ကွမ်းယာယဉ်ကျေးမှု








ကျနော် ကွမ်းယာမစားတတ်ပါဘူး။။
မြန်မာက ကွမ်းယာဓလေ့နဲ့ ရင်းနှီးနေပါတယ်။။ တစ်ချို့အိမ်တွေမှာ ကွမ်းအစ်နဲ့ ဧည့်ခံတာ
ကြုံဖူးပါတယ်။။ မွေးရပ်မြေမှာ ကွမ်းယာဆိုင်က စကားလုံးတွေနဲ့ ရင်းနှီးပါတယ်။။
အချို ။ဗမာဆေးနဲ့ ။ အိန္ဒိယဆေး ။ဖာလာစေ့နဲ့.....ဘာညာပေါ့...သေချာသိတာတော့မဟုတ်ပါဘူး။။
ကြားဖူးသလောက်ပေါ့....။။(မြန်မာက ကွမ်းယာဆိုင်လေးတွေကို လွမ်းလိုက်တာ)
ဒီနိုင်ငံရောက်စက ဒီဆိုင်လေးတွေကို ရဲရဲမကြည့်ရဲဘူး။။ နောက်တော့လည်း အသားကျသွားပါပြီ။။
ဒီလို ကွမ်းယာဆိုင်လေးတွေမှာ လုပ်တဲ့ မိန်းကလေးတွေကို နှမျှောတယ်။။
ဒီက ကွမ်းယာဆိုင်ဓလေ့ တဲ့.....ကြည့်ကြပါဦး....
မနေ့ညက ဘလော့ဂွ အမျိုးတစ်ယောက်ကို ဒီပုံတွေတင်မယ်ပြောထားတာ..
အခုတင်ဖြစ်သွားပြီ....အမှန်က ကိုယ်ကိုယ်တိုင်သွားရိုက်ခဲ့မလို့...မိုးတွေရွာနေတာနဲ့ မသွား
ဖြစ်တော့ဘူး။ ကိုယ်တိုင် သွားရိုက်ဖြစ်ခဲ့ရင်လည်း ဒီလောက် အလှပဂေးတွေ ရိုက်လာဖြစ်မှာမဟုတ်ဖူး။။
ကျနော်က အဖြစ်မရှိဘူးလေ..။။

မှတ်ချက်။။ ။။ ဒါတောင်ဆင်ဆာဖြတ်ပြီးမှ တင်ထားတာ....မဟုတ်ရင် နှာခေါင်းသွေးတွေ
ယိုကုန်မှာ စိုးပါတယ်။။

21 comments:

hote kae d hmar lae a lo per pal . dar ma young kg mal lot htin ter ko . hal hal dar pay mae thu toe lay twe ka hla kyater ko . :)

ကွမ်းယာလား ဘီယာဆိုင်လား။ အံသြဘနန်း။

အဲဒါ ယိုးဒယားမှာလား...
စိတ်တွေတောင် ညစ်မိပါရဲ့ နော်...

ဟိုက် ရှာလဘတ်ရည် ဘီလိုကြီးတွေတုန်း ပေါက်ရ

ဟင် တော်ပြီး ကွမ်းမစားတော့ပါဘူး .. ဟားဟား

တာတာရေ..
သူတို့ရောင်းကောင်းသလားမမေးနဲ့
လက်ကိုမလည်ဘူး..
မမရေ ကွမ်းယာဆိုင်စစ်စစ်လေးပါ..
မသက်ဝေရေ..ထိုင်ဝမ်မှာပါ
စိတ်တော့ညစ်တယ်ဒါမယ့်..နေ့စဉ်မတွေ့ရပါဘူး
ကိုယ်သွားလာလှုပ်ရှားတဲ့လမ်းကြောင်းတွေမှာမရှိတတ်ပါဘူး
အဝေးပြေးလမ်းမနားတွေလောက်မှာပိုများပါတယ်
နိနိရေ..တွေ့ဖူးအောင်တင်တာ..နောက်သိပ်မကောင်းတဲ့ပုံ
ဖြုတ်ပလိုက်မယ်..
ကဖြိုး...
ငါ့သူငယ်ချင်းတော့ ခက်ပြီ..
ကွမ်းတောင် မစားတော့ဘူး..ဆိုပဲ...

ဟယ်..ပလုတ်တုတ်...
ကွမ်းယာရောင်းတဲ့သူတွေက..ရှယ်ပါလား။

အဲဒါကွမ်းယာဆိုင်..??????
ဒါဆိုရောင်းနေတာက မြန်မာမလေးတွေလား ဟင်....

မြင်ရတာ စိတ်မသက်သာပါလားနော်။

ပေါက်ရေ..ကွမ်းယာဆိုင်လေးတွေက တမျိုးလေးတွေနော်.. ကောင်မလေးတွေကလည်း ငယ်ငယ်ချောချောလေးတွေ.. သူ့အရပ်နဲ့ သူ့ဇာတ်နဲ့တော့ ဟုတ်နေတာပဲနော်.. စစချင်းပုံမှာလေ ကောင်မလေးကိုင်နေတဲ့ အလုံးလေးတွေက မရမ်းသီးတွေနဲ့ဆင်သလိုပဲ.. ကိုယ်စားချင်တာပဲ ကိုယ်မြင်နေတော့တယ်.. ခက်တော့နေပြီ.. :D

အဲဒါ ကွမ်းယာဆိုင်လား... ပုံကြည့် စာဖတ်ပြီးလည်း နားမလည်တာနဲ. ကွန်မက်တွေ ၀င်ဖတ်ကြည့်တော့မှ.. တကယ့် ကွမ်းယာဆိုင်ပါလား။ မြန်မာကွမ်းယာနဲ့ ဆင်သလားဟင်..။ မမြင်ဖူး မကြားဖူးသေးတာတွေ သိမြင်ရလို့ ကျေးဇူးပဲ ပေါက်ရေ..

ကောင်မလေးတွေ ကို ၂ ခါပြန်ကြည့်သွားတယ။်

မမွန်ရေ..
ကွမ်းယာစားချင်သွားလို့လား..
စန်ဒါလင်းရေ..
မြန်မာမလေးတွေမဟုတ်ရပါဘူး..
ထိုင်ဝမ်မလေးတွေပါ..
လင်းလက်လေးး..
လာလည်တယ်လား..မြင်ရတာ စိတ်တော့မသက်သာဘူးပေါ့..
ဒီနိုင်ငံရဲ့ ကွမ်းယာဆိုင်ဓလေ့လေးတွေကို
ဘလော့အမျိုးတွေကို သိစေချင်ယုံပါ..
ယုန်လေးနဲ့ရော တွေ့ဖြစ်လား..လင်းလက်လေးရေ.
နုရေ..
ကောင်မလေးကိုင်ထားတာ..ဒီနိုင်ငံရဲ့ ကွမ်းသီးလုံးလေး...အသီးလေးကို..ဓါးနဲ့ခွဲပြီး
ဘာလဲမသိထည့်ထားတာ..အဲ့ဒါကိုဝါးတာ..
မြန်မာမှာလို..ကွမ်းရွက်နဲ့လည်းရှိတယ်..
မသိဂီ င်္ရေ..
များသောအားဖြင့်..
မြန်မာကွမ်းယာနဲ့မဆင်ပါဘူး..
ဆင်တာလည်းရှိပါတယ်...
ပုံတွေကို ဆင်ဆာဖြတ်တင်ထားလို့..
မဟုတ်...တော်တော်ဆိုးရွားတယ်
မကေအိုအမ် လာရင် လိုက်ပြမယ်..

http://nayphonelatt.blogspot.com/
http://nyinyithanlwin.blogspot.com/
ဒီမှာဖတ်ပါ။ ဒေါ်ပေါက်တို့များ တယ်ခေတ်နောက်ကျ။
:P

ဟိ..မမွန်..
အစကတည်းက ဘလော့တွေသိပ်မသိပါဘူးဆို..
မချိုသင်းဘလော့ရေးတာတစ်လလောက်နေမှ
စဖတ်ဖြစ်တာ..ဘလော့တွေကို..
အဲ့ကနေမှ မကေအိုအမ်တို့ နုတို့ နိနိတို့ကို..သတိထားမိပြီး
ဘလော့ရောဂါထလာတာပါဆို...
ဟီးဟိ
စကားမစပ်..ဒီဘလော့ကြောင့်ပဲ..နိုင်းနဒီဘလော့မှာ
မဟနကိုပြန်တွေ့ရတာ..(မတွေ့တော့တာ မြန်မာချက် ပျက်ကတည်းကပဲ..)
ကျေးဇူး မမွန်ရေး...

ပေါက်ရေ… ဒီက ပင်နင်ဆိုးလားက မြန်မာကွမ်းယာဆိုင်တွေ တွေ့ သွားပြီး အလှပဂေးတွေနဲ့  ပရိုမိုးရှင်းလုပ်နေမှ ဒုက္ခနော်… ကြည့်ရတာ အဲဒီကလူတွေ ကွမ်းယာအဓိက မဟုတ်ဘူးထင်တယ်… မြန်မာပြည်မှာဆို ကွမ်းသွားတွေ နီရဲနေတဲ့ အတွေ့ အကြုံရှိတဲ့ ကွမ်းယာရောင်းတဲ့သူကြီးတွေ ဆိုင်ကမှ ပိုစည်ကားတာလေ….

ဟင် ကွမ်းယာလေးတွေက ချစ်စရာလေးတွေပါလား ကွမ်းမစားတတ်လို့ပေါ့ ကွာ နို့မို့လို့ကတော့ :P

သူတို့က အဲဒီလိုကြီး တကယ် ကွမ်းယာ ရောင်းကြတာလား။
မြတ်စွာဘုရား..

မပေါက်ရေ .. ယုန်လေးအကြောင်းကတော့ စံတင်လောက်ပါတယ်။ သူ့အကြောင်း စိတ်နာနာနဲ့ နောက်မှ ပို့စ်တစ်ခုရေးဦးမယ်။ အတိုချုံးပြောရရင်တော့ ရန်ကုန်အပြီးပြန်သွားတယ် ။ မပြန်ခင် အိမ်ပေါ်ခေါ်တင်ထားလိုက်တယ်။ လိုသမျှ ပိုက်ဆံ အလကားထုတ်ပေးကူညီခဲ့တယ်။ သူ ပြန်သွားပြီး ပြန်လာဖို့ နေစရာမရှိတော့လည်း ညီမပဲ ကူညီပေးခဲ့တယ်။ အဆင်မပြေဘဲ ပြန်သွားတယ်။ သူ ပြန်လာဖို့ အိတ်စိုက်ထုတ်ပြီး အကုန်ကြိုးစားကူညီပေးနေခဲ့တယ်။ အခု ညီမ မင်္ဂလာဆောင်ဖို့ စီစဉ်နေတော့ သူ့ အကူညီလိုလာတယ်။ မြန်မာပိုးချိတ်ထည် ကောင်းကောင်းလိုချင်တာနဲ့ ထိုင်မသိမ်းကို ဒီမှာချုပ်ဖို့ သူ့ကို အထည်တွေနဲ့ မြန်မာဖိနပ်လှလှလေး တိုင်းချုပ်ဖို့ မှာလိုက်တယ်။ သူက အကုန်ကူညီတယ်ဆိုပြီး လာပြောတော့ သူငယ်ချင်းကို ယုံကြည်ပြီး ငွေ၅သိန်းခွဲ လွှဲပေးလိုက်တယ်။ ငွေယူပြီး အထည်တွေကိစ္စကို နေ့ရွှေ့ ညရွှေ့နဲ့ အမျိုးမျိုးလုပ်ပြီး နောက်တော့ အိမ်မှာတောင် မနေတော့ဘဲ ပျောက်သွားတယ်။ ဖုန်းအကြိမ်ကြိမ်ဆက်ပြီး မေးမှ အကြောင်းစုံကိုသိရတယ်။ သူ့အဘွားတွေကတော့ စိတ်ညစ်ခြင်းများစွာနဲ့ ညီမကို လှမ်းတောင်းပန်တယ်။ သူတို့လည်း မနိုင်တော့ဘူးတဲ့။ အဖြစ်အပျက်က ယုံကြည်မှု ၊ ခင်မင်မှုတွေအားလုံးကို မဖြစ်စလောက် ငွေကလေးနဲ့ အလွဲသုံးစားလုပ်ခံလိုက်ရတယ်။ အခု စိတ်နာနာနဲ့ သူငယ်ချင်းစာရင်းထဲက ထုတ်ထားလိုက်ပြီ။

မတန်ခူးပြောတာမှန်ပါတယ်..
ကွမ်းယာလည်းရောင်း..ဘာလည်းရောင်း..ပေါ့
မြန်မာက တစ်ချို့သောဘီယာဆိုင်တွေလိုပေါ့
ကျနော်တော့မသွားဘူးလို့ သေချာမသိပါဘူး
ကိုလင်းထက်..ကွမ်းမစားတာ..နာတာပဲ..
မချိုသင်းရေ..အခုတော့..ဘုရားတနေရပြီပေါ့
အဲဒါတွေက တကယ် အမှန်တွေ အဖြစ်မှန်တွေပါ...
လင်းလက်လေးရေ..
အရင်က သူနဲ့ လင်းလက်နဲ့ တခန်းထည်းနေ..
တစ်စက်တည်းသုံး...ညီအစ်မ အရင်းလောက်နေခဲ့ကြတော့..
အမ အနေနဲ့ အခုလို အဖြစ်မျိုးကြားရတာ..
စိတ်မကောင်းစရာပါပဲ...
လူ့စိတ်ကပြောရခက်ပါတယ်...အကျင့်..စရိုက်
လည်းပါတာပေါ့နော်..
သူ့အကျင့်ကို ကိုယ်စောစောသိလိုက်ရတယ်လို့ပဲ
သဘောထားလိုက်ပါ...
အမလည်းဘယ်လိုနှစ်သိမ့်ရမှန်းမသိဘူး..
မင်္ဂလာပွဲအဆင်ပြေပြေဆောင်ရွက်နိုင်ပါစေ..နော်

ပေါက်...အဲဒီကွမ်းယာ ဆိုင် ကို ငါ တေချာ နားမရှင်းဘူး...ဂျီးတော်နဲ့ရှင်းပြ..ဟီး
ဇင်ကိုလွင်...။