွပ်က ကျနော်တို့ အိမ်မှာ ပြုပ်နေကျ ကြက်စွပ်မဟုတ်ပါဘူး။။
ဒီက လူတွေ လုပ်နေကျ နည်းလေးပါ။။ ပုံမှာပါတဲ့ အပြားချပ်လေးက 當歸 =သန်းကွေး
လို့ခေါ်ပါတယ် ။။ အနီရောင် စပျစ်ခြောက်လိုက 枸杞 =ကုံပ် ကျိ လို့ခေါ်ပါတယ်။။
ဂျင်း (ချင်း) တစ်တက် ။ ဖြစ်နိုင်ရင်အိမ်မွေးကြက် တစ်ကောင် (လူနည်းရင် ပေါင် နှစ်ပေါင်)
တရုတ် ဟင်းချက်ဆန်အရက် အနည်းငယ် ။ ကြက်သားကို အနေတော် ခုတ်ထစ်ပြီး
ဆားနဲ့ နယ်ထားပေးပါ ။။ ၃နာရီလောက် (တစ်ညအလိုက ဆားနယ်ပြီး ရေခဲသေတ္တာထဲ
ထည့်ထားနိုင်ပါတယ်) ။။



ချက်ခါနီး ရေဆေးပေးပါ ။။ အိုးတစ်လုံးထဲမှာ ရေ ၃/၄ ပုံလောက် ထည့်ထားပြီး ကြက်သား
ဂျင်း ။ ကုံပ်ကျိ ။ သန်းကွေး တို့နဲ့ စချက်နိုင်ပါပြီ။။ ချက်နေတုန်း အတတ်နိုင်ဆုံး အိုးဖုံး
အပြည့် မဖုံးမိပါစေနဲ့ ။။ ဟင်းရည်စဆူ ကတည်းက ထွက်လာတဲ့ အမြုပ်တွေကို ဇွန်းနဲ့
ဆယ်ပေးပါ။။ ထွက်လာတဲ့ အဆီတွေကိုလည်း ဖယ်ထုတ်ပေးပါ။။ (ကျနော် ကြက်စွပ်
ပြုပ်က ထွက်လာတဲ့ အဆီကို မစားပါ။။) ဒါမှ စွပ်ပြုပ်ရည်က သန့်ရှင်းကြည်လင်ပြီး
စားချင်စားဖွယ် ဖြစ်လာမှာပါ ။။ နာရီဝက် ။၄၅မိနစ်လောက်နေရင် ရပါပြီ။။
ဆားကို ချခါနီးမှ လိုအပ်သလိုထည့်ပါ ။။ စားခါနီး ကြက်သွန်မြိတ် ဖြူးပြီးစားပါ။။


အိမ်မှာလုပ်စားနေကျ ကြက်စွပ်ပြုပ်ကို နောက်ရက်မှ လုပ်ပြီးတင်ပါ့မယ်။။
အအေးပိုင်းမှာနေတဲ့သူတွေ အတွက် အဆင်ပြေပါတယ်။။ အားလည်းရှိစေတယ်။။
အရင်ကဆို မောင်အကြီးနဲ့ အငယ်မ ကို ကြက်စွပ်ပြုပ်လုပ်စားဖို့ သတိပေးနေကျ။။
ဒီနှစ်တော့ မပြောမိသေးဘူး ။။



မှတ်ချက်။။။ စီဘောက်စ်အတွက် ကျွေးဖို့ပြောနေတဲ့ နုတို့ မချိုသင်းတို့
အားရှိအောင် ကြက်စွပ်ပြုပ်လေး သောက်လိုက်ပှါုဦး ။။

8 comments:

ပေါက်ရေ စားချင်စာရာကောင်းတယ်ဗျ...
ကျနော်ဦးအောင် စားသွားပြီ

ဒီလို ကြက်စွပ်ပြုတ်မျိုး မလေးရှား Johor မှာ Bamboo House ဆိုတဲ့ စားသောက်ဆိုင်မှာ သောက်ခဲ့၊ စားခဲ့ဖူးတယ်။ ကြိုက်လွန်းလို့ ခဏခဏ သွားစားရတာ မှတ်မိတယ်။ အဲဒီသန်းကွေး ဆိုလား သန်းပျံ ဆိုလားနဲ့ ပေါင်းတာ ကြက်တကောင်လုံး တယောက်တည်းစားလို့ ကုန်ပါလေရော ပေါက်ရေ။ အမက အရည်မကြိုက်၊ ကြက်သားနူးနူးညံ့ညံ့လေး ကြိုက်တယ်။

အလိုလိုမှ အားရှိလွန်းလို့ခက်နေတာ..
သူက ကြက်စွပ်ပြုတ် ကျွေးနေပြန်ပါပြီ

ပေါက်ရေ

ဒီလို ကြက်စွပ်ပြုတ်မျိုးကို ထိုင်ဝမ်သူ သူငယ်ချင်း ကျွေးလို့ ၂ခါစားဖူးတယ်။

အရသာက Awesome!!!
ကိုယ်လုပ်တဲ့ဟာနဲ့ တခြားစီပဲ။

SMNTL

ဒီမှာလဲ မိုးတွေအေးတော့ ပေါက် ကြက်စွပ်နဲ့ အတော်ပဲ… တို့ ကတရုတ်ဆေးတွေ အများကြီးနဲ့ ဆို နဲနဲခါးလို့ မကြိုက်ဘူး… ပေါက်လုပ်ထားတာလေးက အတော်လောက်ပဲ… သားအမိ၂ယောက်လုံးသောက်သွားတယ်…

အား ချမ်းလိုက်တာ ကြက်စွပ်ပြုတ်လေး သောက်ချင်လိုက်တာ။

အဟိ... ကြက်စွပ်ပြုပ်လေး လာသောက်သွားတယ်.. တကယ်သောက်ရရင် ကောင်းမှာပဲ... ပေါက်ပြောတဲ့ နာမည်တွေက တခါမှ မကြားဖူးဘူး.. စားဖူးဖို့နေနေသာသာ.. မချိုသင်းပြောတာ ပိုရီရတယ်.. သန်းကွေးလား.. သန်းပျံလားတဲ့..ဟီ..ဟိ...

ကိုနိရေ...ကြက်စွပ်က ဗော့ဒ်ကာထက်သောက်ကောင်းပါတယ်..ဟဲဟဲ..
မချိုသင်း...ပြောင်းပြန်တွေ လုပ်နေပြန်ပြီနော်..
ကြက်စွပ်မှာ...အရည်က အဓိကသောက်ရမှာလေ..
ဟီးဟိ ကြုံတုန်းဆရာလုပ်လိုက်တာ..
စန်ဒါလင်းနော်..အကောင်းနဲ့လုပ်ကျွေးရသေးတယ်
နန္ဒာရေ...ထိုင်ဝမ်စတိုင်ကြက်စွပ်ဟုတ်ပါတယ်
(သိပ်တော့မစစ်ဖူးပေါ့လေ..)
မတန်ခူးရေ..ကျနော်က ခါးမှကြိုက်တာ..
ဒါမယ့်..အခုက မခါးဘူး..အနီရောင်စပျစ်ခြောက်
လိုက ကုပ်ကျိ ကို ရှာဝယ်ပြီး အရည်ကျိုသောက်ရင်..မျက်စေ့အားကောင်းတယ်ပြောတယ်
နိနိလေး..များများသောက်..အားမရှိမှာစိုးလို့
နုရေ..
တရုတ်ဆိုင်တွေမှာ ပြောဝယ်ကြည့်ပါနော်..
ရမှာပါ။ဆောင်းတွင်း မှာပြုပ်သောက်..
အရမ်းကောင်း...