ဆေးမင်ကြောင်






မြန်မာပြည်မှာနေတုန်းက ဆေးမင်ကြောင်ထိုးတဲ့ဆိုင်ကို ဘုရားပွဲတိုင်းလိုလိုမှာ
မြင်တွေ့နေကြပါ။။ ဆေးမင်ကြောင်ထိုးတဲ့သူကိုလည်း လိမ္မာတဲ့ သာမာန်လူတစ်ယောက်လို့
မသတ်မှတ်ခဲ့ပါဘူး ။ ကိုယ့်မောင်တစ်ယောက်က ငယ်ကတည်းက ဂျစ်ကန်ကန်နဲ့။
သူငယ်ငယ်ကတည်းက ဆေးမင်ကြောင်ထိုးထားပါတယ်။။ ဘယ်နေရာမှာ ဘယ်လိုပုံတွေ
ထိုးတယ်ဆိုတာတောင် သေချာမကြည့်မိပါဘူး။။ တစ်နေရာကိုတော့ သတိထားမိပါတယ်။။
သူ့လက်ချောင်းလေးတွေပေါ်မှာ OZZY တဲ့(OZZY OSBOURNE) ကိုအသိအမှတ်ပြုချင်
တယ် ထင်ပါ့။။ သေချာတာတစ်ခုက သူ ဘိုသီချင်းတွေ နားထောင်လေ့မရှိပါဘူး။။(ဟားဟ)



အခု နောက်ပိုင်း အိမ်ပြန်တော့ သူက သူ့Tattoo တွေကို ဖျက်ချင်ကြောင်း ငြီးငြူနေလေရဲ့။။
ဆယ်ကျော်သက်တုန်းက ဆုံးဖြတ်ချက်လေး မှားကြောင်း သူသိသွားတာပေါ့။။ နှောင်းနောင်တ။။


လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး Discovery channel က Miami ink ဆိုတဲ့ အစီအစဉ်လေး
လွှင့်ပါတယ်။။ မလွတ်တန်းလိုလို ကြည့်မိပါတယ်။။ အဲဒီမှာ ဆေးမင်ကြောင်ရဲ့ အနုပညာနောက်
မျှောပါလိုက်သွားမိပါတယ်။။ သူတို့ရဲ့ ခေါင်းဆောင် Ami ကိုလည်း သဘောကျတာပဲ။။
စကားသိပ်မများတဲ့ Chris Garver ကိုလည်း ကြိုက်တယ်။။ ကောင်မလေးတွေ ကြည်တဲ့
Nunez's ကိုလည်း ကိုယ်လည်း လိုက်ကြည်တာပဲ(ဟိ)။။ အမြင်ကပ်စရာကောင်းတဲ့
grilfriend ကို ပိုင်ဆိုင်တဲ့ Darren ကိုလည်း သနားတယ်။။ (အခုတော့ အဲ့ဒီကောင်မလေးနဲ့
လမ်းခွဲပြီး နောက်အသစ်တစ်ယောက် ရလို့ ကလေးတောင်မွေးပြီးနေပြီ။။)


ဆေးမင်ကြောင်ကို နဂိုအရောင်ကလွှဲလို့ ကာလာရောင်စုံတွေကို မဆွဲပေးပါဘူး ဆိုတဲ့
Kat ကိုအချစ်ဆုံး။။ အဲ့လို ခေါင်းမာတာ။။ သူလည်းအခု Ami နဲ့ မကြည်မလင်ဖြစ်ပြီး
LA ပြန်ပြီး LA ink ဆိုပြီး သွားဖွင့်လေရဲ့။။ ဆိုင်ရဲ့ တောက်တိုမယ်ရ ကောင်တာထိုင်
Yoju ။။ သူက ဂျပန်လူမျိုး ။။
ခုပြောတဲ့အဖွဲ့သားတွေက Miami ink စဖွင့်ဖွင့်ခြင်းမှာ ရှိတဲ့ အဖွဲ့သားတွေပါ။။
အခုတော့ အပြောင်းအလဲတွေရှိလာပါပြီ။။

ဒီအစီအစဉ်ကို အရူးအမူးကြည့်ရခြင်း အကျိုးရလဒ်ကတော့ ချန်းချန်းက သူကြီးလာရင်
ဆေးမင်ကြောင်ထိုးမယ်လို့ ကြွေးကြော်လာပါတယ်။။ အဲဒီအခါကျမှ ကိုယ့်မှာ လန့် ဖြန့်ပြီး
သူ့ကို ဖျောင်းဖျရတယ် ။။ မားက သဘောပဲကျတာ ကိုယ့်ကိုယ်ပေါ်မှာ တင်ထားဖို့
စိတ်ကူးတောင်မရှိဘူး .......သူ့ဦးလေးဆို အခု အရမ်းနောင်တရနေတာ.....ဘာညာနဲ့
အတင်းပြောယူရတယ်။။

ဟူးးး........


(မှတ်ချက်။။ အပေါ်က မိန်းကလေးပုံက Chris Garver ရဲ့လက်ရာ..
နောက်ပုံက ခေါင်းဆောင်ကြီး Ami)


6 comments:

အဲ..ပို ရှုပ်သွားပြီ။ :P

ချန်းချန်း??????? မား???????
ပို့စ်ထက် ပိုစိတ်ဝင်စားသွားပြီ....

သူများကတော့ ဆေးမင်ကြောင်ထိုးတာကို ကြောက်တယ်.. အသားနာမှာပိုကြောက်တယ်. တို့အကိုဝမ်းကွဲလည်း အဲဒီလိုပဲ.. လက်မောင်းရင်းမှာ နဂါးခွေနေတဲ့ပုံထိုးထားပြီး ပြန်ဖျက်ထားတော့ ဆေးထိုးထားတာ ဘယ်ဖျက်လို့ရတော့မလဲ.. လက်မှာ အနာဖြစ်တာပဲ အဖတ်တင်တယ်.. အခု သူ့လက်မှာဆို ဆေးကတ၀က် ဖျက်ထားတဲ့ ဒဏ်ရာက တ၀က်နဲ့.. အရုပ်သေးတော့ တော်သေးတယ်.. ကြည့်ရမဆိုးပေမယ့် အသည်းယားတယ်.. :(
ပေါက်က “မား”လို့ပြောတာလား.. ချန်းချန်းလည်း တရုတ်စကား ကောင်းကောင်းတတ်မှာပဲနော်.. ချန်းချန်းပုံတင်ပြီး မားမားပုံတင်နော်.. :D

ဆေးမင်ကြောင်ထိုးတာ ၀ါသနာပါတဲ့သူကလည်း ပါတယ်နော်။ အသားနာမှာကြောက်တယ်။ ချန်းချန်းကို မပြနဲ့ပေါက်။

မမွန်ရေ..
အဟီးး..ရှင်းရှင်းလေး..
တက်တူးကိုကြည့်ရတာသဘောကျတယ်..
ချန်း..သူကြီးလာရင်ထိုးမယ်ပြောတာ
ပေါက်ကလက်မခံနိုင်ဘူးလေ..
စန်ဒါလင်းးးးးးးးးးးးးးးးးး
တက်တူးကပိုစိတ်ဝင်စားဖို့ကောင်းတယ်..
နုရေ..
ပေါက်က မြန်မာတက်တူး..ဂျပန်တက်တူး
တရုတ်တက်တူးတွေမကြိုက်ဖူး..
လိပ်ပြာလေးတွေ..မိန်းမချောလေးတွေ..
သေနတ်နဲ့ နှင်းဆီပုံလေးတွေ...ဝေနေတဲ့
ပန်းလေးတွေ ။နတ်သမီးပုံလေးတွေ ကြိုက်တာ..
အရိုးခေါင်းကိုလည်း..သိပ်ခံစားလို့မရဘူး..
ပုံတူတွေလည်း သဘောကျတာပဲ..
Kat ကပုံတူဆွဲတာ အသေမိုက်တယ်။။
နိနိရေ...
အခုမပြတော့ပါဘူး..ဟီးး

ပေါက်ရေ..လှတာတော့ တော်တော်လှတယ်နော်.. ဒါပေမယ့် အသားတော်တော်နာမယ်ထင်ရဲ.။ စတစ်ကာ ကပ်တာပဲ ကောင်းမယ်ထင်တယ်.. :)