ပဲလမုန့်



တစ်ရက်က ဆရာမဆောင်းက ပဲလမုန့်မှာထည့်တဲ့အစာ
ဘယ်လိုလုပ်လဲ မေးလာပါတယ်။။ အမှန်ဝန်ခံရရင် ပဲလမုန့်။
ပဲပေါက်စီ တို့မှာထည့်ရတဲ့ ပဲယို(豆沙) ကို ငယ်ကတည်းက မကြိုက်ပါဘူး။။
အဲဒီ ပဲယိုကို ပဲအနီရောင်(မြန်မာလိုမခေါ်တတ်ပါ။ ပဲနီလေးမဟုတ်ဖူးနော်)
ရေစိမ် ။ပြီးရင် နှူးနေအောင်ပြုပ်ပြီး ကြံသကာ ။ဆီတို့နဲ့ ညက်နေအောင်
ကျိုရပါတယ်။ အဖိုးတို့ အမေတို့ကတော့ ဒီပဲယိုကို တစ်နှစ်စာ အမြဲကျိုထားပါတယ်။။
ပေါက်စီလုပ်တဲ့အခါမှာဖြစ်ဖြစ် ။ ထန်းရွမ်( 湯圓 )=တရုတ်မုန့်လုံးရေပေါ် လုပ်စားချိန်
မှာ ဖြစ်ဖြစ် ထည့်သုံးဖို့ရာ ဖြစ်ပါတယ်။။ တခြားမုန့်တွေရှိဦးမှာပါ။။ ကျနော်က
ပဲယိုပါရင် မကြိုတ်တတ်တော့ မမှတ်မိတော့ဘူး။ အိမ်မှာ ပဲလမုန့်တော့ လုပ်မစားဘူး။
အမေတို့က ၀ယ်စားပါတယ် ။

ဒီမှာတော့ အဲ့ဒီပဲယိုကို သူများကျိုပြီးသား ready made တွေရောင်းပါတယ်။။
ဒီနေ့...
အသိအန်တီကြီးတစ်ယောက်က သူကိုယ်တိုင်လုပ်တဲ့ ပဲလမုန့်ကို လက်ဆောင်ပေး
ပါတယ်။။ လက်ထဲရောက်ရောက်ချင်းပဲ ဆောင်း ကိုသတိရမိပါတယ်။။ သူလုပ်ထားတဲ့
ပဲယိုက ရိုးရိုးပဲယိုမဟုတ်ဖူး ။ ရှယ်လုပ်ထားတာ ။ သစ်ကြားသီး ။ဖယုံစေ့ ။နေကြာစေ့
နောက်ပြီး ပဲယိုက အချိုပေါ့တော့ စားလို့ကောင်းတယ်။ မအီဘူးပေါ့။။
ကဲ..
ပဲလမုန့် နဲ့ အခါးရည်လေး သုံးဆောင်ကြပါနော်။။


9 comments:

စားသွားသည်. အားလူံးကြိုက်ပါသည်။

အစုံစားသည်...
း)
မကျွေးလည်းစားမှာပဲ

အမ ပဲမုန့် က အ၀ါရောင် ညီမရေ အနီရောင် ပဲပင်ပေါက် ပဲ မဟုတ်ဘူး။ ပြီးတော့ လုပ်နည်း မေးတာ သိရင် ပြောပြနော်

လုပ်နည်းလေး မျှပါ ညီမရေ

မုန့်တွေ တမျိုးပီးတမျိုးလုပ်နေတယ် မအားတာနဲ့ ကော်မန့်မပေးခဲ့တာပါ
တိတ်တိတ်လေးတာစားသွားတယ်နော်..

ဗယာကြော် အရမ်းကြိုက်တာ.ဒီပို့စ် မှာပဲ ကပ်ပြောသွားတယ်လို့ မှတ်နော်

ရှက်လို့တိတ်တိတ်လေး လာစားတဲ့သူရှိတယ်ဆိုတာလဲ မှတ်ထားနော်..

ပေါက်ရေ...
အရမ်းကြိုက်တာ...ပဲလမုန့်ကို....

စားသွားတယ်။ sg မှာတော့ လမုန့်လို မုန့်တစ်မျိုးရှိတယ်။ နာမည်က wife biscuit ... တဲ့

မမကေအိုအမ်အရင်ဆုံးစားရမှာပေါ့...
ကိုနိ..စားသာစား..အားမနာနဲ့..နိနိလေးနေမကောင်းဘူးလား
ဆောင်းရေ..ဆောင်းပြောတဲ့မုန့်ဓါတ်ပုံရိုက်ပြပါ..
မုန့်အမျိုးအစားတွေကများလွန်းတော့..မသိလို့
မြတ်နိုးရေ..ပေါက်လုပ်တာမဟုတ်ရပါဘူး..
သူများကျွေးတာပါ..
စန်ဒါလင်းသယ်ရင်း..နေ့တိုင်းလာစား..
မချို(ပန်းခရမ်းပြာ)ရေ wife biscuit
ဆိုတာ (老 婆 餅 = လောင် ဖော ပင်) လို့ခေါ်
ပါတယ်..
လမုန့်နဲ့ ဆင်တယ်..သူ့အတွင်းကအစာက
စေးကပ်ကပ်နဲ့.. ပဲယိုမပါဘူး။။
လာလည်တာကျေးဇူးပါ။။

ပဲလမုန့်ထဲ ထည့်တဲ့ပဲ ကို မသိဘူး တဲ့ ပဲ ရေ လာဆူပါဦး နောက် တခေါက်လောက် .. ပေါက်ကြီး တခု မြည်းသွားတယ် . ပဲ က အရမ်းချိုနေသလားလို့.
ဟီးဟီး