ဘယာကြော်...........တဲ့ဗျိုးး


ကုလားပဲခြမ်းကို ရေ ၅နာရီ ၆နာရီ ခန့်စိမ်ထားပါ။။ ထို့နောက် ရေစစ်ပြီး
ကြိတ်စက်ဖြင့် ကြိတ်ပါ။။ ကြက်သွန်ဖြူ ဂျင်းအနည်းငယ်ခန့်လည်း ကြိတ်ပါ။
မများစေပါနှင့် ။များပါက ကြော်သောအခါ မဲ၍ခါးတတ်ပါသည်။။ ဆား ဟင်းချိုမှုန့်
ကြက်သွန်ဖြူ ဂျင်းတို့အား ကြိတ်ပြီးသားပဲတွင် သမအောင်နယ်ပါ။။ ထို့နောက်
ဆူပူတွင်( ကဖြိုးက ဒီအတိုင်းရေးထားတာ ကျွန်တော့်အထင်တော့ ဆီပူထင်တာပဲ..ဟီး)
ဘယာကြော်အတိုင်း လုံးပြားလေးများ ပြုလုပ်ကြော်စားပါ။။ ဘယာကြော်စစ်စစ်လေးဟု
မိမိကိုယ်ကို လိမ်လည်စားသုံးနိုင်ပါပြီ။။


ကိုဖြိုးမေးပို့ပေးတာကို ပြန်ရေးပေးတာပါ။။
ကျွန်တော်ကတော့ မစမ်းရသေးပါဘူး။။ နောက်ပြီး မတ်ပဲကြော်(ဗမာဘယာကြော်)
စားချင်တယ်။။ မတ်ပဲဆိုတာ ဘယ်လိုပဲမျိုးလဲ မသိ။ ပဲပြုပ်ပြုပ်တဲ့ပဲက
စားတော်ပဲမှန်းတော့သိပါတယ်။။


ဟိုတလောက အကြော်ဝယ်စားထားတဲ့ပုံလေး ပြန်တင်ပေးလိုက်တာ။။





13 comments:

ကျေးဇူးပဲဗျို့။ ဒီကိုဖြိုးက တယ်တော်တာပဲ။

လုပ်တတ်သူတွေ လုပ်စားကြပါစေ..
တို့လို ငေးတတ်တဲ့ သူတွေလည်း ငေးပြီး သွားရည်ကျရတာပေါ့ ပေါက်ရယ်

မွန်ရေ..
ကဖြိုးက ပေါက်တပည့်လေ..
ဒီလောက်တော့ရှိမှာပေါ့..
ဒီလိုအသေးအဖွဲဆို သူနဲ့ဆိုရပြီ..
အကြီးအမားတွေ(ကြကဥပြုပ် ကြ်ဥကြော်)ဆို
ကိုယ်တိုင်ချက်ပြမယ်နော်..ဟီးး
ကိုနိရေ...
မလုပ်တတ်တာမဟုတ်ရပေါင်...
မလုပ်ချင်တာပါ..ဘယာကြော်လောက်တော့ ပျင်းတောင်ပျင်းသေးးးး
(ငါ ကွ...)

ကိုဖြိုးက သူ့လက်ကို မလှတော့ ဒီတခါ ဗယာကြော် လုပ်နည်းပုံ မထည့်ပေးတာ ပဲ ဖြစ်ရမယ် ပေါက်ရေ... အလကား အလကား တမင်တကာ စတာပါနော်.. :D

ဗယာကြော်ဆိုရင် ရယ်ဒီမိတ်ထုပ်ပဲ လုပ်စားဖြစ်တာ များတယ်.. စားလို့ မကောင်းဘူး.. ဗယာကြော်မစားခင် ကုလားပဲ ကြိတ်ဖို့ ကြိတ်စက်အရင်ဝယ်ရဦးမယ်... ဟင်း.. (သက်ပြင်းချသံ.. :D)

ရပ်ဆွေရပ်မျိုးပို့စ်လည်းဖတ်သွားတယ်ပေါက်ရေ.. ပေါက်နဲ့ Blogger သွေးသောက်ညီအမ ဖွဲ့ထားလိုက်တယ်.... အဟီး... မေမြို့လာလည်ရင် ပေါက်တို့ အိမ်မှာ တည်းလို့ရအောင်... :P

ခရီးထွက်ခါနီးလေး ဘယာကြော် မြန်မြန် ကောက်တီး သွားတာ။
ပေါက်လုပ်တာလဲ မဟုတ်ပါလား..
ကိုဖြိုးလုပ်ထားတဲ့ပုံလဲ မဟုတ်..
ဆိုင်က ဟာ ပြန်တင်ထားတာဆိုပဲ၊
ရက်ကြာနေပြီဆိုတော့ ခုလောက်ဆို သိုး ပြီပေါ့..
အမြန်ပြန်လစ်မှ..။

ပေါက်....
ဗြူးတီး ခေါင်းလျှော်ရေ...အဲ....ဘယာကြော်က
ကျနော်အကြိုက်ဆုံးပါဘဲ ခင်ဗျားးးးး။

အထင်ကြီး မိတာ မှားပါတယ်ဗျာ။သူကြော်တာများလားလို့။...:P

မတ်ပဲတောင်မသိဘူး။ အမေသိရင် ရိုက်တော့မှာဘဲ။
ပဲနီလေးအရွယ် ပဲခြမ်းလေးတွေ ဒါပေမယ့် အခွံက မည်းမည်းအရောင်။ ရေတစ်ည အရင်စိမ်ရတယ်။ နောက်တစ်နေ့ကျရင် လက်နဲ့နာနာပွတ်ပြီး အခွံတွေ ပြောင်အောင်ဆေးရတယ်။ ပြီးခါနီးပြီဆိုရင် အခွံအကုန်ပြောင်သွားအောင် ရေနည်းနည်းနဲ့ ကျင်ပေးရတယ်။ ပြီးရင် ကြိတ်စက်နဲ့ကြိတ်ပြီး ၁နာရီလောက် နပ်ထားရတယ်။ ဆော်ဒါတို့ ဆားတို့ ဖီးကြမ်းအမှည့်ဖြစ်ဖြစ်၊ ခရမ်းချဉ်သီးဖြစ်ဖြစ်တို့ကို ချေပြီး တခါတည်း နယ်ထားရတယ်။ ၁နာရီလောက်နပ်ပြီးမှ ကြော်ရတယ်တဲ့။ အမေပြောတာဘဲ။ မယုံရင် မေးကြည့်။

ပေါက်ရေ ပဲတွေကို နံမည်နဲ့တကွမသိတာ မဆန်းဘူး ဘာမှ အားမငယ်နဲ့နော်။ မမဓါတ်ပုံရိုက်ပို့ပေးမယ် ဟုတ်လား။ ဒါနဲ့ တရုပ်ပဲမုန့် အချို၊ အငံမုန့် လေးထဲ ထည့်သုံးတဲ့ ပဲကိုရော သိလားဟင်..

ကုလားပဲကို ကြိတ်ရင် သိပ် မကြေစေနဲ့ အမကတော့ ပဲတ၀က်ကို ကြိတ်, ပဲတ၀က် ချန်ပြီး နောက်မှရောတယ် ဒါမှ ပဲလုံးတွေလည်း ရတယ်။ ထောင်းရတာ ဆိုရင် ပဲသိပ်မကြေအောင် လက်ဆမှန်းထောင်း လို့ရတယ် ။ အားလုံးကို အကုန်ရော ကြိတ်ရင် သိပ်ကြေရင် စားလို့ သိပ်မမိုက်ဘူးဒါ့ကြောင့် ပဲအလုံးလိုက်ကို တ၀က်မဟုတ်တောင် နဲနဲ ချန်ပြီးမှ ရောတယ်

ဒါနဲ့ ညီမရေ မတ်ပဲကို ရှာရင် (ယူကေမှာတော့ ) အခွံချွတ်ပြီးသားဘဲ ရောင်းတာ များတယ်။ အခွံနဲ့ မတ်ပဲကို ရှာလို့ မရဘူး။ ကုလားဆိုင်တွေမှာ အခွံခွာပြီးသား ဖြူဖြူ တ၀က်ခြမ်းလေးတွေ urah် or Urih ဆိုလားဘဲ ကုလားဆိုင်တွေမှာ မေးကြည့် နော်

မတ်ပဲဆိုတာ ချွဲချွဲလေး ပေါက်ရေ။
လာလာလည်တာကျေးဇူးနော့။ တို့ သွားခဲ့တာက မေမြို့ မရောက်ခင်ရွာလေးမှာပါ။
ပုံကြည့်ပြီးဗိုက်ဆာလိုက်တာ။ မိုးကလည်း မလင်းသေးတော့ ဘာဆိုင်မှရှိမှာမဟုတ်။ လင်း
လင်းချင်း ပြေးဝယ်စားတော့မယ်။ ဂြီ(ဗိုက္ထဲက ျမည္သံ)

စားသွားပါတယ်

နု...မချိုသင်း...ကိုသစ်နက်..
မမကေအိုအမ်..မပဲ(မတ်ပဲ မဟုတ်ဖူး)
ဆောင်း..မယု...စန်ဒါလင်း...
စားချင်တာစား...ကြိုက်သလောက်စားပါ...
မတ်ပဲဆိုတာမသိလို့ ဆူချင်တဲ့သူလည်းဆူပေါ့..
အဟီးး...ဆောင်းရေ..စိတ်မကောင်းမဖြစ်ပါနဲ့..
ပေါက်တို့က..ဒီလောက်တော့..အေးဆေး..